အပိုင်း(၉)

168 26 2
                                    

သူမတို့ ထို တောအုပ်မှ ထွက်လာပြီးနောက် အိမ်သို့ပြန်လာခဲ့ပြီး သူမ တံခါးပိတ်ကျင့်ကြံ‌တော့မယ့်အကြောင်းပြောပြီးနောက်မှာတော့ စတင်လေ့ကျင့်တော့တယ်။ အချိန်အများစုကို ဆေးဖော်စပ်ရာ၌သာ သူမကုန်ဆုံးလေ့ရှိပြီး တချို့အချိန်တွေမှာတော့ ဓားရေးကို ဆက်လက် လေ့ကျင့်ရင်း အဆင့်ဆက်တက်ရန် လေ့ကျင့်တော့တယ်။

မြေခွေးလေးကို သူမသွေးတိုက်ဖို့ စွင်အာကို တာ၀န်ပေးပြီးနောက် ပထမဆုံးအနေနဲ့ သူမသွေးကို တိုက်ဖို့လုပ်ဆောင်တဲ့အခါမှာတော့ မြေခွေးလေးက လက်မခံဘဲ အော်ဟစ်တော့တယ်။ အကြောင်းအရင်းကတော့ သူ့ကို ကယ်တင်ခဲ့တယ့် မိန်းကလေး မဟုတ်ဘဲ ဘယ်ကမှန်းမသိတဲ့ ကောင်လေးက သူ့ကို သွေးတွေတိုက်နေတာကြောင့်ဘဲဖြစ်တယ်။

ပိုပြီးထူးဆန်းတဲ့အရာက ထို မြေခွေးလေးရဲ့ပါးစပ်မှ လူသားဘာသာစကားများထွက်လာခြင်းပင် ပြီးတော့ မိန်းကလေးအသံ..

ထိုမြေခွေးက အမမှားလို့ မိန်းကလေး မဟုတ်သေးပါဘူး မိန်းမသိတော့ဘူးကွာ အားချင်ကို ပြောမယ်ဟုတ်တယ်လေ~~ အဲ့ဟာမလေးက သူ့ကိုယ်သူ "ငါကိုယ်တော်ကိုထိနဲ့ "တို့ "ငါကိုယ်တော်ကို ဘာတွေလာတိုက်နေတာလဲ"တို့

သူ့မှာ သူက ခင်ဗျားကို ကယ်တင်ခဲ့တဲ့ မိန်းကလေးရဲ့ လက်ထောက်လို့ ရှင်းပြပေမယ့်မရ သွေးလည်းတိုက်မရ အော်ဟစ် သောင်းကျန်းနေတာကြောင့် အဆိပ်မှာ ပြန်ထလာတော့တယ်

သူလည်း အချိန်မနှောင့်နှေးရဲတော့ဘဲ အားချင်ကို နှောင့်ယှက်ရတော့တယ်။

'အားချင်ရေ ဟိုအမ လေး~~ အယ်မှားလို့ ဟို မြေခွေးမလေးက ကျွန်တော် တိုက်တာ မသောက်ဘဲ အားချင်ကို မတွေ့လို့ သောင်းကျန်းနေပြီး အဆိပ်ပြန်ထလာလို့'

*ဘာ!!!*

*သူ့ကို အပြင်ထုတ်လိုက် ငါကိုယ်တိုင်တိုက်လိုက်မယ်။*

I got a wife as the system Where stories live. Discover now