အပိုင်း ၁၀

1.6K 185 2
                                    

Unicode

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၁၀

သူမ ရန်ချန်းကို အရူးလို့ ပြောခဲ့ပေမယ့် သူက တစ်စုံတစ်ဦးထက် ပိုပြီး ကျိုးကြောင်းဆီလျော်နေသေးသည်။


ထိုကိစ္စက သူမရဲ့ ကျန်ရှိတဲ့ တစ်နေ့တာလုံးရဲ့ စိတ်အခြေနေကို ပျက်စီးစေခဲ့ သည်။

အပြန်လမ်းတွင် ညစာဝယ်ဖို့ ဟိုတယ်နဲ့ စားသောက်ဆိုင်ဖြစ်တဲ့ ကျွီသဲလို့ရှေ့တွင် ရပ်လိုက်သည်။

ချန်ကျင်းယောင် အိမ်ပြန်ရောက်တဲ့အခါ ပန်းကန်တွေကို ဗီရိုပေါ်လိုက်ပြီး ဝင်ပေါက်နားမှာ ဖိနပ်လဲဖို့ ငုံ့ကြည့်လိုက်သည်။ သူမမျက်နှာပေါ်က အမူအရာက သိပ်ပျော်မနေဘူး။ အများအားဖြင့် တုနီက သူမကို ကြိုဖို့အတွက် ခြေထောက်များကို ဖြည်းညှင်းစွာ လာပွတ်တိုက်လေ့ရှိသည်။ ဒါပေမယ့် ဒီနေ့ မရောက်လာခဲ့ပေ။ ချန်ကျင်းယောင်က သူ့ကို အကြိမ်ပေါင်းများစွာ အော်ခေါ်ခဲ့ပေမယ့် ကြောင်လေးက ထွက်မလာသေးပေ။

“အော်နေတာ ရပ်လိုက်” ပြင်းထန်တဲ့ အသံက ထွက်ပေါ်လာခဲ့သည်။ မာနအရိပ်အယောင်နဲ့ လူငယ်က ပြောခဲ့သည်။  “သားရဲလေးက ငါ့လက်ထဲမှာ”

အံ့အားသင့်စွာနဲ့ ချန်ကျင်းယောင်က သူမပါးစပ်ကို ပိတ်လိုက်ပြီး သူမ အိမ်ထဲစီး ဖိနပ်တစ်ရံနဲ့ အိမ်ထဲကို ဖြည်းညှင်းစွာ လှမ်းဝင်သွားခဲ့သည်။

"ငါ့မိန်းမက ဘာအရည်အချင်းမှ မရှိဘူး၊ မင်း အိမ်ပြန်လာရင် မင်း ပြောရမယ့် ပထမဆုံးစာကြောင်းက 'ယောက်ျား၊ ငါပြန်လာပြီ!' ဖြစ်ရမယ့်အစား 'တုနီ! တုနီပဲ!' "  ရန်ချန်းက ရယ်မောစွာနဲ့ နောက်ပြောင်ပြီး စွပ်စွဲခဲ့သည်။ သူ နောက်ထပ် မညည်းညူနိုင်ခင် အကြောင်းအရာကို ရုတ်တရက် ပြောင်းလိုက်ပြီး ကြားရခဲတဲ့ ညင်သာတဲ့အသံနဲ့ ပြောလိုက်သည်။ "မလှုပ်နဲ့၊ အေးအေးဆေးဆေးနေ"

ချန်ကျင်းယောင် ဧည့်ခန်းထဲရောက်တော့ ရန်ချန်းက အိမ်နေရင်း အဝတ်အစားနဲ့ ဆိုဖာပေါ်မှာ ထိုင်နေပြီး တုနီကို သူ့လက်နှစ်ဖက်ကြားထဲ ထည့်ထားခဲ့သည်။ သူက ချွန်ထက်သော ခြေသည်းတွေ ညှပ်ပေးနေစဉ် ကြောင်လေးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now