အပိုင်း-၂၀(လျှို့ဝှက် ဂူသို့ ၀င်ရောက်ခြင်း ၂)

145 20 0
                                    

"ရတယ်မလားဗျ"
မျှော်လင့်ချက်အပြည့်ဖြင့် တောင်းဆိုနေသောကြောင့် သူတို့လည်း ငြင်းရမှာ ခက်နေပေတော့သည်။

*စွင်ရေ သူတို့ နှစ်ယောက်က ဘယ်သူတွေလဲ တစ်ချက်ရှာကြည့်ပေး ဇာတ်လိုက်ကိုအန္တရာယ်ကနေ ကာကွယ်ရမှာဆိုတော့ အတတ်နိုင်ဆုံး ဒီသူစိမ်းတွေကို သတိထားမှ ဖြစ်မယ်။ မြန်မြန်လုပ်နော်*

'ဟုတ်'

အကြပ်တွေ့နေသော ဇာတ်လိုက်နှင့်အဖွဲ့ပုံစံကြောင့် ပိုင်ယွင်(ဝါ) ပိုင်ချင်းယန်မှ စကားစပြောလိုက်တော့သည်။

"ဒီက ညီနောင် နှစ်ယောက်ရဲ့ နာမည်လေးများ သိခွင့်ရမလားဗျ"

သူမ စကားအဆုံး ပြီတီတီနဲ့ တစ်ယောက်မှ သူမပုခုံးကို လှမ်းဖက်လိုက်ပြီး ဖော်ရွေစွာဖြင့် မိတ်ဆက်လာတော့သည်။

"ကျွန်တော့နာမည်က ဖုန်းယန် သူကတော့ ကျန်းယင် ဒီက ချောမောလှတဲ့ သခင်ငယ်လေး နာမည်က‌ကော" မျက်လုံးတစ်ဖက်မှိတ်ပြကာ ဩရှရှအသံဖြင့် ပြီတီတီ ပြောဆိုလာသော ထိုလူအား ချိုသာစွာ ပြုံးပြလိုက်ရင်း "ကျွန်တော့် နာမည်က ပိုင်ယွင် ၊ သူက ၀မ်ကျားရင်း၊သူက ရီရှင်း၊ သူတို့ကတော့ ၀မ်လန်၊၀မ်ရွှယ်၊၀မ်စစ်တဲ့"

"ဟုတ်ကဲ့ အားလုံးဘဲ တွေ့ရတာ ၀မ်းသာပါတယ် ကျွန်တော့ကို တစ်ရင်းတစ်နှီး ဆက်ဆံပြောဆိုနိုင်ပါတယ်" ထိုလူကတော့ ပြုံးပြုံးရွှင်ရွှင်ဖြင့် ဖော်ရွေစွာ နှုတ်ဆက်နေပါသော်လည်း သူ့ဘေးမှ ကျန်းယင်ဆိုသူမှာ သူ့နာမည် မိတ်ဆက်ပေးတုန်းက ခေါင်းညိတ်ပြတာအပြင် စရောက်ကတည်းက တစ်လုံးမှမဟသည်မှာ စကားမပြောတတ်သူကဲ့သို့ပင် သူတို့အကြည့်ကြောင့်ဖြစ်မည် ထိုဖန်းယန် ဆိုသူမှ "သူက စကားနဲလို့ စိတ်မရှိကျပါနဲ့ နောက်ပိုင်း အသားကျသွားပါလိမ့်မယ်"

"ဪ.."

ထိုသို့ဖြင့် သူမတို့လည်း စကားတပြောပြောဖြင့် ထို လှို့ဝှက်ဂူသို့ ၀င်ရောက်လေတော့သည်။

သူမတို့ပထမဆုံး ၀င်၀င်ချင်း မြင်လိုက်ရသော မြင်ကွင်းက မက်မွန်ပန်းတို့ ပွင့်လန်းနေသော မက်မွန်ပင်ကြီးတစ်ပင်ဟာ ‌ပြာလဲ့နေသော ရေပြင်ကျယ်ကြီး၏အလယ်၌ ထီးထီးမားမားဖြင့် တစ်ပင်တည်းတည်ရှိနေပေသည်။ထိုသစ်ပင်အထက်မှ ကောင်းကင်ပြင်မှာလည်း မိုးတိမ်တို့ကင်းစင်နေကာ ထိုမြင်ကွင်းမှာ အလွန်တရာမှ စိတ်ချမ်းမြေ့ဖွယ်ကောင်းလွန်းလှ၍ မြင်သူတကာ၏ရင်ထဲမှာ ထို နေရာသို့ အပန်းဖြေဖို့သွားရန် ဆွဲဆောင်ခံလိုက်ရပေသည်။ထိုသို့ဖြစ်ပေါ်လာသော ခံစားချက်နှင့်အတူ ဘယ်နေရာမှထွက်ပေါ်လာမှန်းမသိသော ပုလွေသံမှ သံစဉ်တစ်ခုဟာ ရောက်ရှိနေသူများကို ထိုနေရာသို့ မသွားသွားအောင် ငြို့ငင်နေပေတော့သည်။ ထိုသံစဉ်ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျင့်ကြံဆင့် နိမ့်သူများနှင့် စိတ်ဝိဉာဏ်သန်မာမှုမရှိသော သူများဟာ ထိုသံစဉ်၏ ညှို့ငင်မှုဖြင့် ရေထဲသို့ ဆင်းကာ ပေါ်မလာကျတော့ပေ။ထိုလူတွေထဲမှာ ဇာတ်လိုက် နောက်လိုက်တွေလည်း ပါသေးတယ် သူတို့အတင်းဆွဲထား၍သာ မဟုတ်ရင် ထိုလူများကဲ့သို့ဖြစ်သွားမည်ပင်

