အပိုင်း ၄၀

455 49 1
                                    

Unicode

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၄၀


ချန်ကျင်းလင်ဆီမှ ဖုန်းဝင်လာတာဖြစ်သည်။

သူမမှာ နတ်ဘုရားမျက်လုံး မရှိချေ။ 

ပုံမှန်အတိုင်းပဲ သူမရဲ့ ရုတ်တရက် ခေါ်ဆိုမှုက အိပ်ခန်းအတွင်းရှိ နံရံအချို့ကို မီးခိုးငွေ့အဖြစ် ရောက်သွားစေမည်ကို သူမ မသိခဲ့ပေ။

ချန်ကျင်းယောင်က သူမက စိတ်ရှည်ရှည်နဲ့ စောင့်ခိုင်းခဲ့သည်။

သူမတွင် အကြောက်တရားမရှိမှန်း သိသာသည်။ ချန်ကျင်းလင်က ဖုန်းထဲမှာ ရွှင်မြူးစွာ စကားပြောနေခဲ့ပြီး အဆုံးတွင် သူမ ပြီးပြည့်စုံစွာ နှုတ်ဆက်လိုက်သည်။ "အစ်မ၊ ညီမ အစ်မနဲ့ နှစ်သစ်ကူးပွဲကို ဆင်နွှဲဖို့ လာခဲ့တာ။ အစ်မ ပျော်လား?"

“…” ဖုန်းစပီကာကို ဖွင့်ထားတာကြောင့် ချန်ကျင်းယောင်က ရန်ချန်းရဲ့ မျက်နှာပေါ်က နက်နဲတဲ့ နာကြည်းမှုကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ သူက သူမကို မြေပြင်ပေါ် ပစ်ချချင်လောက်အောင် ဒေါသထွက်နေပုံရသည်။ သူက သူမရေချိုးဝတ်စုံကို ခါးမှဆွဲတင်လိုက်ပြီး လုပ်ငန်းစဉ်တစ်လျှောက် သက်ပြင်းအဆက်မပြတ်ချရင်း ဖြည်းညင်းစွာ ဝတ်ဆင်ဖို့ ကူညီပေးခဲ့သည်။ ချွေးသီးလှလှလေးတွေက သူ့နဖူးမှာ တန်းစီနေခဲ့သည်။

နောက်ဆုံး သူ သူမကို ရေချိုးဝတ်စုံကို တင်းတင်းကျပ်ကျပ် ချည်နှောင်ပြီးနောက် လက်တွေက သူမခါးကို ချိုးဖျက်ဖို့ လုံလောက်လုနီးပါးဖြစ်နေပြီဖြစ်သည်။ အနှောင့်အယှက်ခံရပြီးနောက် ရန်ချန်း ဘယ်လောက်စိတ်ဆိုးခဲ့လဲကို ပြောပြနိုင်သည်။ ချန်ကျင်းယောင်က မီးတောက်နေတဲ့ မျက်လုံးတွေကို မကြည့်ရဲပေ။ သူမ နှုတ်ခမ်းချင်း ဖိကိုက်လိုက်ပြီး အပြစ်ရှိသလို ခံစားရပြီး အဝေးကို လှမ်းကြည့်လိုက်သည်။ သူမ အသံကို လျှော့ပြီး “အင်း” လို့ ဖြေလိုက်သည်။

ချန်ကျင်းယောင်က မတွေးမနေနိုင်တော့ပေ။ မင်းခဲအိုရဲ့ အ hackခံရမှာကို ငါကြောက်တယ်။

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now