Chapter 1

1.3K 68 2
                                    

The Refuge
Part - 1
'အကို က ကျနော့်ကို ချစ်ခင်လို့မဟုတ်ဘဲ
အကို့အတွက်ကျနော့်ကို အသုံးချနေတာမ ဟုတ်လား'
ရစ်ခီ ရဲ့စကားကြောင့်ဧည့်ခန်းမှာရှိတဲ့ အကို ၄ယောက်လုံး လန့်သွားရသည်
'ဘာပြောလိုက်တယ် ရစ်ခီမင်းပြန်ပြောစမ်း'
အကိုကျနော့်ကို ဒီလိုစူးရဲစွာတစ်ခါမကြည့်ဖူးပါ အကို့ ကို ကြည့်ရတာကျနော့်ကို တအားစိတ်ဆိုးနေပုံ
'ပြန်ပြောလိုက်စမ်း'
ရစ်ခီ ကို ဆွဲ ခါ ရင်း ပြောလေတော့ ရစ်ခီ ရဲ့ မျက်ရည်စများသည်လွင့်စင်လာသည်
သူက ငို နေသည်တဲ့လား
'မဟုတ်လို့လား ကျနော့်ကို ပြင်ပ မှာ ဂရုစိုက်ပေးလို့ သူများတွေ ဓာတ်ပုံရိုက်တင်ရင် အကိုဒီထက် နာမည်ကြီးသွားမယ်မဟုတ်လား'
'စော်ကားလိုက်စမ်း ရစ်ခီရှန် ငါရဲ့စေတနာတွေကို မင်းရဲ့သောက်တလွဲ ထင်နေတဲ့အထင်တွေ နဲ့စော်ကားလိုက်စမ်း'
'ထယ်ရယ် စိတ်လျှော့စမ်းကလေး စာမေးပွဲ ဖြေရမှာ လန့်သွားမယ်'
အကို ဂျီဝူး မှ ပြောလေတော့ ကျနော်စိတ်လျှော့လိုက်ရသည်
မဟုတ်သေးပါဘူးဒီကလေးဘာလို့အဲ့သလောက်ဆိုးသွမ်းနေသလဲ
'လာ ရစ်ခီ အကိုကျောင်းလိုက်ပို့မယ်'
ဟန်ဘင်း မှပြောရင်းဆိုရင်း ရစ်ခီ ရဲ့လွယ်အိတ်ကောက်ကိုင်ကာ အပြင်ခေါ်သွားသည်မို့ ဟာအို မှ ကားသော့ကောက်ကာအပြေးလိုက်ရသည်
'အကိုရယ် ကျနော်သူ့အပေါ်အဲ့လိုစိတ်မျိုးမရှိဘူးဆိုတာ အကိုလည်းယုံတယ်မလား'
ကျနော်ငိုရင်းပြောလေတော့ အစ်ကို ဂျီဝူးက
'အေးပါ နားလည်ပါတယ်ကွာ ကလေးဘဲ
ခွင့်လွှတ်လိုက်ပါ'
'ကျွန်တော်စေတနာတွေကို စော်ကားတာ ကျွန်တော် ချက်ချင်းကြီး ခွင့်လွှတ်မပေးနိုင်ဘူး'
'မဟုတ်သေးပါဘူးကွာ ကလေး က ဘယ်ကနေ ဘာတွေ ကြား ထား လာမှန်းမှမသိတာ'
ဘာမှ မ​​ပြောဘဲ ကောက်ခါ ငင်ခါ ဆိုင်ခန်းထဲကိုပြန်ဝင်သွားသည်
ပြဿနာကား သူတို့ သူငယ်ချင်းတွေ စုဖွင့်ထားသော ကော်ဖီဆိုင်လေးတွင် ရစ်ခီ က ကျောင်းပိတ်က ရက် လာကူတုန်း လက်အပူလောင်လို့ ထုံးစံအတိုင်း ထယ်ရယ်က ပြာလေတော့ ဆိုင်ကို လာတဲ့ ကောင်မလေးတွေက video ရိုက်တင် ရမှစသည်
အဲ့ vd ကြောင့်ဘဲ ဆိုင်က ထင်ထား တာ ထက်ပို လူစည်လာသည်။ ဒါကို ကလေးက ဘာတွေ အထင်လွဲ နေမှန်း မသိ
ဒီနေ့ကျမှ ပြဿနာ အကြီးကြီး တတ်လေသတဲ့
....................
