အပိုင်း ၃၆ (ဘ၀အစစ်မှန်)

137 16 0
                                    

မကောင်းတော့ဘူး ဒီကမ္ဘာကြီး ပျက်စီးတော့မယ်။သွားပြီ ဒီအရူးက စိတ်ဖောက်ပြန်နေပြီ ငါတစ်ယောက်ထဲတားလို့ မရဘူး တပ်ကူလာတဲ့ အထိ ထိန်းထားနိုင်မှရမယ်။

သူ(မ)ဆီမှ လွတ်ထွက်လာတဲ့ အဖျက်စွမ်းအားတွေကို တွန်းလှန်ရင်း သူ့အား အလစ်အငိုက်ဖမ်းဖို့ လုပ်ပေမယ့် မအောင်မြင်၊ သေသွားသူရဲ့ ရုပ်အလောင်းအား ပျောက်ကွယ်သွားမှာဆိုးသည့်အလား မလွှတ်တမ်း ထွေးပွေ့ထားရင်း သူတို့နှစ်ယောက်အနားအား မည်သူတစ်ဦးတစ်ယောက်မှ ကပ်မလာအောင် တားဆီးထားသည်။

ထိုသူလည်း မတတ်သာတဲ့အဆုံး ခုခံ၍ ကမ္ဘာကြီးရဲ့မျှခြေအား ထိန်းချုပ်နေရတော့တယ်။

"ဇနီးလေး ဒီနေ့က ကိုယ်တို့‌မဂ်လာပွဲလေ မင်းလေး အိပ်နေလို့မရဘူးလေကွာ။ ဒီမှာ ကိုယ် မင်းကို ပေးစရာ လက်ဆောင်လေးရှိသေးတယ်လေ။မင်းလေး ထပါတော့ကွာ နော် မင်းမထလာရင် ကိုယ် ဒီကမ္ဘာကို ဖျက်ဆီးပစ်လိုက်မှာနော်။ကလေးက လိမ္မာပါတယ်ကွာ ထတော့နော်။ ထပါတော့လို့ အားးး!!!! ကိုယ်ခေါ်နေတယ်လေ ပြန်မထူးတော့ဘူးလား။ ဘာလဲ ကိုယ့်ကို တစ်ယောက်ထဲ ထားသွားအုံးမှာလား ပိုင်ချင်းယန် !!! အားးး!!!"

ပြောနေရင်း မျက်ရည်တို့က ထိန်းမရစွာ ကျဆင်းလာကာ အသံများပြာ၀င်သည်အထိ အော်နှိုးနေသော်လည်း တစ်ယောက်သောသူမှာတော့ ပြန်မနိုးလားတော့ပေ။

"တပ်ကူတွေကကြာလိုက်တာ ဒီထက်ကြာရင် ကမ္ဘာကြီး ပျက်စီးတော့မယ်။"

တခြားတစ်ဖက်၌ လူသားများမှ ရုတ်တရတ် ဖြစ်ပေါ်လာသော အခြေအနေကြောင့် ပြာယာခက်ကာ ထွက်ပြေးသူကပြေး၊ အိမ်ထဲ၌ ၀င်ပုန်းသူ ပုန်းဖြင့် ယောက်ယက်ခက်နေတော့တယ်။

ထိုအချိန်၌ ကောင်းကင်၌ ရွှေရောင်အလင်းတန်းတို့ ပေါ်ပေါက်လာကာ ကမ္ဘာမြေပေါ်သို့ သက်ဆင်းလာပြီး ဖြစ်ပျက်နေသော အရာများ တမုဟုတ်ချင်း ပြောင်းလဲကုန်ကာ အရာအားလုံး ပုံမှန်အတိုင်း ‌ပြန်ဖြစ်သွားတော့တယ်။မြေပြိုမှုလည်း မရှိတော့သလို သေလူလည်းမရှိတော့ အိုးအိမ်တွေလည်း အကောင်းတိုင်း ပြန်ဖြစ်ကုန်ကာ ဘာမှမဖြစ်ပျက်ခဲ့သလိုပင်

