အပိုင်း ၁

4.9K 274 4
                                    

Unicode

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၁

"ဟင့်အင်း ပျင်းစရာကောင်းတယ်"

ရန်ချန်းက ကတ်ပြားတွေကို စားပွဲပေါ် ပစ်ချလိုက်ပြီး ဝိုင်ခွက်ကို မြှောက်လိုက်ကာ ဆိုဖာနောက်ဘက်ဆီ ပျင်းရိစွာ မှီလိုက်သည်။

ဆောင်းရာသီ နီးလာပြီဖြစ်သည်။ ညသန်းခေါင်မှာ အေးစက်တဲ့လေက အဆက်မပြတ် တိုက်ခတ်နေပြီး လမ်းမီးရောင်အောက်မှာ သစ်ပင်တွေရဲ့ အရိပ်တွေက လူတွေကို တုန်လှုပ်စေသည်။ တစ်မြို့လုံးက ဤအုံ့မှိုင်းတဲ့ ရာသီဥတုတွင် နှစ်မြုပ်နေခဲ့သည်။ တစ်ရက်တာ အလုပ်ပြီးတာနဲ့ စျေးဝယ်စင်တာတွေ ပိတ်ထားရပြီး ရုံးအဆောက် အအုံတော်တော်များများလည်း မီးပိတ်နေပြီဖြစ်သည်။

ဤအချိန်တွင်၊ ဂီတ၊ တပ်မက်မှုနှင့် အလှလေးတွေ ရောနှောနေသည့် နေရာတစ်ခု ပေါ်ထွက်လာသည်။ ယောက်ျားများ၏ လောကီဆန္ဒတွေက ဤနေရာတွင် တိတ်တဆိတ် ပျံ့နှံ့လာသည်။

မြို့လယ်တွင် ၁၄၀၁ အာ့ကွမ်းလို့ခေါ်သည့် ဘားတစ်ခုရှိသည်။

နာမည်က ယေဘူယျအားဖြင့် ဆွဲဆောင်မှုမရှိဘူးလို့ ထင်ရသည်။

ဒါပေမယ့် ဝင်ခွင့်ပြုခံထားရသော ဖောက်သည်အများစုမှာ ချမ်းသာကြွယ်ဝသူများဖြစ်သည်။

အာ့ကွမ်းက လူချမ်းသာများ သီးသန့်ပိုင်ဆိုင်သည့် သေးငယ်ပြီး သာယာလှပတဲ့ ကမ္ဘာတစ်ခုလို့ ကောလဟာလများ ထွက်ပေါ်နေခဲ့သည်။

သားကောင်ဖြစ်စေ၊ မုဆိုးဖြစ်စေ သို့မဟုတ် မှားယွင်းသော အချစ်ဇာတ်လမ်းကို ရှာဖွေသည်ဖြစ်စေ ဤနေရာက ကာမဂုဏ်နှင့် အယူဝါဒ စွဲလမ်းသော လူချမ်းသာများအတွက် စစ်မှန်သော အမဲလိုက်ရာနေရာဖြစ်သည်။

ဘားအတွင်းတွင် အခိုးအငွေ့မျိုးစုံနှင့် အရောင်များ ရောထွေးနေခဲ့သည်။

နားအူမတက် ဆူညံနေသည့် တေးဂီတသံကို တီးခတ်နေချိန် လူတွေက သူတို့ရဲ့ ခန္ဓာကိုယ်ကို အက ကြမ်းပြင်ပေါ် စည်းချက်ညီညီ လှုပ်ခတ်နေကြသည်။

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now