အပိုင်း ၁၂

1.3K 152 0
                                    

Unicode

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၁၂

နောက်ဆုံးတော့ အင်ပါယာမြို့တော်မှာ နေသာလာခဲ့သည်။

စနေနေ့ရောက်တော့ စောစောက နှင်းတွေ တဖြည်းဖြည်း အရည်ပျော်လာပြီး ပြတင်းပေါက် အပြင်ဘက် နေရောင်ခြည်က တောက်ပပြီး လှပနေသည်။

တုနီက အမြှီးယမ်းနေပြီး ဧည့်ခန်း ဆိုဖာပေါ် ထိုင်ကာ အနားယူနေခဲ့သည်။ ရန်ချန်းရဲ့ မသင့်လျော်တဲ့ လုပ်ရပ်ကြောင့် ချန်ကျင်းယောင် လန့်နိုးသွားခဲ့သည်။ သူမ အိပ်ချင်နေတဲ့ မျက်လုံးတွေကို ဖွင့်လိုက်ပြီး ခဏလောက် အံ့သြသင့်သွားသည်။ ခဏအကြာမှာ သူမ သူ့ရင်ဘတ်ကို လက်နှစ်ဖက်နဲ့ ခးထိပြီး နိုးလိုက်သည်။ သူမ ဂရုမစိုက်ဘဲ သူ့ဝမ်းဗိုက်ပေါ် ထိုင်ခဲ့ကာ၊ သူတို့ ခန္ဓာကိုယ် အချင်းချင်း ထိနေကြပြီး အချင်းချင်း ညင်သာစွာ ပွတ်တိုက်နေကဿာ အဝတ်နှစ်ထည်ဖြင့်သာ ပိုင်းခြားထားသည်။ အဲ့ဒါက မနက်အစောကြီးမှာ အရမ်းလွန်လွန်းတယ်။

ရန်ချန်းက သူ့မျက်လုံးတွေကို မှိတ်ထားပြီး အေးစက်စွာ အသက်ရှုထုတ်လိုက်ကာ သူ့ အသက်ရှူသံကလည်း အနည်းငယ် တိုးလာသည်။

တချိန်ထဲမှာပဲ သူ သူမ အပြုအမူကြောင့် တုန်လှုပ်သွားပြီး အံကြိတ်ကာ တိတ်တိတ်လေး တွေးနေရုံကလွဲပြီး မကူညီနိုင်တော့ပေ - သူမ ငါ့ကို ဘယ်လိုကျီစားရမလဲဆိုတာ တကယ် သိတယ်။

"အဲဒါကို ရေချိုးခန်းထဲမှာ ကိုယ့်ဘာသာ သွားရှင်း" ချန်ကျင်းယောင်က နိုးနေပြီး ဒါကို သူ့ဘာသာသူ ဂရုစိုက်နိုင်မှန်း သိနေခဲ့သည်။ ဒါကြောင့် သူမ ပျင်းရိစွာ သမ်းဝေပြီး ရန်ချန်း မျက်နှာကို ပွတ်သပ်လိုက်သည်။ "ရှင် ဘယ်လောက်ပဲ တက်ကြွနေပါစေ၊ ဟိတက်နေတဲ့ ခွေးလို မပွတ်နဲ့။"

ထို့နောက် သူမ ရေချိုးဖို့ အိပ်ယာကထသွားကာ နောက်ပြန်လှည့်မကြည့်တော့ပေ။

ရန်ချန်းက စောင်ကိုဆွဲပြီး အိပ်ယာပေါ် လူးလိမ့်ကာ လိုအပ်ချက်တွေ မပြည့်မီတဲ့ ခင်ပွန်းတစ်ယောက်လို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေမိသည်။ သူ လေးနက်စွာ သက်ပြင်းချလိုက်မိသည်။ "ဒါက တကယ့်ကို စိတ်ညစ်စရာကောင်းတဲ့ အိမ်ထောင်ရေးပဲ"

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now