အပိုင်း(၁၄)

151 22 1
                                    

ထို ၀င်လာသူများကို တစ်ချက်ကြည့်ကာ
"ဒီက မိန်းကလေး အခန်းက တစ်ခန်းဘဲရှိတော့တာ ပြီးတော့ ကျွန်မက အရင်ရောက်လို့ ဒီအခန်းကို ကျွန်မ ငှားပြီးသွားပြီ"

"အဲ့တော့ ဘာဖြစ်လဲ ငါ ထျန်းရင် ဂိုဏ်းရဲ့ သခင်မလေးက ဒီအခန်းကိုယူမယ်ဆို နင်ဖယ်ပေးရမှာဘဲ ဟမ့်"

"နင့်ဘာသာ ထျန်းရင် ဂိုဏ်းသခင်မလေးမကလို့ ဘာကြီးဘဲ ဖြစ်နေ ပစေ ငါအရင်ယူထားတာ ဒီအခန်းက ဒါကြောင့် လစ်လိုက်တော့"

"နင်...နင်"

"ဆရာတူအစ်ကို အဲ့ ခွေးမကို သူ့နေရာသူသိအောင် ရိုက်ပစ်"

သူမနားက ဆရာတူအစ်ကိုဆိုသူ ကို တစ်ချက်ကြည့်လိုက်တော့ အသက်အားဖြင့် ၂၀ရှိလောက်မည်။ကောင်းကင်အဆင့်(အခြေတည်ခြင်း) အဆင့်ဖြစ်ပြီး
သူမကို အော်ဟစ် ကျိန်ဆဲနေတဲ့မိန်းကလေးမှာ သူမနဲ့ရွယ်တူလောက်ရှိမည် ကမ္ဘာမြေအဆင့်(ကနဦးအဆင့်ကို ကျော်လွန်ခြင်း)မှာပင်

ထိုဆရာတူအစ်ကို ဆိုသူမှ "ဒီကမိန်းကလေး ဒီအခန်းကို ကျွန်တော်တို့ကို ပေးလို့ရမလား။ ကျွန်တော် ဒီကမိန်းကလေးကို လျော်ကြေးအနေနဲ့ သလင်းကျောက်တုံး နှစ်ဆ ပေးပါ့မယ်။ ဒီကမိန်းကလေး သဘောတူပါရဲ့လား"

ဟမ့် သူတို့က သူမကို လျော်ကြေးနှစ်ဆပေးပြီး ဖယ်ခိုင်းနေတာဘဲမလား။ သူမက အရင်ရောက်တဲ့သူလေ

"ကျွန်မကတော့ လက်မခံနိုင်ပါဘူးရှင် လောင်းပန် ကျွန်မကို အခန်းသော့ပေး ရော့ ဒီမှာ ကျသင့်ငွေ"

ဘေးကနေ ပွဲကြည့်နေကျသူတွေကတော့ သူမကိုသနားနေကျတယ်

"အဲ့ကောင်မလေး အရိုက်ခံရလောက်တယ်။ သူ့ကိုကြည့်ရတာ ဘာသိုင်းပညာမှတက်ပုံမပေါ်ဘူး ကြည့်ပါလား နုနုရွရွလေး အိမ်က ထွက်‌ေပြးလာတဲ့ အိမ်တော်တစ်ခုက သခင်မလေးပုံဘဲ ဟိုက ပြသနာသမား ထျန်းရင်ဂိုဏ်းချုပ်ရဲ့ သမီး ဒီကောင်မလေးတော့ ဒုက္ခရောက်ပြီဘဲ"

သူတို့စကားမဆုံးသေးပါဘူး ဝှီးကနဲ ပြန်ဝဲလာသော ဓားတစ်လက်ဟာ အရှိန်ဖြင့် လေကို ထိုးခွင်းလာသောကြောင့် သူမ ရှောင်လိုက်ရသည်။ ကံဆိုးစွာဘဲ အမြန်ရှောင်လိုက်ရတဲ့ အရှိန်ကြောင့် ခေါင်းပေါ်မှ ခမောက်မှာ အောက်သို့ပြုတ်ကျသွားလေတယ်။

I got a wife as the system Donde viven las historias. Descúbrelo ahora