အပိုင်း၂၂ ၀မ့်ဟွားဂေဟာ

156 23 0
                                    

သူတို့အဖွဲ့အနားယူပြီးနောက်မှာတော့ နောက်ထပ်တံခါးတစ်ချက်သို့ ထပ်မံ၀င်ရောက်ခဲ့တော့တယ်။

ထိုတံခါးတစ်ချပ်ကို ၀င်ပြီးပြီးချင်းမှာဘဲ ၀မ့်ဟွားဂေဟာလို့ခေါ်တဲ့ ဆိုင်းပုဒ်နှင့်ဂေဟာတစ်ခုအား တွေ့မြင်လိုက်ရပေသည်။သူတို့ထိုဂေဟာသို့ ၀င်လိုက်သည်နှင့်တစ်ပြိုင်နက် အမွှေးနံ့သာပေါင်းစုံနဲ့အတူ မျိုးစုံသော ပန်းအလှလေးများအား ကျားမ မရွေး အရွယ်စုံကို တွေ့မြင်လိုက်ရတော့တယ်။ထိုအလှလေးတွေမှာ အ၀တ်အစားများကို မလုံ့တလုံ၀တ်ထားကာ သူတို့ ခန္ဓာအလှဖြင့် ပုရိသတို့အား မြူစွယ်ဖြားယောင်းနေပေတော့သည်။

ပန်းယောကျာ်းလေးများမှာ နူးညံ့လှပသောအသွင်အပြင်နဲ့အတူ သူတို့ နောက်ကြောမှာ မတူညီသော ပန်းတစ်မျိုးစီအား ဆေးမင်ကြောင်ဖြင့်ရေးဆွဲထားသည်မှာ အလွန်ပင် ဆွဲဆောင်အားပြင်းလွန်းလှပေသည်။

ပန်းမိန်းကလေးများမှာ သူတို့၏ ဖွင့်ထွားလှသော ရင်အစုံကို မသိမသာတစ်မျိုး၊သိသိသာသာတစ်မျိုးဖြင့် လစ်ဟပြသထားရုံမက လမ်းလျှောက်လိုက်တိုင်း ပေါ်လာသော ဖြူဖြူဖွေးဖွေးပေါင်တံသွယ်သွယ်လေးများမှာလည်း မြင်ရသူအဖို့ သရေယိုချင်စဖွယ်အတိပင်။ထိုပန်းမိန်းကလေးများ၏ ရင်အမွှာတွင်လည်း မတူညီသော ပန်းဆေးမင်ကြောင်များဖြင့် ရေးဆွဲထားပေတယ်။

ထိုနေရာသို့ ၀င်ရောက်လာကျသော လူတစ်ချို့မှာတော့ ကာမဂုဏ်အာရုံကို မထိန်းနိုင်စွာပင် ထိုအလှလေးများ၏ မြူစွယ်မှုအောက်၌ကျဆုံးသွားကျလေတော့သည်။ဇာတ်လိုက်နှင့်အဖွဲ့မှာလည်း ထိုသို့သော မြင်ကွင်းကြောင့်မျက်နှာလေးများနီမြန်းကာ ရှက်ရွံ့နေကျကာ ခေါင်းများငုံ့ထားကျသည်မှာ မြေကြီးအတွင်းသို့ ၀င်လုမတက်ပင်

ဟို ဝံပုလွေနှစ်ကောင်ကို သူမတစ်ချက်ရှိုးလိုက်တော့ ဟို ဟေးဝူချင်းကတော့ ပုံမှန် အေးစက်စက်မျက်နှာဖြင့် အမူအယာမပျက် သူမြင်နေရသည်မှာ အလှလေးတွေမဟုတ်ဘဲ ပုံမှန် မြင်နေကျ သက်မဲ့အရာတွေကို ကြည့်နေသလို မျက်လုံးအတွင်း၌ အသက်မဲ့လျက်ပင်။သူ့ဘေးမှ လော့ယန်ဆိုသူမှာတော့ ပုံမှန်နဲ့မတူစွာပင် ရုပ်မှာတည်တင်းနေပြီး ထိုမြင်ကွင်းကို အလေးအနက်ထားကာ စိုက်ကြည့်နေပေတော့သည်။

I got a wife as the system Where stories live. Discover now