အပိုင်း ၇

1.9K 209 1
                                    

Unicode

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၇

ရန်ချန်း - "ငါ ကျိုးရွှယ်နဲ့ အဆက်အသွယ်အားလုံး ဖြတ်လိုက်ပြီ မင်းကျေနပ်ရဲ့လား"

“…” အဲ့ဒါက ရိုးရှင်းတဲ့ မေးခွန်းဖြစ်သည်။ ချန်ကျင်းယောင်ရဲ့ အမူအရာက မပြောင်းလဲသေးပေမယ့် သူမနှလုံးက ကမောက်ကမ ဖြစ်နေခဲ့သည်။ သူမ ခဏ တွေးပြီးတာ ပြန်ဖြေလိုက်သည်။ “အဲ့ဒါက မျှော်လင့်ထားသလိုပဲ”

“ကောင်းပြီ၊ အမျိုးသမီးတွေ တစ်ခုခုပြောရင် သူမတို့က လုံးဝဆန့်ကျင်ဘက်လို့ ဆိုလိုတာပဲ” ရန်ချန်းက နိဂုံးချုပ်ခဲ့သည်။

ချန်ကျင်းယောင်က သူပြောတာကို မကြားချင်ယောင်ဆောင်ပြီး သူ့ကို ဂရုမစိုက်တော့ပေ။

နောက်တော့ သူတို့ နှစ်ယောက်လုံး ဘာမှ မပြောဖြစ်တော့ဘူး။

ကားက ဖြည်းညှင်းစွာနဲ့ မှန်မှန် မောင်းနှင်နေခဲ့သည်။ သာယာသော တေးဂီတကို တီးခတ်နေချိန် ရန်ချန်းက ပြတင်းပေါက် အပြင်ဘက် လှည့်ကြည့်ကာ နှင်းတွေ ထူထပ်လာတာ ကြည့်ခဲ့သည်။  သူက ပိုအိပ်ချင်လာသလို ခံစားလိုက်ရပြီး သူ့မျက်ခွံတွေက ပိုလေးလာကာ နောက်ဆုံး မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားပြီးနောက် အသက်ကို စည်းချက်မှန်မှန် ရှုရှိုက်လိုက်သည်။

"ရှင် အကွာအဝေး တစ်ခု ထားတာ ပိုသင့်တော်တယ်။ နောက်ဆုံးတော့ သူမက တခြားတစ်ယောက်နဲ့ လက်ထပ်ထားပြီး ရှင်လည်း တခြားတစ်ယောက်နဲ့ လက်ထပ်ထားခဲ့တယ်"

တုံ့ပြန်သံမကြားရတာကြောင့် သူမ နှုတ်ခမ်းဆူလိုက်မိသည်။

သူမတို့နှစ်ယောက်က လက်ထပ်သည့် ကြိုတင် သဘောတူညီချက်နဲ့ ရှင်းထားပြီးသားမို့ သူမအတွက် စိတ်ပူစရာ မလိုပေ။

ဟော်မိသားစု။

ကျိုးရွှယ်က သူမ ဖုန်းနံပါတ်ကို အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း နောက်ထပ်တစ်ကြိမ်ထပ်ခေါ်မှ သိလိုက်ရသည်။ စိတ်ဆိုးပြီး လက်ထဲက ခွက်ကို ပစ်ချလိုက်ပြီး အော်ဟစ်လိုက်ရာ သူမ ဘေးနားက အစေခံက ထိတ်လန့်တကြား ထခုန်ခဲ့ပြီး သူမကို မကြာခဏ စိုက်ကြည့်ခဲ့သည်။ စိတ်အေးသွားပြီးနောက်၊ ကျိုးရွှယ်က ရန်ချန်း၏ 'နတ်ဆိုး' ဇနီးအပေါ် အရာအားလုံးအတွက် သဘာဝကျနေသလိုမျိုး အပြစ်တင်ခဲ့သည်။

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now