အပိုင်း ၃၅(မဂ်လာပွဲ ၂)

127 14 1
                                    

သူမအား ပြင်ဆင်ပေးသော မိန်းမငယ်တို့မှာ ကျွမ်းကျင်သူတွေလို့ မပြောရဘူး အကုန်ပြင်ဆင်ပြီးနောက် သူမတောင်အတော်အံ့ဩသွားရတဲ့အထိကို အတော်လှတယ်။

"ဧကရီက သိပ်လှတာဘဲ နတ်သမီးလေးကျနေတာဘဲ။ ကျွန်မတို့ အရှင်ကလည်း ဧကရီ့အပေါ် သဲသဲလှုပ်နေရောဘဲ"

"သူကဘယ်လိုတွေလုပ်နေလို့ သဲသဲလှုပ်တယ်ပြောတာလဲ"

"ဒီလို ဧကရီရဲ့ ရှေ့ရက်တွေထဲက အရှင်က ဧကရီတင်မြှောက်ဖို့လုပ်တယ်လေ အဲ့တာ ဧကရီတင်မြှောက်မယ့်လူကဘယ်သူလဲဆိုတာ အကုန်လုံး သိချင်နေကျတော့တာ။ အဲ့တာနဲ့ သူတို့တွေ စုံစမ်းကျတော့တာပေါ့ အရှင် တင်မြှောက်မယ့်သူက လူသားမိန်းကလေးဆိုတာ သိတော့ ဘိုးတော်တွေက ကန့်ကွက်ကျတယ်လေ။ အဲ့တာနဲ့ အရှင်က ဘာလုပ်လိုက်လဲသိလား"

သူမလည်း တအားသိချင်နေပြီ "ဘာလုပ်လိုက်လဲ"

"အဲ့လိုပြောတဲ့ လူတွေကို အရှင်က အကုန်လုံးကို ရှေ့ထွက်ခိုင်းလိုက်တယ် ပြီးလည်းပြီးရော တစ်ယောက်ချင်းစီရဲ့ မကောင်းမှုတွေကို အကုန်ဖော်ထုတ်လိုက်တယ်လေ။ အဲ့လိုဖော်ထုတ်ခံရတော့ အကုန်လုံး အပြစ်ဒဏ်ပေးခံရတဲ့အနေနဲ့ တစ္စေဂူကို အပို့ခံလိုက်ရတယ်။"

"တစ္စေဂူ က ဘယ်လိုနေရာလဲ"

"တစ္စေဂူဆိုတာက

"ကျန်းကျန်း နင် စကားများနေပြန်ပြီလား အရှင်က ဧကရီကို ခန်းမထဲ ခေါ်လာခိုင်းနေပြီ မြန်မြန်လုပ်"

"ဟုတ် ဟုတ် "

"အရှင်က မဂ်လာဆောင်ဖို့မစောင့်နိုင်တော့ဘူးထင်တယ် ဟီးဟီး"

သူမလည်း မနိုင်ဘူးဆိုတဲ့ ပုံနဲ့ ခေါင်းခါလိုက်မိတယ်။ အဲ့ကျန်းကျန်းဆိုတဲ့ ကောင်မလေးက စကားအတော်များပြီး အတော်သွက်တယ်။ဘေးကလိုက်လာတဲ့ နှစ်ယောက်ကတော့ သူတို့အလုပ်သာ သူတို့လုပ်ပြီး နဲနဲပါးပါး ၀င်ပြောတာကလွဲလို့ သူ့လောက် စကားမများဘူး။

အားလုံး ပြင်ဆင်ပြီးနောက် သူမကို ခန်းမဆောင်သို့ ခေါ်လာကျတော့တယ်။ တံခါးရှေ့ရောက်တော့ သူမ အလွန်အမင်း စိတ်လှုပ်ရှားနေမိတာ အမှန်ပင် သူမ ချစ်တဲ့သူနဲ့ မဂ်လာဆောင်ရတော့မယ်။ စိတ်လှုပ်ရှားစွာ တံခါးကို တွန်းဖွင့်ပြီးနောက် ခန်းမထဲသို့ ၀င်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုသူ(မ) ကိုတွေ့လိုက်ရတော့တယ် သူမနဲ့ ဆင်တူ အနီရောင် သားမွေးမဂ်လာ၀တ်ရုံကို ၀တ်ဆင်ထားသည်မှာ အလွန်စွဲမက်ဖွယ်ကောင်းလွန်းတယ်။

I got a wife as the system Where stories live. Discover now