အပိုင်း ၁၄

1.1K 144 0
                                    

Unicode

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၁၄

ကောင်မလေးတွေက အချင်းချင်း တီးတိုးပြောနေတာ ရပ်လိုက်ကြသည်။ သူတို့အကြည့်တွေက ချန်ချန်းရဲ့ ယ မျက်နှာနီရဲနေတဲ့ ချန်ကျင်းယောင်ကို ခဏလောက်ကြည့်ခဲ့ကြသည်။ နောက်ဆုံး သူတို့က ငွေရှင်းဖို့ တစ်ယောက်ကိုတစ်ယောက် တွန်းအားပေးခဲ့ကြသည်။

“…” ချန်ကျင်းယောင်က သူမ မျက်နှာလွှဲပြီး နှုတ်ခမ်း ကိုက်လိုက်သည်။

ခဏကြာတော့ သူမ ထိန်းမထားနိုင်တော့ပေ။ သူ့ကို လှည့်ကြည့်ပြီး ခါးကို တံတောင်ဆစ်နဲ့ ထိုးလိုက်သည်။ သူမ မျက်လုံးတွေက မှေးကျဥ်းသွားပြီး သတိပေးသလို ကြည့်လိုက်သည်။ "ရှင် အဲ့ဒါကို ဘာလို့ ယူလိုက်တာလဲ?!"

ထိုနောက် သူမသည် ရှက်ပြီး ဒေါသထွက်သွားကာ ခြေထောက် တက်နင်းခဲ့သည်။

ရန်ချန်းရဲ့ အကြည့်က အေးဆေးငြိမ်သက်နေခဲ့သည်။ နောက်တော့ သူက ဝါးတားတားနဲ့ “ကိစ္စရှိလို့ပါ” လို့သာပြောခဲ့သည်။

——————————————–

နောက်နေ့ မနက် ၁၀ နာရီဝန်းကျင်လောက်တွင်။

ရှောက်ချုံးစစ်၊ ချိုင်ယွဲ့နဲ့ အန်းထိုက်တို့က သူတို့အိမ်ကို အချိန်မီ ရောက်လာကြသည်။

ထုံးစံအတိုင်း ဧည့်သည်တွေက လက်ဆောင်ယူလာဖို့ မမေ့ကြချေ။

ရန်ချန်းက သူတို့အတွက် တံခါးဖွင့်ပေးလိုက်သည်။ သူဖွင့်လိုက်တာနဲ့ တံခါးအပြင်ဘက်က သုံးယောက်လုံး အံ့အားသင့်သွားကြသည်။ သူတို့ စိတ်ထဲ တစ်ခုခု ပျက်စီးသွားသလို ခံစားလိုက်ရသည်။

လှည့်ပတ်ကစားလေ့ရှိတဲ့ သူတို့ သခင်လေးက တကယ်ကိုပဲ ကာတွန်းပုံစံ အပြာရောင် အေပရွန် ၀တ်ထားခဲ့သည်။ တံခါး ကိုင်မထားတဲ့ အခြားလက်တစ်ဖက်က ကြက်သွန်နီလှီး အစိမ်းရောင် မီးဖိုချောင်သုံး ဓားတစ်ချောင်း ကိုင်ထားခဲ့သည်။

“…”

“…….”

“………….”

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now