အပိုင်း ၃၀ (ခွေးစာကျွေးမယ်)

215 17 1
                                    

မနက်ခင်းလေးမှာ သူမနိုးထလာစဉ် သူမ၏ခါးတွင် သန်မာသော လက်တစ်ဖက်ဟာ ပွေ့ပိုက်ထားပြီး သူမမှာ တစ်ယောက်သော သူ၏ ရင်ခွင်ထဲသို့ ရောက်ရှိနေလေသည်။

သူမကို ပွေ့ဖက်ထားသောသူအား မော့ကြည့်လိုက်မိရာ တိရိပြတ်သား၍ နီစွေးသော နှုတ်ခမ်းတစ်စုံ၊ပုံမှန်ဆို လူကို စူးရှစွာကြည့်တတ်သော မျက်၀န်းအစုံဟာ အခုတွင်တော့ ပိတ်လျက်သား၊ ဖြောင့်စင်းလှသော နှာတံ၊မေးရိုးချွန်"ဖြင့် နတ်ဘုရားတစ်ပါးမအလား ချောမောလှသော သူအားကြည့်၍ သူမလက်ဖြင့် ထိုသူ၏ မျက်နှာအစိတ်အပိုင်းများအား လိုက်တို့နေမိရာ နှုတ်ခမ်း၌ ဆုံးသွားသောအခါ ဘယ်အချိန်ထဲကနိုးနေမှန်းမသိသော ထိုသူဟာ သူမလက်ညှိုးကို သူ၏ သွားအစွယ်လေးဖြင့်ကိုက်လာလေတယ်။

ဟုတ်ပါတယ် သူ့မှာ အရမ်းချစ်ဖို့ကောင်းတဲ့ သွားအစွယ် သေး"လေး နှစ်ခုရှိတယ်။သူစကားပြောလိုက်ရင်မသိသာပေမယ့် အခုလို သူမကို ကိုက်တဲ့အချိန်မှသာ ထို ချစ်စဖွယ် သွားအစွယ်လေးက ပေါ်လာတော့တယ်။

အစပထမကတော့ သူမကို ကိုက်တာကြောင့် စိတ်အလိုမကျဖြစ်သွားပေမယ့် ထို သွားစွယ်လေး၏ လွှမ်းမိုးမှုအောက် ကျဆုံးသွားချိန်မှာတော့ ထိုသွားစွယ်လေးကိုဘဲ ကြောင်တောင်"လေးငေးကြည့်နေတော့တယ်။

သူမလေးရဲ့ ချစ်စဖွယ် အကြည့်ကြောင့် သူ သူမကို မနမ်းဘဲမနေနိုင်တော့

ထိုသို့ဖြင့် မနက်ခင်းလေးဟာဆိုရင် ချစ်သူနှစ်ဦး၏ အနမ်းများဖြင့် ကြည်နူးစရာ အပြည့်ပင်။

နမ်းလို့၀သွားမှ သူမလေးကို လွှတ်လိုက်ကာ နဖူးလေးအား ကြင်နာစွာ အနမ်းတစ်ပွင့်ခြွေကာ အိပ်ရာမှထလိုက်ပြီး သူမလေးအား ပွေ့ချီ၍ ရေချိုးခန်းသို့

သူတို့နှစ်ယောက် ကြင်စဦး မောင်နှံလို ပြုမူနေကျကာ စားသောက်နေချိန်မှာလည်း အကဲပိုလွန်းနေတာကြောင့် ဘေးမှ ဝံပုလွေနှစ်ကောင်မှာ စူပုတ် စူပုတ်ဖြင့် အမြင်မကြည်စွာ ကြည့်နေတော့တယ်။

နောက်ဆုံး မနေနိုင်တော့တဲ့ လော့ယန်က "မင်းတို့နှစ်ယောက်က...."

"ကိုယ်တော့် ဇနီးလေ"

လော့ယန်"....."

ဟေးဝူချင်း"..."

A/N sorry နော် ကိုယ်မအားလို့ အခုလည်း တအားတိုသွားတယ်ပေါ့နော် ရေးထားတာတော့ကြာပြီရယ် ဆက်မရေးဖြစ်သေးတာနဲ့ မတင်တာလည်းကြာသွားတော့ ဒီ တို"လေး‌နဲ့ဘဲ နှစ်သိမ့်ရတော့တယ်။ 对不起大家🥺

I got a wife as the system Where stories live. Discover now