အပိုင်း(၅)အဂ္ဂိရတ်ပညာအား သင်ယူခြင်း

215 23 0
                                    

သူမအတွက် တောင်ပေါ်မှာဘဲ နေနေရတာ တအားပျင်းဖို့ကောင်းလွန်းတယ်။အဲ့ဒါကြောင့်ဘဲ သူမနဲ့ စွင်အာ အမြဲအကြံဉာဏ်ထုတ်ပြီး တောင်အောက်ကို ခိုးဆင်းလေ့ရှိတယ်။ တောင်အောက်ရောက်ရင် မေမေ့ဆီက ဂျီတိုက်ပြီးရလာတဲ့ ပိုက်ဆံနဲ့ သူမတို့ အရသာရှိတာတွေလည်းစားရင်း ရွာရိုးကိုးပေါက် လျှောက်သွားကြပြီး သတင်းစုံနားထောင်ကျတယ်။ ကျန်းဟူကလူတစ်ချို့အကြောင်းတွေ ဘယ် ဂိုဏ်းက ဂိုဏ်းသားက မိစ္စာသားရဲတွေကို ဘယ်လို တိုက်ခိုက်တာမျိုးတွေ ကျန်းဟူရဲ့ နာမည်ကြီး အဂ္ဂိရတ်ပညာရှင်က သူ့ဆီရောက်လာတတ်တဲ့ ဒုက္ခရောက်နေတဲ့ ကျန်းဟူသားတွေကို ဆေးမကုပေးဘဲ ပြန်လွှတ်တာမျိုးတွေ မျိုးစုံ ပြောနေကျတော့တယ်။ သူမက အစထဲက တောင်ပေါ်ကဆင်းကတည်းက ကောင်ငယ်လေး တစ်ယောက်လို ရုပ်ဖျက်ထားပြီးသား
ထိုသို့ အဂ္ဂိရတ်ဆရာရဲ့ ကျန်းဟူသားတွေအပေါ် ဆေးမကုပေးဘူးဆိုတဲ့ အကြောင်း ကို သူမစိတ်၀င်စားသွားပြီး ထိုအကြောင်းပြောနေတဲ့လူကို

"ဒီက ညီနောင် ပြောတဲ့ အဂ္ဂိရတ်ဆရာက ဆေးမကုပေးဘူးဆိုတဲ့ အကြောင်း ကြားလိုက်လို့ ကျွန်တော် သိချင်လာလို့ သူက ဘာလို့မကုပေးတာလဲ ဗျ။"

သူမရဲ့အသံက နူးညံ့ညင်သာပြီး စကားလုံးတစ်လုံးချင်းဆီက သူ့ရဲ့နှုတ်ကနေထွက်လာတာနဲ့ နားထောင်တဲ့ သူကို သူမေးတဲ့ အဖြေကို မဖြေဖြေအောင် ဆွဲဆောင်ညှို့ငင်နေသလိုဖြစ်နေတော့တယ်။

ထိူလူလည်း ထိုလူငယ်လေးရဲ့ အမေးကို အစပထမ ကြားလိုက်ရတော့ ဒါလေးတောင်မသိဘူးလားဆိုပြီး ခနဲ့ချင်ပေမယ့် ထိုလူငယ်ရဲ့ သွင်ပြင် အမူအယာ အပြောအဆိုတို့ကြောင့် သူ့နှုတ်ကနေ ထိုလူငယ်လေး သိချင်သမျှကို မသိစိတ်ရဲ့ စေခိုင်းချက်အရ အကုန်ပြောပြမိသွားတော့တယ်။

ထိုအဂ္ဂိရတ်ပညာရှင်က ကျန်းဟူတစ်ခွင်မှာ နာမည်ဆိုးနဲ့ကျော်ကြားတယ်။သူကသိပ်ကိုမာနကြီးသလို သူ့ရဲ့တပည့် ၅ယောက် စလုံးကလည်း သူတို့ဆရာလို မာနကြီးပြီး ဘယ်သူ့ကိုမှမတန်သလို ဆက်ဆံတတ်ကျတယ်။အဲ့အဖိုးကြီး က ဧကရာဇ်အဆင့် အဂ္ဂိရတ်ဆရာကြီးတစ်ယောက်ဖြစ်နေတော့ သူ့တပည့်တွေကလည်း မာနတံခွန်စိုက်ထူထားကျတော့တာပေါ့။ ကျန်းဟူလောကမှာက အဂ္ဂိရတ်ပညာသည်တွေက ရှားပါးသလို ဧကရာဇ်အဆင့် အဂ္ဂိရတ် ပညာရှင်တွေဆို လက်တစ်ဆုပ်စာတောင်မရှိကျတဲ့အထိနည်းပါးလွန်းကျတယ်။

I got a wife as the system Where stories live. Discover now