အရင်ဆို ကျောင်းသွားရင် ကားပေါ်မှာ ပါးစပ်မပိတ်ဘဲ အကိုတွေ ကိုချွဲနေကြဒီကောင်လေးက မျက်နှာသေနဲ့တည်ငြိမ်နေသည် မနေတတ်တဲ့အဆုံး ဟာအို က
'အငယ်လေး ဒီနေ့ ဘာအရင်သင်မှာလဲ'
'မသိဖူး'
ဘောက်ဆက်ဆက်အဖြေကြောင့် ဟာအို တစ်ယောက်တွန့်သွားသည်
'ငါတို့ ရစ်ခီ လေး မင်းကိုကို့ ကို ဘာတွေစိတ်ဆိုးနေတာလဲ '
'ကျတော်က ကျနော့်ကျေးဇူးရှင်ကို ဘာလို့ စိတ်ဆိုးရမှာလဲ'
'ညီလေး အဲ့လိုမပြောရဖူးလေ ထယ်ရယ်ကငါ့ညီကို ဘယ်လောက်တောင်ချစ်လဲ'
ရစ်ခီ မှ နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ထားသည်မို့ဟန်ဘင်းဆက်မပြောဘဲ ကားကို ဖြေးဖြေးလေးသာ မောင်းလာသည်
သူတို့တွေ ဆိုင်ပြန်လာတဲ့အချိန် ဆိုင်မှာ
ရစ်ခီ ရယ် ထယ်ရယ် နဲ့ ဂွန်းဝူ့ ဘဲ ဆိုင်မှာ ကျန်မှာ
သူတို့တွေက အမြဲ ဆိုင်မှာ အိပ်နေကြ
ဂွန်းဝူ့ကလဲ တစ်နေကုန်သင်တန်းမှာမို့ပြဿနာကိုသိမှာမဟုတ်
'ထယ်ရယ် ၆ နာရီ ထိုးနေပြီမို့ အစ်ကိုတို့ ပြန်တော့မယ် မက်သရူးကိုလည်းဝင်ခေါ်ရဦးမယ်'
'ဟုတ်ပြီ ဟုတ်ပြီအကိုတို့ ဒါနဲ့ ရစ်ခီ ရောပြန်မရောက်သေးဖူးလား'
'ဟမ် ရစ်ခီ ကို မင်းတို့ တစ် ယောက်ယောက်သွားကြိုတာ မဟုတ်ဖူးလား'
'ဂယူဘင်းကြိုလာမယ်ထင်လို့လေ'
'ကျစ် မိုးတွေ ရွာနေတာကို တစ်ယောက်ထဲ'
ပြောရင်းဆိုရင်းထထွက်သွားတာကြောင့် အားလုံးခေါင်းတခါခါနဲ့ကျန်ခဲ့သည်။နေနိုင်တာလည်းမဟုတ်ဖူး
'ပြန်ရောက်ပါ ပြီ .... ရစ်ခီ ရေ'
ဝင်လာတာ နဲ့ ရစ်ခီ ကို တန်းရှာတဲ့ ဂွန်းဝူ့
'ညီလေး လာဦး.....ရာသီဥတုအခြေအနေမကောင်းဘူး ပြန်လာလို့ရန်ဖြစ်နေရင် ကြည့်ထိန်းပါဦး'
'ဟုတ်အကို ​​​ပြဿနာကကြီးလား'
'ကြီးမယ်ထင်တယ် အကို Massanger မှာပြောပြမယ်'
' ဟုတ်အကို'
ကျောင်းရှေ့မှာ ရစ်ခီက မရှိတာကြောင့် ကျောင်းကို ပတ်နေရတာ ၄ခေါက်လောက်ရှိနေပြီ
မိုးလည်းရွာထားတာမို့စိတ်ပူရသည်။
ဒီကလေးက မိုးခြိမ်းတာကိုကြောက်တယ်မဟုတ်လား။
ခနကြာတော့ ကျောင်းနားက Mini store မှာကောင်လေးတစ်ယောက်နှင့်ခေါက်ဆွဲအတူစားနေသည်။ရစ်ခီ ဒီလိုမျိုး သူ့အကိုတွေရှေ့မှာ မရီမပြုံးဖူးပါ။ရစ်ခီ က ပုံမှန်ဆိုပေမယ့်တစ်ဖက်ကောင်လေးရဲ့ပုံမှန်မဟုတ်ခြင်းတွေကို တွေ့မြင်ရတဲ့အခါမှာ ရင်တွေပူလှသည်။
