အပိုင်း ၂၅

740 83 3
                                    

Unicode

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၂၅

"အဲ့ဒါ ဟုတ်တယ်။ အဖေ နောက်ပြီး သမီးတို့က ပြန်ရင် နောက်ကျမှာ။ ရန်ချန်းက ကားမောင်းဖို့လိုသေးတယ်။" ချန်ကျင်းယောင်က သက်ပြင်းချပြီး ပြောခဲ့သည်။

ဖေဖေ ချန်က စကားမပြောဘဲ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေခဲ့သည်။ "မင်း ပြန်ဦးမလို့လား ဘာလို့လဲ? အိမ်မှာ အခန်းတွေမရှိလို့လား”

"မနက်ဖြန် အလုပ်သွားရမယ်" သူမ အကူအညီမဲ့နေခဲ့သည်။ "ဒီ နေရာက ဆေးခန်းနဲ့ အရမ်းဝေးတယ်။"

သူမအပေါ် ကျရောက်လာတဲ့ အတားအဆီးမှန်သမျှကို ကျော်ဖြတ်ဖို့လိုအပ်သလို ခံစားရသည်။

ဆိုးတာက သူမ ပြဿနာကို မဖြေရှင်းနိုင်ခဲ့ဘူး။ “မင်း ကားမမောင်းနိုင်လို့လား”

ခေါင်းမာတဲ့ လူအိုကြီးက သူ့ဝိုင်ကို မြည်းစမ်းကြည့်ရင်း မယုံနိုင်လောက်အောင် စွဲနေခဲ့သည်။

မင်း သူ့ကိုတောင် လက်ခံယုံကြည်အောင်မလုပ်နိုင်ဘူး။ မင်းလုပ်တဲ့အချိန်မှာ သူက မင်းကို စိုက်ကြည့်နေလိမ့်မယ်။


နားချိန်ပြီးသွားပြီနောက်။

ညစာ စားပွဲ၌ ကြည်နူးစရာ အငွေ့အသက်များ ရှိနေခဲ့သည်။

ဒါပေမယ့် ချန်ကျင်းလင်က ချန်ကျင်းယောင်ကို မျက်စောင်းထိုးကာ အရိပ်အမြွက်ပြောပြီးနောက်တွင် သူမက အမှားကို တဖြည်းဖြည်း သတိပြုမိလာသည်။ အထူးသဖြင့် ရန်ချန်းနဲ့ သူမရှေ့ စားပွဲပေါ်က ဟင်းပွဲတွေက အားဆေးတွေဖြစ်သည်။ နောက်ပြီး မေမေ ချန်က ရန်ချန်းအတွက် သိုးသားဟင်းရည်နဲ့ အစားအသောက်တွေကို ဆက်ပြင်ဆင်နေသေးသည်။

ပန်းကန်လုံးတစ်လုံးပြီးတာနဲ့ သူ့အတွက် နောက်ထပ်ပန်းကန်တစ်လုံးထပ်ပေးတယ်။

“အမေ၊ ဒါတွေ…” သူမ နှုတ်ခမ်းဟလိုက်ပေမယ့် ဘာပြောရမှန်းမသိတော့ပေ။

မေမေ ချန်က စကားအဆက်ပြတ်စေခဲ့သည်။ “နင် အအေးကို ကြောက်တယ်မဟုတ်ဘူးလား။ များများစား"

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now