အပိုင်း ၃၁

522 52 0
                                    

Unicode

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၃၁



“……” သူ့ခေါင်းပေါ် ရေအေးနဲ့ လောင်းချလိုက်သလိုပဲ ရန်ချန်း မျက်နှာက တည်တင်းသွားခဲ့သည်။ "ငါ့ကို ဒီလိုကျီစားရတာ မင်း ပျော်လား"

သူမ ဟုတ်သည် မဟုတ်သည်ကို မပြောဘဲ ခေါင်းညိတ်လိုက်သည်။ "အိပ်ယာခင်းတွေလဲဖို့ ဒုက္ခပေးရအုံးမယ်။ ကျေးဇူးပဲ”

ဒီညက ဘယ်တော့မှ မဆုံးနိုင်တဲ့ညပဲ။

နောက်ပြီး ၎င်းက လုံးဝကောင်းတဲ့ညမဟုတ်ခဲ့ပေ။

ရန်ချန်းက သက်ပြင်းရှည်ကြီးချလိုက်ပြီး ရေချိုးခန်းထဲက ထွက်သွားခဲ့သည်။

အိမ်ထောင်မပြုခင်နဲ့ အိမ်ထောင်သည် ဘဝကြား ကြီးမားတဲ့ ကွာဟချက်က သူ့ကို ဝမ်းနည်းပူ ဆွေးစေခဲ့သည်။ “အရင်က ဒီလိုမျိုး တစ်ခါမှ မလုပ်ဖူးဘူး။ အာ ငါ ကလေးထိန်းကို လွမ်းလိုက်တာ"

အရင်က ဒီလို အသေးအဖွဲကိစ္စတွေကို ဘယ်တုန်းကမှ စိတ်ပူစရာ မလိုဘူးလို့ ထင်ခဲ့သည်...

ဒါပေမယ့် ဒီအချိန်မှာ ချန်ကျင်းယောင်ရဲ့ နားတွေ ပွင့်လာမယ်လို့ ဘယ်သူက ထင်မှာလဲ။ "ရန်ချန်း၊ ကျွန်မ ရှင့်ကို ရှင်းရှင်းလင်းလင်း ပြောရမယ်"

အိပ်ယာခင်းတွေကို ဘယ်လို လဲရမှန်းမသိတဲ့ အမျိုးသားက ကုတင်ပေါ်မှာ စိတ်ရှုပ်နေခဲ့သည်။

"ရှင်က မိန်းမယူထားတာ ကလေးထိန်း မဟုတ်ဘူး"

"အဲဒါကြောင့် ကျွန်မတို့ အိမ်မှုကိစ္စတွေကို ခွဲဝေပြီးလုပ်ရမှာ"

ရန်ချန်းက စကားမပြောဘဲ နှုတ်ခမ်းကို သပ်လိုက်သည်။

ချန်ကျင်းယောင်က ဒီသနားစရာကောင်းတဲ့ မြင်ကွင်းကိုမြင်ပြီး သူ့နဲ့ အိမ်မှုကိစ္စများဝေမျှဖို့ သတ္တိရှိသေးရင် ဆိုပြီး သူ့ဘာသာ သူတွေနေမိကာ ထို့နောက် ရှုံးနိမ့်မှုကို ဝန်ခံခဲ့သည်။

ဆယ့်ငါးမိနစ် ကြာပြီးနောက်။ 

ရေချိုးခန်းပိတ်သွားတာကို သူ သိလိုက်တဲ့အခါ ရန်ချန်းက ဧည့်ခန်းဆီ အမြန်ပြေးသွားခဲ့သည်။

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now