About story

305 22 0
                                    

သူမ မွေးကတည်းက မိဘမဲ့ ဂေဟာမှာ စွန့်ပစ်ခံခဲ့ရတဲ့ ကလေးလေးတစ်ယောက်ထက်မပိုခဲ့ပါဘူး။ သူမအသက် 5နှစ်လောက်မှာ သူမဘ၀ရဲ့ အမှောင်မိုက်ဆုံး အချိန်ကာလကို စတင်ခံစားလာရတော့တယ်။အကြောင်းပြချက်ကတော့ သူမ လူချမ်းသာမိသားစု တစ်စုဆီကနေ မွေးစားခံလိုက်ရလို့ပါဘဲ။ သူမကို မွေးစားတော့မယ်လို့ စသိတဲ့ အချိန်မှာ သူမ တအားပျော်ခဲ့တယ်။ဘာလို့လဲဆိုတော့ သူမ မိသားစုဆိုတဲ့ ဘ၀လေးမှာ ကိုယ့်မိဘတွေနဲ့ ပျော်ရွှင်ကြည်နူးရတော့မယ် ဆိုတဲ့ မျှော်လင့်ချက် ရောင်ခြည်လေးက တောက်ပလာခဲ့လို့ပဲ ဒါပေမယ့် သူမ ထိုမိသားစုအိမ်ရောက်သွားတဲ့ အခါမှသာ ထိုမျှော်လင့်ခဲ့ရပါတယ်ဆိုတဲ့ အရာအားလုံးက ဖျက်ဆီးခြေမွခံခဲ့ရပြီး မြူခိုးငွေ့ပမာ တိန်ကော ပျောက်ကွယ်သွားခဲ့ရတော့တယ်။ သူတို့က သူမကိုမွေးစားပါတယ်ဆိုတဲ့ အမည်ခံလေးဘဲရှိတယ့် လူတွေ အမှန်က သူမလိုဘဲ အမွေးစားခံရတဲ့ ကလေးပေါင်းများစွာက ထိုနေရာမှာအပြည့်ဘဲ။ ဟက်..သူတို့က သူမတို့လို မိဘက မလိုချင်လို့ စွန့်ပစ်ခဲ့တဲ့ ကလေးတွေကို မွေးစားပါမယ်ဆိုတဲ့အမည်ခံနဲ့ ခေါ်သွင်းလာပြီးတော့ တရားမ၀င် စမ်းသပ်မှု‌တွေ တစ်ခုပီးတစ်ခု စမ်းသပ်ကြတော့တယ်။ကလေးပေါင်းများစွာရဲ့ အသက် ခန္ဓာက ထိုလူရုပ်မာ‌တွေရဲ့ လက်ထဲမှာ အစိတ်အစိတ်အမွှာမွှာ ကြေမွ ပျက်စီးကျရတော့တဲ့အထိ လူမဆန်စွာ စမ်းသပ်ခံရတော့တယ်။ ကံဆိုးစွာနဲ့ သေကုန်တဲ့ ကလေးတွေထဲမှာ သူမ မပါ၀င်ခဲ့ဘူး ဒါကြောင့်လည်း မပြီးဆုံးနိုင်လောက်တဲ့ စမ်းသပ်မှုတွေကြားမှာ သူမတစ်ယောက်ထဲ ဖြတ်သန်းရှင်သန်ခဲ့ရတာ သူမအသက် 16နှစ်ကိုရောက်တဲ့အထိဘဲ။ သူမက သူတို့ဖန်တီးခဲ့တဲ့လက်ရာတွေထဲမှာ အပြီးပြည့်ဆုံးနဲ့ အလှပဆုံး အရက်စက်ဆုံး ဆိုးယုတ်လှပါချည်ရဲဆိုတဲ့ အရာအားလုံးကို ခုခံနိုင်စွမ်းအမြင့်ဆုံးနဲ့ ခံနိုင်ရည်အရှိဆုံး ထုတ်ကုန် တစ်ခုဖြစ်ခဲ့တယ်။