'ရစ်ခီ အိမ်ပြန်မယ်'
လက်မောင်းကိုဆွဲလိုက်တုန်းက အားမပါပေမယ့် ဒေါသကထွက်နေတော့ ရစ်ခီ က နာသွားသည့်ဟန်
'အီဟာ ငါ့အိမ်ကလာကြိုနေပြီမို့ ပြန်တော့မယ် ဒီနေ့နောက်ကျတဲ့အထိစောင့်ပေးတာရော ခေါက်ဆွဲဝယ်ကျွေးတာရောကျေးဇူးပါ'
'ရပါတယ် ပေါက်စရာ'
စကားပြောတာ ပြောလို့ရပေမယ့် ခေါင်းကိုလက်နဲ့ဖွတာက မဟုတ်သေးပါဘူး
'ပေါက်စလို့ မခေါ်ပါနဲ့ဆိုကွာ'
'မခေါ်ပါဘူးဆိုလည်း တစ်ကျောင်းလုံးရဲ့ အဆင့် ၁ က မိုးခြိမ်းတာ ကျောင်း ရဲ့အဆင့်ဘိတ်ချေးကျနော့်ကို ပြေးဖက်ပါတယ်လို့ပြောလိုက်မယ် တစ်ကျောင်းလုံးကို'
'ဟာ မင်းကလည်း'
အရှေ့က မြင်ကွင်းကိုကြည့်မနေနိုင်စွာ လက်ကို စောင့်ဆွဲကာ ထွက်လာခဲ့သည်။
'နာတယ် လွှတ်အုံး'
'တတ် ကား​​ပေါ်'
စောင့်အောင့်ပြီးတတ်သွားသည်။
'ပြန်လာကြပြီလားထမင်းစားကြဦးမှာလား'
'မစားတော့ဘူး အိပ်နှင့်ပြီနော်'
အိပ်ပျော်သည် အိပ်မပျော်သည်ထက် အကို နဲ့ ဒီလို ဆက်ဆံရေးဖြစ်တာ ပထမဆုံးအကြိမ်မဟုတ်လား အကိုကြမ်းတမ်းစွာဆုပ်ကိုင်ခဲ့သောလက်ကို ကြည့်နေမိသည်
အကိုဟာ သူ့ကို ဘာလို့ နာကျင်အောင်လုပ်တာလဲ ပြောမိတဲ့စကားတွေကြောင့်လား သူဒီလို မပြောရင်ရောအကိုနဲ့ကအဆင်ပြေမှာမှမဟုတ်တာ
ပြဿနာဖြစ်ပြီး ၂ပတ်မြောက်နေ့မှာ သူတို့ဆီကိုမိုးကြိုးပစ်စရာကိစ္စဟာ တန်းတန်းမတ်မတ်ရောက်လာခဲ့သည်
'ဟယ်လို ရှန်ရစ်ခီ ရဲ့ အုပ်ထိန်းသူလား မသိဖူး ခင်ဗျ'
'ဟုတ်ကဲ့ ကျနော်သူ့အကို ဂင်ထယ်ရယ်ပါ'
'ဟုတ်ကဲ့ကျမက ရစ်ခီရဲ့အတန်းပိုင်ဆရာမပါကလေးက အဆင့် တွေတအားကျသွားပြီး ကျောင်းပျက်ရက်တွေများနေလို့ပါ'
'ခင်ဗျာ'
'ဟုတ်မနေ့ကရော ဒီနေ့ရော ကျောင်းမလာပါဘူး နေမကောင်းဖူးဆိုလည်း ကလေးကို သေချာ ဂရုစိုက်ပေးပါဦး'
'ဟုတ်ကဲ့ ဆရာမ ကျေးဇူးတင်ပါတယ်ဗျာ'
ဒီကလေးကို သူ့အကိုတွေ နေ့တိုင်းအကြို အပို့ လုပ်နေကြပါ
part.......(2)

 The Refuge (complete)जहाँ कहानियाँ रहती हैं। अभी खोजें