အပိုင်း ၂၁

1.1K 113 0
                                    

Unicode

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၂၁

မြို့တော်မှာ တရုတ်နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲဖို့ ပြင်ဆင်လာခဲ့သည်။

ဆေးခန်းတောင်မှ အေးခဲတဲ့ အဖြူရောင် မဟုတ်တော့ဘဲ အခြားအရောင် အနည်းငယ်ရှိနေသည်။ မှန်တံခါးနှစ်ဘက်ရဲ့တစ်ဖက်စီတွင် “ဖူ” (တရုတ်ဘာသာဖြင့် ကောင်းချီးပေးခြင်း) နှစ်ခုရှိသည်။ ဧည့်ခံကောင်တာက သူနာပြုက တောက်ပနေတဲ့ ရွှေရောင်လာဘ်ခေါ်ကြောင်လေးနှစ်ခုလည်း ချထားသည်။

လွှမ်းခြုံထားသော ပိုးသတ်ဆေး ရနံ့နဲ့ ပတ်သက်ပြီး လျစ်လျူရှုထားနိုင်ခြင်းမရှိပေမယ့် ၎င်းကြောင့် ပိုဖော်ရွေပြီး အသက်ဝင်စေသည်။

ချန်ကျင်းယောင်က သူမ ပစ္စည်းများကို ထုပ်ပိုးပြီး မက်စ် ကိုင်ကာ ရုံးတံခါးဖွင့်ပြီး ထွက်လာခဲ့သည်။ ဒီနေ့ သူ မ ကြည့်ရမယ့်လူနာက သူ့မှာ ကြီးကြီးမားမား ပြဿနာ မရှိဘူး၊ သွားတွေ ပေါက်နေတာပဲ။ သူမ သူ့ပုံစံကို ပို့ပေးပြီး အသေးစိတ်သတိပေးသည်။ ထို့နောက် ဧည့်ခံကောင်တာဆီသွားကာ ဗိုက်ပြည့်စေမယ့် အဆာပြေစားစရာများ သွားစားသည်။

သူမ ရုံးခန်းမှာ တစ်နာရီခန့် ရှိနေခဲ့ပြီးနောက် 10:30 ဖြစ်နေပြီ။ သူမ ဗိုက်ဆာနေတာကြာပြီ။

သူနာပြုအသစ် ရှောင်လျှိုက ဧည့်ကြိုကောင်တာရှေ့တွင် ထိုင်နေခဲ့သည်။ ချန်ကျင်းယောင် လာတော့ သူနာပြုက ကမန်းကတန်း မတ်တပ်ရပ်လိုက်ပြီး အနည်းငယ် စိတ်လှုပ်ရှားကာ အားကိုးရာမဲ့ ဖြစ်နေသည်။

"ငါ့ကို အဲ့လောက် ကြောက်နေတာလား?" ချန်ကျင်းယောင်က ခေါင်းငုံ့ပြီး ရယ်မိကာ မကူညီနိုင်ခဲ့ပေ။ "ဟမ်? တာဝန်ကျနေချိန် တီဗီကြည့်နေတာလား။”

“မဟုတ်…မဟုတ်ဘူး” ဒါပေမယ့် သူမ ကြည့်နေခဲ့သည်။ မနေ့က တာဝန်ကျ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားစမြည်ပြောရင်း အလုပ်ရှုပ်နေခဲ့သည်။ အခု ချန်ကျင်းယောင်က ဒါကို ပြောလိုက်တာနဲ့ ရှောင်လျှိုက သူမရဲ့ စကားကြောင့် ထိတ်လန့်သွားတော့သည်။ အမှန်တော့ သူမလုပ်ရပ်အတွက် ကြောက်ရွံ့ထိတ်လန့်နေတာပင်။ သူမက ပုံမှန်မဟုတ်ပေ။ ခဏအကြာတွင် သူမ ပြုံးကာယဉ်ကျေးတဲ့ အသံထွက်လာတာကို တွေ့လိုက်ရသည်။ "အမ်၊ ဒေါက်တာ ချန်၊ ဒေါက်တာ့ ခင်ပွန်းက ဒီမှာ။"

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now