အပိုင်း(၂၆)

140 19 0
                                    

အကုန်သေကုန်ကျပြီ။ဒီတစ်ကြိမ်မှာ ၅ယောက်ဘဲရှင်ကျန်ရစ်ခဲ့တော့တယ်။၅ယောက် သူမ၊ဟေးဝူချင်း၊လော့ယန်၊ဇာတ်လိုက်နဲ့ သူ့လက်ထောက်။

ကျန်တဲ့လူအကုန်သေကုန်ကျပြီ။သူမလည်းမတတ်နိုင်ခဲ့ဘူး ဒီတစ်ခေါက်က အဆိပ်ရှိမြွေဂူထဲရောက်သွားရတာ သူမတို့ကံမကောင်းခဲ့ဘူး။ဇာတ်လိုက်ဖြစ်သူနဲ့ သူ့လက်ထောက်ကတော့ မှိုင်တေနေကျတယ်။ အကြောင်းအရင်းက သူတို့လူ သုံးယောက်လုံး ဇာတ်လိုက်ကို ကာကွယ်ပေးရင်း သေသွားရခြင်းကြောင့်ပင်။

သူတို့ နှစ်ယောက်ရဲ့ ၀မ်းနည်းပူဆွေးနေမှုကိုကြည့်ရင်း သူမသက်ပြင်းတစ်ချက်ချကာ

"ကျွန်တော်တို့ခနနားကြတာပေါ့ နောက်မှဆက်သွားကြရအောင်"

သူမ ၀မ်ကျားရင်း အ‌နားသို့သွားလိုက်ရင်း
"မင်းခန္ဓာကိုယ်မှာ ဒဏ်ရာတွေနဲ့ ရော့ ဒီဆေးသုံးလိုက် အမြန်သက်သာသွားအောင် "

"ကျေးဇူး"

"အင်း"

'အားချင် ဇာတ်လိုက်ကသနားဖို့ကောင်းလိုက်တာ သူ့ပုံလေးကိုကြည့်ပါအုံး။သွားပြီးနှစ်သက်လိုက်ပါလား။’

*အခုအချိန်ကသူ့ဘာသာ တစ်ယောက်တည်းနေလိုက်တာက သူ့အတွက်အကောင်းဆုံးဘဲ။နောက်မှဒီအဖြစ်အပျက်ကို သူလက်ခံနိုင်ပြီး လက်လွှတ်နိုင်သွားမှာ*

ဒီလိုနဲ့သူမတို့ အချိန်နှစ်ရက်လောက်ကုန်သွားပြီးနောက်မှာ ၀မ်ကျားရင်းနဲ့ရီရှင်းတို့စိတ်တွေလည်း အနည်ထိုင်သွားတော့တယ်။

ထိုမှသာသူတို့လည်းခရီးဆက်ကြတော့တယ်။ဒီတစ်ခေါက်ခရီးလမ်းမှာတော့ အကုန်လုံးကတိတ်ဆိတ်နေကျပြီး အခြေအနေက ကို့ယို့ကားယားဆန်နေသော်လည်း ဘယ်သူကမှစတင်ပြီး ထိုအခြေအနေကိုဖြိုခွင်းကာ စကားစမလာကျပေ။

ဤသို့ဖြင့် သူမတို့ လျှောက်လာလိုက်သည်မှာ အတန်ငယ်ထူးဆန်းသောနေရာသို့ရောက်သည်အထိပင် အဘယ့်ကြောင့်ထူးဆန်းတယ်လို့ပြောရလဲဆိုရင် ထိုနေရာသို့ရောက်သည်နှင့် သူမတို့ဆက်သွားလို့မရတော့လို့ပင်။ အရှေ့မှာ အတားအဆီးတစ်ခုနှင့်ပိတ်ထားသကဲ့သို့ ထိုနေရာရဲ့အရှေ့အလွန်တွင်ရှိသောမည်သည့်အရာကိုမျှ ရှင်းလင်းစွာမမြင်ရတော့ချေ။

သူမတို့ငါးယောက်သား တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန်ကြည့်ကာသူမတို့ရှာနေသော နေရာကို ရောက်လာပြီဖြစ်ကြောင်းသတိထားမိသွားတော့သည်။

"ဘယ်လိုဆက်လုပ်ကျမလဲ"

"အရင်ဆုံးငါတို့ငါးယောက်ရဲ့အတွင်းအားနဲ့ ဒီနေရာကိုအရင်ဖွင့်ကျတာပေါ့"

"ကောင်းပြီ"×4

သူမတို့အတွင်းအားများကိုစုစည်းကာ ထိုပိတ်ထားသောအတားအစီးကိုဖွင့်ဖို့ကြိုးစားကျရာ

အချိန်အားဖြင့် ၅မိနစ်..၊၁၀မိနစ်...၊မိနစ်၂၀....၊နာရီ၀က်....

ထိုသို့ဖြင့် အချိန်တစ်နာရီ ၊သူမတို့ အတွင်းအားတွေလျော့နည်းလာကာ ပင်ပန်းလာသော်လည်း ထို အတားအဆီးမှာ တုပ်"မျှ လှုပ်မလာခဲ့ပေ။

သူမတို့လည်း အတွင်းအားများကိုရုပ်သိမ်းလိုက်ကာ တစ်ယောက်နဲ့တစ်ယောက် အားရုပ်စွာကြည့်လိုက်မိတော့တယ်။

"ဘယ်လိုဖြစ်လို့ အတားအဆီးက နဲနဲမှ မလှုပ်ရတာလဲ"

"ငါတို့ခနလောက်အနားယူကျရအောင်၊နောက်မှ ဘာလုပ်ရမလဲဆက်စဉ်းစားတာပေါ့။"

*အားစွင် ဘာလို့ဖွင့်မရလဲသိလား*

'အဲ့အတားအဆီးပေါ်သွေးစက်ချလိုက် တကယ်လို့ ဒီနေရာကိုဆက်ခံရမယ့်လူသာမှန်ရင် အတားအဆီးက အလို"ပျက်ပျယ်သွားလိမ့်မယ်'

*အဲ့လိုကိုး ဒါဆို ငါအရင်ဆုံး အတွင်းအားပြန်ဖြည့်လိုက်အုံးမယ် နောက်မှ နင်ပြောသလိုလုပ်ကြည့်တာပေါ့*

နာရီ၀က်ကြာပြီးနောက်-

သူမထိုင်ရာမှထရပ်လိုက်ကာ ထိုအတားအဆီးရှိရာဆီသို့ လျှောက်သွားလိုက်ပြီး သူမလက်ကိုကိုက်ဖောက်ကာ ထွက်လာသောသွေးကို ထိုနေရာသို့ကျစေလိုက်တယ်။

သုမ၏လုပ်ရက်ကို အကုန်လုံးက စောင့်ကြည့်နေကျပြီး ထိုအချိန်မှာဘဲ မထင်မှတ်ထားစွာ မိုးခြိမ်းသံကြီးမှာ ကြောက်မက်ဖွယ် ပေါ်ထွက်လာပြီး သူမလည်း ထိုနေရာမှ ထူးဆန်းစွာ ပျောက်သွားတော့တယ်။

သူမကိုစောင်ကြည့်နေကျသော လူများအံ့ဩသွားသည်သာမက သူမလည်း ဘာဖြစ်သွားမှန်းမသိတာကြောင့် အံ့ဩသွားတော့တယ်။

I got a wife as the system Where stories live. Discover now