11 Ro💛

203 31 2
                                    

''ဘယ်လို ဘယ်လိုခေါ်လိုက်တယ်မမ

''မကောင်းဘူးမလား ထင်တော့ထင်ပါတယ် အခြားဟာထပ်ခေါ်ကြည့်မယ်လေနော်

''နေပါအုံးမမရဲ့ ဘယ်သူကမကြိုက်ဘူးလို့ပြောနေလို့လဲ ကြိုက်တယ်လို့

''ကြိုက်တာလား

''အင်းလေ

''ဟုတ်လို့လား မကြိုက်ပဲစိတ်ချမ်းသာအောင်ညာပြောမနေနဲ့နော်

''ဟုတ်တာပေါ့လို့ တစ်ကယ်ကြိုက်တယ်မမရ ပြန်ခေါ်ပါအုံး

''မောင်လို့...

ခေါ်ပြီးသူ့ဘာသာတဟိဟိနဲ့ရယ်နေတဲ့မမက အသဲယားစရာကောင်းလွန်းတာမို့ တစ်ကိုယ်လုံးကိုသိမ်းကျုံးကာ အတင်းပင်ရင်ခွင်ထဲဆွဲဖက်ထားလိုက်၏။

''ချစ်လိုက်တာမမရယ် နောက်အဲ့လိုပဲခေါ်ရမယ်နော်

''အွန်း.... ဟယ် ရဘူးလေ

''ဘာမရတာလဲမမရဲ့

''မေမေတို့ရှေ့မှာရောခေါ်ရမှာလား

''မဟုတ်ဘူးလေ နှစ်ယောက်ထဲရှိတဲ့အချိန်ခေါ်ဖို့ပြောတာပါမမရဲ့

''ဟီးဟီး အဲ့လိုလား ခေါ်ရမှာနည်းနည်းတော့ရှက်တယ်

''ရှက်ပါနဲ့နော် ဘာလို့ရှက်နေရတာလဲအသဲအသက်လေးရဲ့

''အယ် ဘယ်လိုတွေလာခေါ်နေတာလဲနော်

ရင်ခွင်ထဲကမမသည်လက်သီးလေးများဖြင့် ဖွဖွထုပြန်၏။ ရှက်၍သွားလို့ဖြစ်မည်။

''မမကိုကလေ.... ကလေးလို့ခေါ်မယ်

''ဟင် ဘယ်လိုကြီးလဲ မမကကြီးတာလေကွာ

''ဟုတ်တယ်လေ ကြီးပေမယ့်လို့မောင့်မျက်လုံးထဲမှာတော့ ကလေးလေးလိုပဲ အမလေးမောင်လို့သုံးရတာအသဲယားလိုက်တာ

သူမကသဘောတွေကျပြန်ကာ ရယ်နေပြန်၏။

''တိုးတိုးရယ်နော် မေမေတို့ကြားသွားလို့အဆူခံနေရမယ်

''ဟီး.... မောင့်

''ဗျာ

''ဟိဟိ

ဟော..ရယ်နေပြန်ပါပြီ။ သူမလေးအတွက် အရမ်းတွေသဘောကျစရာကောင်းနေသလားပင်မသိ။

''ပိုးသားလို...အချစ်''(completed)Where stories live. Discover now