"ဒီသံစဉ်နဲ့ ဒီနေရာက ထူးဆန်းတယ် စ၀င်လာထဲက လူတစ်၀က်လောက် ဒီနေရာမှာ သေသွားရပြီ။ဒါပေမယ့် အတော်တော့ စိတ်၀င်စားဖို့ကောင်းတယ်"

ဖုန်းယန်ဆိုသူပြောလိုက်တဲ့ စကားကို သူမလည်း ခေါင်းညိတ်ကာထောက်ခံမိသည်။
"ညီနောင်ဖုန်းပြောတာ ထောက်ခံတယ်"
သူမလည်း ထိုလူ၏ပုခုံးကိုပုတ်လိုက်ကာ သဘောတူကြောင်း ပြလိုက်သည်။

"ကြည့်ရတာ ဒီမှာ စမ်းသပ်ချက်တွေ အတော်များမယ့်ပုံဘဲ"

သူမတို့ စကားအဆုံး သံစဉ်တေးသွားမှာ ပိုမိုပြင်းထန်လာကာ နားထောင်သူကို အယောင်ယောင်အမှားမှား ဖြစ်လာစေသည်။

သံစဉ်မှာတဖြည်းဖြည်း ခက်ထန်လာကာ သွေးဆာလောင်လာသကဲ့သို့ပင် ထိုသံစဉ်ကို နားထောင်မိလာလေ စိတ်တွေ ပိုပိုရှုပ်ထွေးလာလေပင်

တဖြည်းဖြည်းနှင့် သူမ မြင်ကွင်းမှာ ပြောင်းလဲလာပေသည်။သူမဘေးနားရှိအဖော်တို့မှာ ဘယ်အချိန်ကတည်းကပျောက်သွားမှန်း သူမ မသိလိုက်ပင်

သူမလည်း ယခုလတ်တလော သူမရောက်ရှိနေသောနေရာကြောင့် ကြက်သေသေသွားမိသည်။

အဘယ့်ကြောင့်ဆိုသော် သူမ ယခု ရောက်ရှိနေသော နေရာမှာ အရင်ဘ၀က သူမစမ်းသပ်ခံရသောနေရာပင် ယခုသူမရောက်ရှိနေ‌သည်မှာ သူမမေ့မရနိုင်လောက်အောင် ရင်းနှီးလှပါသော စမ်းသပ်ခံလျှပ်စစ်ထိုင်ခုံပေါ်မှာရောက်ရှိနေခြင်းပင် ထိုခုံပေါ်၌ သူမမှာ ချုပ်နှောင်ခံထားရပြီး လျှပ်စစ်စီးနေသော ခေါင်းစွပ်တစ်ခုသည်လည်း ခေါင်း၌အတပ်ခံထားရသည်။

ထိုအဖြစ်အပျက်မှာ သူမ ငယ်ငယ်တုန်းက စတင်စမ်းသပ်ခံရစဉ် အခါက မမေ့နိုင်လောက်အောင် ကြောက်ရွံ့ခဲ့ရသော အခိုက်အတန့် ယခုလည်း ထိုအတိုင်းပင် သူမ လှုပ်လို့လည်းမရဘူး စကားလည်းပြောလို့မရဘူး သူမနာတယ် အရမ်းနာလွန်းလို့ ကိုယ့်လျှာကို ကိုက်ဖြတ်ပြီး သေလိုက်ချင်ပေမယ့် ဦးနှောက်ကော ခန္ဓာကိုယ်ပါ သူမထိန်းချုပ်နိုင်ခြင်းမရှိပေ။

အားနာလွန်းတယ်သူမရူးမတတ်ကို ခံစားနေရပေမယ့် ထိုလူတွေ နှိပ်စက်နေသမျှကိုသာ ဘာမှတုံ့ပြန်နိုင်ဘဲ ခံစားနေရရှာတော့တယ်

I got a wife as the system Where stories live. Discover now