အပိုင်း၃၃ သမိုင်း နှင့် သူ့အကြောင်း

164 14 1
                                    

လိင်တူချစ်ကြိုက်မိသော‌ေကြာင့် မျိုးနွယ်စုနှစ်စုကြား နာကြည်းမုန်းတီးမှုဟာ အလွန်ပြင်းထန်လွန်းကာ အဆက်အသွယ်များလည်း မရှိကျတော့ဘဲ အမြဲလိုလို ရန်စောင်နေကျတော့တယ်။

မျိုးနွယ်စုနှစ်စုရဲ့ ဖိအားကြောင့် သေဆုံးသွားရသော နှစ်ယောက်အား အထက်ကောင်းကင်ဘုံက နတ်ဘုရားများမှာ သနားသွားဟန်တူပါရဲ့။

ဆယ်စုနှစ်ကြာလို့ ပေါက်ဖွားလာကျသော မျိုးဆက်သစ်များ၌ အချို့မှာ လိင်အဂ်ါ နှစ်မျိုးပါလာကျတော့တယ်။မျိုးနွယ်စုနှစ်ခုဟာ တုန်လှုပ်သွားကျပြီး ထိုသို့ လိင်အဂ်ါနှစ်မျိုးပါသော ကလေးများမှာ ဖြတ်တောက်ခံရသူနဲ့  ကျိန်စာကြောင့်ဟုဆိုကာ ယစ်ပူဇော်ခံရကျတော့တယ်။

ထိုသို့ လိင်အဂ်ါနှစ်မျိုးနဲ့ အနိုင်ကျင့်ခံရသူများကြား လျိုယွီလင်းဆိုသော သူမ (သူ) ဟာ နောင်တက်မယ့် ခေါင်းဆောင်ရဲ့ သမီးပေါ့။ သူတို့မြေခွေးမျိုးနွယ်ဟာ မွေးဖွားအရွယ်ရောက်လာမှသာ လိင်ကွဲပြားကြပေတယ်။ထို့ကြောင့် သူမဟာ လိင်အဂ်ါနှစ်မျိုးဖြင့်မွေးဖွားလာသူမှန်း သိသွားကျကာ အလွန်ထိတ်လန့်ကုန်တော့တယ်။ သူ့မိဘများမှာ ဖုန်းကွယ်ပေးပါသော်လည်း မလိုမသမာသူတွေကရှိစမြဲပင် ထိုလူများကြောင့် အဖမ်းဆီးခံရရုံသာမက သူ့မိဘတွေပါ သတ်ဖြတ်ခံရသည်မှာ သူ့မျက်စိရှေ့တွင်ပေ။

သူတို့မျိူနွယ်နဲ့ ကွဲပြားစွာ ဝံပုလွေမျိုးနွယ်မှာမူ သေဆုံးသွားသူကြောင့် ၀မ်းနည်းပူဆွေးကာ ထိုသို့ဖြစ်ပေါ်လာမှုအပေါ် စိုးရွတ်မိသော်ညား ကောင်းကင်အလိုကျ လက်ခံခဲ့ကြပေမယ့် အချို့ ပုန်ကန်သူတွေကတော့ရှိမြဲပင်။

ထိုသူများအား ပညာပေးကာ နောက်လူများမလုပ်နိုင်တော့သည်အထိ ဖိနှိပ်ခဲ့ကျသဖြင့် ငြိမ်းချမ်းခဲ့ကျတော့တယ်။

မတူညီစွာ မြေခွေးမျိုးနွယ်၌မူ အဆိုးယုတ်ဆုံး နည်းလမ်းများဖြင့် နှိပ်စက်ကျတယ်။ မိဘများ၏ သေဆုံးချင်းအား မျက်မြင်တွေ့ခံရပြီး ထိုသတ်ပစ်သောသူက သူ့အဖေ၏ နေရာအား ရယူသွားသည်ကို မုန်းတီးစွာကြည့်ရှုရင်း သင့်တော်မည့်အချိန်အား စောင့်မျှော်နေခဲ့သည်။

I got a wife as the system Where stories live. Discover now