အပိုင်း ၄၆ / ၄၇ / ၄၈

79 5 0
                                    



အပိုင်း ၄၆


ချန်ကျင်းယောင်က ထိုအရာကို မျက်ခုံးပင့်ကာ ငြင်းဆိုချင်ပေမယ့် စိတ်လှုပ်ရှားနေတဲ့ ချန်ကျင်းလင်က သူမကို အနှောင့်အယှက်ပေးခဲ့သည်။ "ဟုတ်တယ် ဟုတ်တယ်!"

အထက်တန်းစား လူငယ်စီးပွားရေးသမားတွေနဲ့ ချမ်းသာသော ဒုတိယမျိုးဆက်တွေ မြို့တော်ဆီရောက်ရင် သွားရောက်လည်ပတ်ဖို့ အနှစ်သက်ဆုံးနေရာ။

သွားကြည့်လိုက်ရင်တောင် ဆုံးရှုံးမှုတစ်ခုမှမရှိဘူး။

 ချန်ကျင်းလင်က ငယ်ရွယ်ပြီး စူးစမ်းလိုစိတ် ရှိသူဖြစ်သည်။ သူမ ရဲလည်းရဲရင့်သည်။ 

သူမမျက်နှာပေါ်တွင် မကျေနပ်ချက်များ ရေးထားသော ချန်ကျင်းယောင်ထက် ဤအချက်က သတိထားလွန်းနေပုံပေါ်သည်။ သူမသည် အစ်မကြီးလို စီနီယာတစ်ယောက်လို့ တွေးထင်လာခဲ့သည်။ ချန်ကျင်းယောင်က သူမကို သွားဖို့ ပြသနာမရှိဘူးလို့ မထင်ထားပေမယ့် ချန်ကျင်းလင်ကို ခေါ်သွားဖို့ သူမ ကြောက်ရွံ့နေခဲ့သည်။

ရန်ချန်းက မျက်လုံးတွေကို မှိတ်ထားခဲ့ပြီး သူမ တွေးနေပုံကို ပြောပြနိုင်သည်။ သူက မျက်ခုံးပင့်ပြီး ပြုံးပြလိုက်သည်။ "ဘာတွေ စိတ်ပူနေတာလဲ? အာ့ထင်က ကောင်း ကောင်းစီမံထားတဲ့ ဘားတစ်ခုပါ။"

မျက်လုံးချင်းဆုံလိုက်တဲ့အခါ ချန်ကျင်းယောင်က မသိသလိုပခုံးတွန့်ပြခဲ့သည်။

သူမရဲ့ နက်မှောင်တဲ့ မျက်လုံးတွေက “ပိတ်သွားတဲ့သူက ဘယ်သူလဲ” လို့ ပြောနေပုံရသည်။

“…” သူ့လည်ချောင်းထဲမှာ တစ်ခုခုရှိနေသလိုပဲ။ ရန်ချန်း အံကြိတ်ကာ ချန်ကျင်းယောင်ဆီ လျှောက်သွားပြီး အသံကို လျှော့လိုက်သည်။ "ဘာဖြစ်လို့လဲ မင်းတို့နှစ် ယောက်ကို ရောင်းပစ်မှာ ကြောက်လို့လား"

ချန်ကျင်းယောင်က သူမပါးကို ကိုင်ကာ ခဏမျှ စဉ်းစားလိုက်သည်။ ထို့နောက် သူမ အပျော်သဘောဖြင့် လှောင်ပြောင်ကာ “ဟုတ်တယ်” ဟုပြောခဲ့သည်။

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now