အပိုင်း ၃၃

450 47 0
                                    

Unicode

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၃၃

 


ညဘက်မိုးရွာပြီးနောက် ကောင်းကင်က ကြည်လင်လာမယ်လို့ သူထင်ခဲ့သည်။

ဒါပေမယ့် မမျှော်လင့်ဘဲ နှင်းကျလာခဲ့သည်။ မြေပြင်ကိုထိလိုက်တာနဲ့ အရည်ပျော်သွားတဲ့ နှင်းအနည်းငယ်မျှသာ မဟုတ်ပေ။ သူ လိုက်ကာတွေ ဖယ်ပြီး အပြင်ကို လှမ်းကြည့်လိုက်တော့ နှင်းပွင့်တွေ တဖျပ်ဖျပ် လွင့်နေတာကို မြင်လိုက်ရသည်။

ရန်ချန်းက ဖုန်းကို ချန်ကျင်းယောင်ဆီ ပြန်ပေးလိုက်ပြီး သူမကို ငုံ့ကြည့်ကာ နှုတ်ခမ်းတွေကို သပ်လိုက်သည်။ သူ ပြောလိုက်သည်။ “အိမ်မှာနေပြီး ရက်အနည်းငယ်လောက် အနားယူလိုက်။ ဘာပဲဖြစ်ဖြစ် မင်းက ဆေးခန်းပိုင်ရှင်ပဲ၊ အလုပ်နဲနဲ လွတ်သွားတာက အဆင်ပြေတယ်"

“ပြီးတော့ မနက်ဖြန်က တနင်္ဂနွေ ပိတ်ရက်” သူက ထပ်ပြောခဲ့သည်။

“…” ချန်ကျင်းယောင်က လက်မခံဝံ့ပေ။ သူမ မျက်လုံးကိုပဲ ချန်ပြီး ခေါင်းကို စောင်ဖြင့်ခြုံလိုက်သည်။ ခဏတာတိတ်ဆိတ်သွားပြီးနောက် သူမက "ကျွန်မက ရှင်နဲ့တူတယ်လို့ထင် နေတာလား၊ အိမ်မှာအငြိမ်းစားပြိးဘဝကို ပျော်ပျော်နေနိုင်ပါ့မလား။ သွားပြီး မှန်ထဲမှာ ကိုယ့်ကိုကိုယ် ကြည့်လိုက်၊ ရှင် ဝနေပြီ။ ရှင် ဝလာရင် ကြည့်ကောင်းမှာ မဟုတ်တော့ဘူး။"

ရန်ချန်းက ထိုကဲ့သို့ တမင်တကာ ရန်စမှုတွေကို ဂရုမစိုက်ချေ။

အမှန်မှာ၊ မကြာမီတွင် အာ့ထင်ကို ပြန်လည်ဖွင့်လှစ်ခြင်းနှင့်အတူ၊ ၎င်း၏ ဥက္ကဌအဖြစ် လိုအပ်သည့် ကိစ္စများစွာ ရှိသည်။ အိမ်မှာ တစ်နေ့လုံး ကြောင်နဲ့ ကစားလို့ရတဲ့ ရက်တွေ အများကြီး မကျန်တော့ဘူးလို့ ထင်ရတယ်။

သူက သက်ပြင်းတစ်ချက်ချကာ ကုတင်ဆီ ဖြည်းညင်းစွာသွားပြီး ခေါင်းအုံးပေါ် ဖြန့်ကျဲနေတဲ့ ချန်ကျင်းယောင်ရဲ့ ရှည်လျားတဲ့ ဆံပင်ကို ကိုင်လိုက်ပြီး အကြောင်းအရာကို ပြောင်းလိုက်သည်။ "မင်းရဲ့ အရင်တစ်ခေါက် ဓမ္မတာရက်က မဆိုးဘူးမလား?"

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now