အပိုင်း(၂)အရွယ်ရောက်လာခြင်း

268 30 0
                                    

သူမ ဘ၀မှာ အခုလို မိသားစု နဲ့ ပျော်ရွှင်ရမယ်ဆိုတာ အိမ်မက်တစ်ခုလိုပါဘဲ။အိပ်နေရာကနေ နိုးထလာရင် ထို ပျော်ရွှင်စရာ အခိုက်အတန့်လေးက ပျောက်ဆုံးသွားမယ် ဆိုတာ သူမ အမြဲကြုံတွေ့နေခဲ့ရကြ ဖြစ်တဲ့ အကြောင်းအရာ တွေက တစ်ခုပေါ့။ ထိုသို့ ခဏ ခဏ ကြုံတွေ့ရပြီးနောက်မှာ သူမက ပိုပြီးရက်စက်လာသလို သွေးအေးလာခဲ့တယ်။ အကြောင်းအရင်းကတော့ သူမ ပျော့ညံ့တဲ့လူတစ်ယောက်မဖြစ်ချင်ဘူး သူမ သန်မာရမယ် သူမကိုယ်တိုင် သန်မာမှ ကိုယ့်ကို ကို ကာကွယ်နိုင်မှာ မို့လို့ဘဲ။

ယခုအချိန်မှာတော့ သူမသိလိုက်ရတာ သူမ အိမ်မက်မက်နေတာ မဟုတ်ဘူးဆိုတာဘဲ။ သူမရဲ့ စိတ်ဝိဉာည်ထဲမှာ အမြဲလိုလို ပေါက်ပေါက် ဖောက်နေတတ်တဲ့ system ရှိနေတယ်။ ပြီးတော့ သူမကို တစ်ချိန်လုံး ချီပိုးပြီး ပြုံးပျော်ရွှင်နေကျတဲ့ လင်မယားနှစ်ယောက်လည်းရှိတယ်။ သူတို့နှစ်ယောက်က သူမ ပျော်ရွှင်အောင် သူမကို ဟာသတွေပြောလိမ့်မယ်။သူမ မရယ်ခဲ့ရင် သူတို့ လင်မယားနှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း သက်မချကျလိမ့်မယ်။ သူတို့ ဘယ်လောက်ဘဲ သူမကို ‌ရယ်မောအောင် လုပ်လုပ် သူမ မရယ်ခဲ့ဘူး မဟုတ်ဘူး... မရယ်တတ်တာလို့ ပြောရမလား သူမ တစ်ခါမှမရယ်ဖူးဘူး။

အဲ့ဒီလိုနဲ့ ဆောင်းတွေ မိုးတွေ ပြောင်းသွားကာ သူမလည်း အရွယ်ရောက်လာခဲ့တယ်။ သူမ ဒီကမ္ဘာနဲ့ ပက်သတ်ပြီး ပိုပိုပြီးနားလည် လာတော့တယ် အထူးသဖြင့် system ရဲ့ အကူအညီနဲ့ပေါ့။ ဒီကမ္ဘာက သူမနေခဲ့တဲ့ မော်ဒန် ကမ္ဘာနဲ့ အများကြီး ကွာခြားတယ်။ ဒီမှာက ခေတ်မီတိုးတက်နေတဲ့ စက်ပစ္စည်းတွေ အဆောက်အအုံ အမြင့်ကြီးတွေ မရှိဘူး။ပြီးတော့ လမ်းမထက်မှာ ဆူညံစွာ မောင်းနှင်နေတဲ့ လေထု ညစ်ညမ်းစေတဲ့ ကားတွေ စက်မှုဇုန်တွေလည်းမရှိဘူး။ ဒီမှာနေထိုင်တဲ့ လူတွေ အများစုက ကျင့်ကြံအားထုတ်ကြပြီး ဒီကမ္ဘာမှာ ထူးဆန်းတာမှန်သမျှရှိတယ်။ သူမလို မော်ဒန်ခေတ်က လူထူးဆန်း အတွက်တော့ ဒီကမ္ဘာက သူမနဲ့ အသင့်တော်ဆုံးလို့ သူမထင်တယ်။ သူမပိုသိလာလေ ပို သဘောကျလာလေဘဲ ဒီကမ္ဘာကို....

သူမအသက် ၄နှစ် အရင်ဘ၀က သူမဘ၀ စုတ်ပျက်ခဲ့တဲ့ အချိန်ပေါ့ အခုတော့ သူမဘ၀က တကယ် ကြည်နူးဖို့ကောင်းတယ်။ သူမကို အရမ်းအလိုလိုက်တဲ့ အမေနဲ့အဖေ ရှိလာတယ် သူမက တခြားကလေးတွေလို တီတီတာတာ မလုပ်တတ်ပေမယ့် ထို မိဘနှစ်ယောက်ကတော့ သူမကို အဆုံးအစွန်ထိ မိုးပေါ်ထိလုမတတ်ကို မြှောက်ပင့်ထားကျတယ်။ သူမ အသက် ၄နှစ် သူမ တတ်ကျွမ်းထားသမျှကို ယခုခန္ဓာကိုယ်နဲ့ အသားကျအောင်ကြိုးစားနေတဲ့အချိန် သူမ အဖေက သူမလေ့ကျင့်နေတာကို တွေ့ပြီး အံ့အားသင့်သွားတော့တယ်။ ဘာလို့ဆို သူမကို သူတို့နှစ်ယောက်လုံး တစ်ခါမျှ မသင်ကြားပေးခဲ့လို့ဘဲ။

သူတို့ နှစ်ယောက်က သိုင်းလောကရဲ့ တစ်ချိန်က ထွန်းတောက်ခဲ့ကြတဲ့ တာအိုလက်တွဲဖော် နှစ်ယောက် ...

