အပိုင်း ၃၀

626 73 0
                                    

Unicode

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၃၀
 

သူ ထိုသို့ပြောပြီးနောက် အနည်းဆုံး ငါးစက္ကန့်ကြာထိ တိတ်ဆိတ်သွားခဲ့သည်။

 အကြာကြီးစောင့်ဆိုင်းရခြင်းက သခင်လေး ရန်ကို စိတ်ပျော်ရွှင်စေခြင်း မရှိခဲ့ပေ။ "မင်း တုံ့ဆိုင်းနေတာလား" သူ့မေးခွန်းကို ခြိမ်းခြောက်တဲ့လေသံနဲ့ မေးခဲ့သည်။

“မဟုတ်ဘူး” ချန်ကျင်းယောင်က မျက်မှောင်ကြုတ်လိုက်သည်။ သူမ မတွေးဘဲနဲ့ ပြန်ဖြေခဲ့သည်။ “ကျွန်မ သဘောတူတယ်။ ဒါပေမယ့် အဲဒီ့မတိုင်ခင် ကျွန်မမှာ အခြေအနေတစ်ခုရှိတယ်” 

သူမက သူမရဲ့ လျှို့ဝှက်နံပါတ်ကို ပြောပြလိုက်ပြီး ရန်ချန်းက သူ့စိတ်တိုင်းကျ ဖုန်းကို လော့ခ်ဖွင့်နိုင်ခဲ့သည်။ ထို့နောက် သူ ဟော်ချီတုန်းကို အမြန် blockလိုက်သည်။ သူနဲ့ ချန်ကျင်းယောင်တို့က တူညီတဲ့ ခံစားချက်တွေကို မျှဝေခဲ့ကြသည်။ ဒီလိုအရာတွေကို စောစောစီးစီးနဲ့ သေသေချာချာ ဖြေရှင်းရမယ်။

သူတို့ရဲ့ ပင်ကိုယ် ဗီဇတွေက ဒီကောင်က တံခါးလာခေါက်တာ ဘာမှကောင်းတာမဟုတ်ဘူးလို့ ပြောပြနေခဲ့သည်။

ညက မိုးက တဖြေးဖြေးစဲလာပြီး ရွာတာက လုံးဝရပ်သွားခဲ့သည်။ 

ပြင်ပမြို့ရဲ့ ရှုခင်းက ထူးခြားတဲ့ ညအလင်းရောင်နဲ့ လင်းလက်နေခဲ့သည်။

အာ့ထင် လုပ်ငန်းသာ လည်ပတ်နေဆဲဖြစ်ရင် ၎င်းက အရောင်တွေ အားလုံးကြား ထင်ရှားနေပေလိမ့်မည်။

ချန်ကျင်းယောင်က စက္ကန့်အနည်းငယ်မျှ ရုန်းကန်ခဲ့ရပေမယ့် လက်တွေ့မှာ ရှုံးနိမ့်သွားခဲ့ပြီး သူမရဲ့ အခြေအနေကို ပြောပြခဲ့သည်။ "ရေချိုးချင်တယ် အဝတ်အစားတွေ ယူဖို့ ကူပေးဦး။"

ထိုစကားကိုကြားတဲ့အခါ အဖြောင့်တစ်ယောက် အနေနဲ့ ရန်ချန်းရဲ့ ပထမဆုံးတုံ့ပြန်မှုက 'fuck, မင်းမှာလက်မရှိဘူးလား' ကဖြစ်ပြီး ထို့နောက်တွင် မျက်ခုံးပင့်ကာ ပြန် ပြောလိုက်သည်။ "မင်း ညနက်သန်းခေါင်မှာ ရေချိုးဖို့ နိုးလာတာလား။"

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now