အပိုင်း(၁၃) ၀မ်ချန်မြို့

168 21 0
                                    

လမ်းသွားလမ်းလာ လူပေါင်းများစွာနှင့် စည်ကားလှသော ၀မ်ချန်မြို့

ကျန်းဟူလောကရဲ့ နာမည်ကြီးမြို့တွေ ထဲမှ တစ်ခု အပါအ၀င်ဖြစ်သော ၀မ်ချန်မြို့ဟာ နေရာပေါင်းစုံမှ လာရောက်ကျသော သိုင်းလောကရှိ လူပေါင်းစုံကို တွေ့မြင်နိုင်သောနေရာတစ်ခု

၀မ်ချန်မြို့ရဲ့ နာမည်အကြီးဆုံး တည်းခိုဆောင်ကြီး သုံးခု ၀မ်မင်းချန်၊ ၀မ်ဟုန်ချန်၊၀မ်လင်းချန် ဟူ၍ ၀မ်ချန်မြို့ ကိုယ်စားပြု တည်းခိုဆောင်ကြီး သုံးခုမှာ လူစည်ကား နေလေသည်။

၀မ်လင်းချန် တည်းခိုဆောင်၌

ကျန်းဟူသားများရဲ့ ထုံးတမ်းအရ ကျန်းဟူရဲ့  အတင်းအဖျင်းများစွာကို ပြောပြနေကြလေသည်။

"ဒီက ညီနောင်တို့ သတင်းတစ်ခု ကြားပြီးပြီလား"

"ဘာများလဲ ကြားရတဲ့ သတင်းတွေက နားမဆန့်အောင် ကြားရလွန်းလို့ ဘာတွေမှန်းတောင်မသိတော့ဘူး။ ပြောပါအုံး ဘာအကြောင်းများလဲ"

"လွန်ခဲ့တဲ့ ၅နှစ်လောက်ကလေ ‌နတ်မြေခွေးမျိုးနွယ်စုရဲ့ သခင် လုပ်ကြံခံရတယ်ဆိုဘဲ။သူတို့မျိုးနွယ်က မျိုးနွယ်၀င်တွေဆိုတာ သူတို့ သခင်လုပ်ကြံခံရပြီး ပျောက်သွားတဲ့ နောက် လိုက်ရှာကျတာ ရှာမတွေ့ဘူးတဲ့။ အဲ့တာနဲ့ သူတို့ မျိုးနွယ်စုသခင်ကို လုပ်ကြံပါတယ်ဆိုပြီး နတ်ဝံပုလွေတွေနဲ့ အချင်းများကျတာ အခုအထိဘဲတဲ့ဗျို့"

"ဟယ်.. အဲ့တော့ အနိုင်အရှုံးမထွက်သေးဘူးလားအခုထိ ကြားသိရသလောက်တော့ နတ်မြေခွေးမျိုးနွယ်စု နဲ့ နတ်ဝံပုလွေတွေက မတည့်ကျလို့ အမြဲရန်ဖြစ်တယ်ဆို နတ်မြေခွေးသခင် ပျောက်နေတဲ့ အချိန် နတ်ဝံပုလွေတွေက အခွင့်အရေး အများကြီးရကျမှာ မဟုတ်ဘူးလား။ ဘာလို့ သူတို့ စစ်ပွဲက အခုထိမပြီးသေးတာလဲ။"

"ကြားရသလောက်ကတော့ နတ်မြေခွေးမျိုးနွယ်စုက အမုန်းမီးတွေတောက်လောင်ပြီး သူသေကိုယ်သေ အပြီဆွဲတာတဲ့ နတ်ဝံပုလွေတွေလည်း အခြေအနေမဟန်ဘူးကြားတယ်။"

*စွင်အာ နတ်မြေခွေးမျိုးနွယ် အကြောင်း ငါ့ကိုပြောပြပါလား ငါသိချင်လို့*

I got a wife as the system Where stories live. Discover now