အပိုင်း ၃၉

334 39 0
                                    

Unicode

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၃၉


နောက်ပြီး ချန်ကျင်းယောင်က သူပြောတဲ့ "ချစ်စရာလေး"ဆိုတဲ့ စကားလုံးကို သံသယဝင်မိသည်။

ဘာကြောင့်လဲဆိုတော့ သူမရဲ့ ဆဋ္ဌမအာရုံက အရမ်းပြင်းပြနေတာကြောင့်ပဲ။

ထိုလူက မျက်ခုံးပင့်လိုက်သည်။ သူက ခဏ စဉ်းစားပြီးနောက် ပြောခဲ့သည်။ “ဟမ်၊ စောစောက မင်းရဲ့ အပြုအမူက တကယ်တုံးအတယ်လို့ ငါထင်တယ်” 

“……” ရှင် သေချင်နေတာလား။

——————————————–

ဒါပေမယ့်

ချန်ကျင်းယောင်က ဒီအခြေအနေအထိ ဘယ်လိုတိုးတက်ခဲ့သွားလဲ မသိချေ။

ဘယ်လိုပဲဖြစ်ဖြစ် သူမ အခုချိန်မှာ စိတ်တွေ တဖြည်းဖြည်း အေးသွားပြိး တုနီကဲ့သို့ ကျောတစ်ချက်ပွတ်ပေးခံလိုက်ရသလိုပင်။ သူမ အတွေးထဲ နစ်မွန်းသွားခဲ့သည်။ ကုတင်ပေါ်မှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ရဲ့ စကားစမြည်ပြောဆိုခြင်းက သေချာပေါက် မေးခွန်းထုတ်စရာဖြစ်သည်။

နောက်ပြီး အိပ်ယာထဲမှာရှိတဲ့ အမျိုးသားတစ်ဦးကိုလည်း သေချာသတိထားရဦးမယ်။

စောစောက သူမလုပ်ခဲ့တဲ့အရာတွေကြောင့် ရန်ချန်းက သူမ ကျောမှာ lotion လိမ်းပေးတဲ့ ကမ်းလှမ်းချက်ကို အစပြုပြီးပြောခဲ့သည်။ သူမ ကျောကို ပွတ်သပ်ဖို့ ခက်ခဲကြောင်း သူသိသည်။ ဤလူက ရိုးသားပုံပေါ်သည်။ သူ့မှာ လိမ္မာပါးနပ်မှု ရှိပြီး သူမ သူ့ကို ဘယ်လို ဆက်ဆံရမယ်ဆိုတာ မသိခဲ့ဘူး။

"ငါ မင်းကို အခွင့်ကောင်းမယူပါဘူး။" ရန်ချန်းက သူ့လည်ချောင်းကို ရှင်းပြီး တခြားနေရာကို ကြည့်လိုက်သည်။ "ငါ မင်းကို တကယ်အခွင့်ကောင်းယူချင်ရင် ဒီနေ့ထိ ဘာလို့စောင့်နေရမှာလဲ"

ချန်ကျင်းယောင်က သူ့ကို သံသယတွေ သတိတွေနဲ့ ကြည့်ခဲ့သည်။

ဒါပေမယ့် သူမ ဘယ်လောက်ပဲ သတိထားပါစေ သူ့ရဲ့ပါးနပ်တဲ့လျှာကို သူမ မကာကွယ်နိုင်ခဲ့ဘူး။

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now