သူတို့ မလုပ်နိုင်တဲ့အရာအားလုံးကို သူမတစ်ယောက်ထဲကသာ လုပ်ပေးရတယ်။ အထူးသဖြင့် လူသတ်တာမျိုးပေါ့ လူတစ်ယောက်ကို လက်သည်မပေါ်ဘဲ အမှောင်ထဲကနေ တိတ်တဆိတ် သတ်ဖြတ်တာမျိုးတွေက သူမအတွက်တော့ ထမင်းစားရေ‌ေသာက်သလောက် တောင်မရှိတဲ့အရာမျိုးပေါ့။ သူမရဲ့ ဉာဏ်ရည်မှာလည်း သူမတူတောင် ထက်မြက်လွန်း၍ သူမကို ဖန်တီးခဲ့တဲ့ ထိုလူတွေက သူမ သူတို့ကို လက်စားချေ မှာကို ကြောက်ရွံ့လာကြတယ်။သူမရဲ့ခန္ဓာကိုယ်က တော်ရုံနဲ့မထိခိုက်ရုံအပြင် နာကျင်မှုကို မခံစားရသလို မသေမျိုးတစ်ယောက်လို တော်ရုံနဲ့မသေနိုင်တာကိုပါ ထိုလူတွေရှာတွေ့သွားခဲ့တယ့် အချိန်မှာ ပိုပိုပြီးကြောက်ရွံ့လာတော့တယ်။ထို့ကြောင့် သူမကိုဖျက်ဆီးဖို့ သူတို့တွေ ဖန်တီးစမ်းသပ်မှုတွေ အကြိမ်ကြိမ် ထပ်မံ လုပ်ဆောင်ပြီးတဲ့အနောက်မှာ chips ပြားလေးတစ်ခုကို ရလာတော့တယ်။ သူမခန္ဓာကိုယ်က သူတို့ရဲ့ ဖန်တီးပေးထားတာကို ခံရတာကြောင့် သူတို့ရဲ့ စစ်ဆေးခြင်းကို အမြဲခံရတယ်။ ထိုစစ်ဆေးမှုမှာဘဲ သူမရဲ့ ခန္ဓာကိုယ်ထဲကို ထို chips ကို သူတို့ ထည့်သွင်းခဲ့တယ်။

သူတို့ သူမကို အထင်သေးလွန်းသွားတယ်လို့ သူမထင်တယ်။ဘာလို့ဆို သူတို့ လုပ်သမျှ ဖြစ်သမျှအရာအားလုံးက သူမ မျက်စိအောက်က မလွတ်ဘူးဆိုတာ သူတို့မသိခဲ့ဘူး။သူမက အခုလို ဖြစ်နေတဲ့ သူမကိုယ်သူမ ရွံမုန်းသလို ထိုအယုတ်တမာတွေကိုလည်း ရွံမုန်းမိတယ်။ ဒါကြောင့် သူမကိုယ်ကို နဲ့ ထိုလူတွေ အားလုံးကို အတူတကွဖျက်ဆီးပစ်ချင်ခဲ့တာကြာပြီ။ ဒါကြောင့်လည်း သူမရဲ့ လုံး၀ကို ပြိုင်ဘက်ကင်းလှတဲ့ စွမ်းရည်တွေကို ထိုလူ‌တွေမြင်အောင် တမင်ပြခဲ့ခြင်းပင် ထိုမှသာ  သူတို့ ထိတ်လန့်တကြားနဲ့ သူမကို ဖျက်ဆီးဖို့ လုပ်ကျတေယ့မှာလေ။ ဟား...ဟား.. မကြာပါဘူး သူတို့ဖန်တီးခဲ့တဲ့ အဆိပ် သူတို့ကို ပြန်ကျွေးပြီးနောက်မှာ သူမလည်း လွတ်လပ်သွားခဲ့ပြီ။

သူမသေသွားခဲ့ ပြီ နာကျင်ခြင်းက ဘာမှန်းမသိပေမယ့် သူမ တစ်စစီ ပေါက်ကွဲ သွားပြီး ထိုလူတွေကိုပါ အကုန်ဖောက်ခွဲနိုင်ခဲ့လို့ သူမပျော်တယ်။ နောက်ဆုံးတော့ သူမလွတ်လပ်သွားခဲ့ပြီ။

သူမရဲ့ ပျော်ရွှင်ခြင်းက သူမ ပြန်နိုးလာတဲ့ အချိန်မှာ သူမက စီးထုပ်ပီး ခြေလက်တွေလည်း လှုပ်မရဖြစ်နေခဲ့သလို မျက်လုံးလည်းဖွင့်မရဘူး။ သူမ ဘယ်ရောက်နေတာလဲ အကုန်လုံးက မှောင်မဲနေပီး ဘာဆို ဘာတစ်ခုမှ လုပ်လို့မရဘူး။ သူမ ငရဲများ ရောက်နေတာလား သူမဘ၀ကြီးက အစမ်းသပ်ခံအနေနဲ့ ချယ်လှယ်ခံရပြီးနောက် ဆိုးယုတ်တာမှန်သမျှ မလုပ်ဖူးတာ မရှိခဲ့ဘူး။ဆိုတော့ သူမ ငရဲမှာ အပြစ်တွေ ပြန်ပေးဆပ်နေရတာ ဖြစ်မယ်။ထိုတစ်ခဏမှာ သူမ နားထဲမှာ အသံတစ်ခုကို စူးကနဲ ကြားလိုက်ရတော့တယ် တီ.....တီ.... System နဲ့ ချိတ်ဆက်နေပါတယ် ~~~system~~နဲ့ ချိတ်ဆက်မှုပြုလုပ်နေပါတယ်•••တီ...တီ... Systemနဲ့ ချိတ်ဆက်မှုပြီးဆုံးပါပြီ။

သူမ "°°°°"

System???

System 'ဟုတ်ပါတယ် host အခုချိန်ကစပြီး
               Hostနဲ့အတူ အမြဲရှိနေမှာပါ'

သူမ "????"

A/N အခုမှ စရေးတာမို့ ဖတ်ရတာ ထောက်နေရင် ကြိုတင် တောင်းပန်ပါတယ်🙏🙏

I got a wife as the system Where stories live. Discover now