နောက်တော့ သူတို့နှစ်ယောက် ထို သိုင်းလောက က ထွက်ခွာပြီး ငြိမ်းငြိမ်းချမ်းချမ်းနေဖို့ ဆုံးဖြတ်ထားခဲ့ကျတယ်။ ထိုသို့ ဆုံးဖြတ်ပြီး ထွက်ခွာခဲ့ရာကနေ ကလေးတစ်ယောက် ကောက်ယူမွေးစားမိပြီးနောက်မှာ သူတို့ တအားပျော်ခဲ့ကြတာ သူတို့ ဘ၀လေးက ကလေးလေးပါ ရလာတော့ ပြီးပြည့်စုံလာတယ်လို့ ခံစားလာရတယ်။

ထိုခံစားချက်က ကလေးတဖြည်းဖြည်း အရွယ်ရောက်လာပြီးနောက်မှာတော့ သူ့ရင်ထဲမှာ ထူးဆန်းမှု တစ်ခုခု ရှိလာတယ်လို့ ခံစားလာရတယ်။ ကလေးက အရွယ်ရောက်လာပေမယ့် စကားသိပ်မပြောဘူး အရယ်အပြုံးလည်းမရှိဘူး တအားတိတ်ဆိတ်လွန်းပြီး အိမ်မှာ ကလေးတစ်ယောက်ရှိတယ် လို့တောင် မထင်ရဘူး။ကလေးက တစ်ချိန်လုံး တစ်ယောက်ထဲနေနတတ်ပြီး အကြောင်းအရင်း ရေရေရာရာ မရှိဘဲ ခဏ ခဏ ပျောက်ပျောက်သွားတတ်ပြီး ရှာတွေ့ရင်လည်း မျက်နှာက မအီမသာဖြစ်နေပြန်ရော။ တစ်ခါတစ်လေ ကြရင်လည်း အကြောင်းမဲ့ အတွေးတွေထဲ နစ်မွန်းနေသလိုမျိုး ကြောင်တောင်တောင်ဖြစ်နေတတ်တယ်။

ထိုအကြောင်းတွေကို မိန်းမဖြစ်သူကို ပြောပြရင် မိန်းမဖြစ်သူက ကလေးကို ဖူးဖူးမှုတ်ထားတော့ ကလေးနဲ့ ပတ်သတ်တဲ့ မကောင်းတဲ့အရာ ပြောရင် မကြိုက်ဘူး။ သူလည်း နောက်တော့ ကလေးကို မျက်ခြေမပြတ် စောင့်ကြည့်နေတော့တယ် ဒါပေမယ့် ထိုကလေးက တအားလည်တယ်ဆိုတာ သူစောင့်ကြည့်လေလေ သိလာလေဘဲ သူ့လို ကျင့်ကြံသူတစ်ယောက်ရဲ့ စောင့်ကြည့်ခြင်းကို ခံရတဲ့ သာမန်ကလေးက သူဘယ်လောက်ဘဲ စောင့်ကြည့်နေပါစေ သူ့လက်ထဲက လွတ်ထွက်ပြီး ပျောက်ပျောက်သွားတာ သိပ်ထူးဆန်းတယ်။ ပိုထူးဆန်းတာက သူ ထိုကလေးမလေးကို စောင့်ကြည့်နေရာကနေ တစ်နေ့ သူ သူမ ဘာတွေ လုပ်နေလဲဆိုတာ ရှာတွေ့တော့တယ်။ သူမက သိုင်းလေ့ကျင့်နေခဲ့တာ သူမရဲ့ တိုက်ကွက်တွေက ရက်စက်ပီး တအားကိုမျှ လျင်မြန်နေခဲ့တယ်။ သူ သူမ ရဲ့ကျင့်ကြံဆင့်ကို အကဲခတ်ကြည့်မိရာမှ သူ အံ့အားသင့်သွားတယ် ထိုကလေးက အမြုတေတောင်ဖွဲ့စည်းပြီးသွားပြီ။ သူစူးစမ်းရသလောက်တော့ အမြုတေ ဖွဲ့စည်းပြီးတာ သိပ်မကြာလောက်သေးတဲ့ အချိန်တစ်ခုက ဖြစ်လောက်မယ်။

တကယ်ဘဲ ဒီကလေးမလေးကဘာလဲ။တကယ်ဘဲ ဘယ်သူလဲ။

I got a wife as the system Where stories live. Discover now