အပိုင်း(၈)

179 23 0
                                    

သူမစာအုပ်ထဲကအတိုင်း ပထမဆုံးအနေနဲ့ ထိုကြာပန်းမီးတောက်ကို ဝိဉာည်စွမ်းအားနှင့် ထိန်းချုပ်၍ အပူချိန်ကို သေချာစွာ ချိန်ညှိကြည့်ပြီးနောက် မီးပြင်းဖိုထဲကို သူမ ယခု ဖော်စပ်မယ့် ‌ဆေးလုံးရဲ့ ဆေးအမယ်များကို ထည့်ကာ စတင်ဖော်စပ်တော့တယ်။

ဆေးလုံးစတင်ဖော်စပ်တဲ့လူရဲ့ပတ်၀န်းကျင်ဟာအနှောင့်အယှက်ကင်းနေရမယ် ဒါမှသာ ဖော်စပ်သူဟာ ဆေးဖော်စပ်ရာမှာ အပြည့်အ၀ အာရုံစိုက်နိုင်မှာသာဖြစ်တယ်

ဆေးလုံး ဖော်စပ်ပြီးနောက်မှာ အရေးကြီးဆုံးဟာ ‌ဆေးလုံး သန့်စင်ခြင်းဖြစ်ပြီး ထိုအဆင့်မှာ ကိုယ့်ရဲ့ ဝိဉာည်စွမ်းအင်နဲ့ မီးတောက် ကို ကျွမ်းကျင်ပိုင်နိုင်မှသာ အရည်အသွေးအကောင်းဆုံး ဖြစ်တဲ့ အမြင့်ဆုံးအဆင့် ဆေးလုံးကိုရရှိမှာဖြစ်တယ်။

သူမ ပထမဆုံး ဆေးကို ဖော်စပ်ရမှာဖြစ်လို့ လွယ်ကူ ရိုးရှင်းတဲ့ ချီစွမ်းအင်ပြည့်၀ ဆေးလုံးကို အရင်ဉီးစွာ ဖော်စပ်တော့တယ်။ ပထမဆုံးအကြိမ်အနေနဲ့ မီးကို အခုမှ စသုံးရတဲ့အတွက် ပထမဆေးလုံးမှာ ပျက်ဆီးသွားတော့တယ်။ ထို့နောက် ဒုတိယတစ်ခါ၊ တတိယတစ်ခါ၊ စတုတ္ထတစ်ခါ မှာသာ ဆေးလုံးက အမြင့်ဆုံးအဆင့်ကို ရရှိတော့တယ်။

"ဒီဆေးလုံးဖော်စပ်တာက တအားခက်တာဘဲ။လေးခါလောက်လုပ်မှဘဲ ရတော့တယ် ဟူးးး"

အချိန်အားဖြင့် ညနေ (၄)နာရီ

' ပြီးပါပြီလား ခင်ဗျာ'

*အေး နင်လဲကြာတာ ဘယ်လိုလဲ အခြေအနေ*

'ကျွန်တော်ကြာတာ မဟုတ်ဘူး ကျွန်တော်ပြန်လာတော့ အားချင်(ချင်အာ အတူတူပါဘဲ) က ဆေးဖော်စပ်နေလို့ မနှောင့်ယှက်ချင်လို့ ငြိမ်နေတာ'

*ကယ်ပါ ‌အဆိပ်ခတ်တဲ့သူ ??*

'အဆိပ်ခတ်သူက နတ်ဝံပုလွေမျိုးနွယ်စုက အဆိပ်ဖော်စပ်ပြီး မွေးမြူသူကလည်း နတ်ဝံပုလွေ မျိုးနွယ်စုကဘဲ သူက အဆိပ်ဖော်စပ်ပေးပေမယ့် အဆိပ်ခတ်တဲ့သူတော့မဟုတ်ဘူး'

*လာပြန်ပြီ နတ်ဝံပုလွေ သူတို့က ဘာလို့ အဆိပ်ခံရတာလဲ? ကြည့်ရတာ ဒီမြေခွေးလေးရဲ့ ဇာတိက သာမန်မဟုတ်လောက်ဘူး။ ထားပါ အဲ့ နတ်ဝံပုလွေ အဆိပ်ဖော်တဲ့သူကို ဒီဘက်မြှားခေါ်ခဲ့ သူ့နှလုံးသွေးကိုဖောက်ထုတ်ပြီးရင် ငါတို့ ဒီကပြန်မယ်။ မြေခွေးလေးကို system spaceထဲထည့်ထားလိုက်။ပြီးမှပြန်ထုတ်မယ်။ အခုဟို ဝံပုလွေ‌ကို ဒီဘက်မျှားခေါ်ခဲ့တော့။*

I got a wife as the system Where stories live. Discover now