ပြီးနောက် ထိုကိစ္စအဖြစ်အပျက်များမှာ ထို လူသားတို့၏ မှတ်ဉာဏ်မှ ဖျောက်ဖျက်ခြင်းခံလိုက်ရတော့တယ်။

တရားခံဖြစ်သူ လျိုယွီလင်း ဆီသို့ ရွှေရောင် အလင်းရောင်များ သက်ဆင်းလာပြီးနောက် ဩဇာအာဏာ ပြည့်၀လှသော ယောကျာ်းတစ်ယောက်၏ အသံဟာ ပေါ်ထွက်လာတော့တယ်။

"မိစ္စာတို့ရဲ့အရှင်သခင် လျိုယွီလင်း ဒီနေ့ မင်းပြုလုပ်လိုက်တဲ့ အပြုအမူကြောင့် ကမ္ဘာတစ်ခုလုံးကို ပျက်စီးလုနီးဖြစ်သွားစေရုံသာမက လူသားတွေလည်း သေဆုံးမလို ဖြစ်ခဲ့ရတယ်။ ထိုကိစ္စနဲ့ ပတ်သက်ပြီး မင်း ဘယ်လို တာ၀န်ယူမလဲ"

"ဘာလဲ ငါ့ကို နောက်တစ်ခါ အကျဉ်းချဖို့ လုပ်နေတာလား ဟမ်။ မင်းတို့က သူမကို ငါနဲ့ ခွဲပြီး အမျိုးစုံသော ဒုက္ခတွေ သူမ ခံစားရအောင် လုပ်ခဲ့တယ်။အခုလည်း ငါတို့ မဂ်လာပွဲမှာ သူမကို သတ်ပြီး ဝိဉာဏ်ကို ယူသွားတယ်။ဘာလဲ ကောင်းကင်ဘုံက မင်းတို့တွေ နေရတာ ကြာလို့ အကုန် အညွှန့်တုံး ပျောက်ကွယ်သွားချင်တာလား။ ငါ ငြိမ်ခံနေတယ်ဆိုပြီးတော့ ငါက ဘာလဲဆိုတာ မင်းတို့မေ့သွားပုံဘဲ "ပြောရင်းဆိုရင်း ရစ်သိုင်းလာသော အမှောင်စွမ်းအား အဖျက်ဆီး စွမ်းအင်မှာ ထိုသူများဆီသို့ ဖိနှိပ်လာတာကြောင့် ထိုသူတို့ အသက်ရှူကြပ်လာကာ ဒူးထောက်ကျကုန်တော့တယ်။ အကြီးအကဲဖြစ်ဟန်တူတဲ့ လူကလွဲလို့ပေါ့

"လျိုယွီလင်း ငါတို့လက်ထဲမှာ သူမ ရှိနေတယ်ဆိုတာ မမေ့ပါနဲ့ သူမ ပြန်လည် ‌ရှင်သန်လာမှာကို မျှော်လင့်ရင်ပေါ့"

ယခုလက်ရှိ မိစ္စာတို့၏အရှင်သခင်မှာ အလွန်စွမ်းအားကြီးလွန်းတယ်။ဧကရာဇ်ကိုယ်တိုင်တောင် သူ့အပေါ် တိုက်ရိုက်မစော်ကားရဲပေ။

"သူမ ဝိဉာဏ်တွေ အကုန်စုံသွားပြီလား"

"ဟုတ်တယ် "

"ကောင်းပြီ သူမ ပြန်ရှင်လာမှ ငါကိုယ်တော် ကိုယ်တိုင် မင်းတို့ ဧကရာဇ်ဆီလာခဲ့မယ်လို့ပြောလိုက် သူဘယ်လို ဖြေရှင်းချက်မျိုး ငါ့ကိုပေးမလဲဆိုတာ ငါ သိချင်မိတယ်။"

………..............................................................

A/N သက်ြန်မီးဖျက်မယ်ကြားလို့ update ကြိုပေးထားလိုက်တယ်။ပျက်ခဲ့သည်ရှိရင်ဆိုပြီးတော့🤞

I got a wife as the system Where stories live. Discover now