အပိုင်း ၁၁

1.4K 179 0
                                    

Unicode

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၁၁

“…” ခေါင်းစဉ်က ရုတ်တရတ် ပြောင်းသွားပြီး ရန်ချန်းက ချက်ချင်းခုခံခဲ့သည်။ “ငါ အပြင်ထွက်တာ ကြောက်တယ်လို့ ဘယ်သူပြောတာလဲ”

သူက ချက်ချင်းခုခံခဲ့သည်။  "ငါ မင်းထက် နောက်ကျမှ ထွက်ပြီး မင်းထက် စောပြီး အိမ် ပြန်လာခဲ့တာ"

ဒါကို ချေပဖို့ မဖြစ်နိုင်ဘူး။ ချန်ကျင်းယောင်တစ်ယောက် ပြောစရာစကားပျောက်ရှသွားခဲ့သည်။  “…”

ဆောင်းရာသီမှာ ညတာက စောစောရောက်လာသည်။

ပြတင်းပေါက်အပြင်ဘက်၌ မြို့ရဲ့ ရောင်စုံမီးရောင်များ တွေ့နေရသည်။

ရန်ချန်းက မျက်မှောင်ကြုတ်လျက် အသက်ပြင်းပြင်းရှုပြီး မေးခဲ့သည်။ “ဟေး၊ မင်း အဲဒါကို ဘယ်မှာကြားလာတာလဲ”

"ရှင် အဲ့ဒါကိုသိလား?" ချန်ကျင်းယောင်က သိပ်အံ့သြမနေခဲ့ပေ။ "ဟုတ်တယ် ရှင်သိသင့်တယ်"

အင်ပါယာမြို့တော်တွင် ထင်ရှားတဲ့ မိသားစုအချို့ရှိသည်။

ချန်ကျင်းယောင်က ရန်ချန်းနဲ့ လက်ထပ်ပြီးနောက် သူမက လူမှုအသိုင်းအဝိုင်းထဲက လုံးဝထွက်ခွာသွားပေမယ့် ရန်ချန်က ထိုသို့မဟုတ်ပေ။

ချန်ကျင်းယောင်က ခဏလောက် စဉ်းစားပြီး မေးခဲ့သည်။ "ဒါဆို ရှင် ဘယ်လိုထင်လဲ?"

"ကိုယ့်ဘဝကို ကောင်းကောင်း မွန်မွန်နေထိုင်​။ သူများတွေပြောတာကို ဘာလို့ ဂရုစိုက်နေရမှာလဲ။"

ယောက်ျားနဲ့ မိန်းမတို့၌ ကွဲပြားတဲ့ အမြင်ရှိကြသည်။ယောက်ျားတစ်ယောက်က ထိုကိစ္စရဲ့အမှန်တရားကို ခန့်မှန်းနိုင်ရင်တောင် အတင်းအဖျင်းစကားတွေကို အသေးအဖွဲလို့သာ ထင်ရပြီး ပြဿနာရဲ့ အရင်းမြစ်ကို ခြေရာခံဖို့ မလိုဘူးလို့ ယုံကြည်​ကြသည်။ ဒါပေမယ့် အမျိုးသမီးတွေက ကွဲပြားကြပြီး ပြဿနာကို ဂရုစိုက်ပြီး ဖြေရှင်းဖို့ ဆန္ဒရှိကြသည်။

ချန်ကျင်းယောင်က ဒီ 'အသေးအဖွဲ' အတင်းအဖျင်းတွေကို အာရုံစိုက်သူဖြစ်သည် - "ကျွန်မက ကျားမတစ်ကောင်လား"

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now