Chapter 5

371 40 0
                                    

Part (5)
'ဒါဆိုရင် ရှန်ရင်းဆိုတဲ့ အမ က
မင်းအမရဲ့ ရည်းစားပေါ့ဟုတ်လား ထယ်ရယ်´
'အင်း´
'အော် ဒီလို ကိစ္စတွေက အဲ့လို ဆယ်စုနှစ်ကျော်လောက်ထဲ ကရှိတာပေါ့´
'အင်း´
'ဒါဆိုရင်.....´
ဟန်ဘင်းက ပြောဖို့ အရေးကို တွန့်ဆုတ်လို့နေသည်။
'ပြောလေ´
ဟန်ဘင်းက ခပ်ကြမ်းကြမ်းလေပူ တစ်ချက် မှုတ်ထုတ်လိုက်ရင်း
'ငါ အစ်ကို ဟာအို ကို သဘောကျနေတာ
အပြစ်မဟုတ်ဘူးပေါ့ ´
အံ့သြစွာပါးစပ်အဟောင်းသားနဲ့ ကျနော်ကြည့်မိသည်။
နောက်တစ်ယောက်ကပါ ဟာအို ကို တဲ့လား။
အစ်ကို ဂျီဝူးတုန်းကရော မက်သရူးကို အစ်ကို ချစ်နေဖို့ ဆိုတာ ဘယ်လိုမှထင်မှတ်မထားသောကိစ္စတစ်ရပ်။
အခုချိန်မှာတော့ သူကလည်း အဲ့ လို ထဲက တစ်ယောက် အဖြစ် တည်ရှိနေပြီဖြစ်သည်။
မေးနေကျအတိုင်းပါဘဲ
ယောကျာ်းလေးတွေဟာ ဤ ကဲ့သို့ ချစ်လို့ ရပါ၍လား
'ငါသိချင်တာ တစ်ခုရှိတယ်ကွာ´
'အေး´
'ငါ့ကိုစိတ်တော့မဆိုးနဲ့ကွာ´
'အင်း´
'မင်း ဟာအို ကိုတကယ်ချစ်တာလား´
'အေးလေ သူတောင်သိသင့်သလောက်သိပြီးနေပြီ´
'အော်´
'မင်းလည်း နောက်ကျသွားမယ်နော်´
'အင်းးးး နောက်ကျပြီးနေပြီဘဲ´
'မဟုတ်ဖူး´
'ဘာကိုလဲ´
'နောက်မကျသေးဘူး´
'ရစ်ခီ ရင်ထဲ မှာလည်း မင်းနဲ့ ပတ်သတ်တာ တစ်ခုခုရှိလိမ့်မယ်´
'မဖြစ်နိုင်တာ မနေ့က ငါတို့စကားများကြသေးတာ အဲ့တုန်းက ငါ့ကိုသူကပြောတယ်
ကျနော်ကရော အကို့ကို ချစ်နေတယ်လို့ ထင်လို့လားတဲ့´
'ဟင်´
'အင်း´
'ငါ ဆိုင်ထဲသွားတော့မယ်´
'အေးအေး´
စနေနေ့ ဖြစ်သည်မို့ ဆိုင်ထဲ မှာက လူတွေ ပိုများနေသည်။
ကောင်တာမှာထိုင်ရမလား စာအုပ်တွေနားသွားရမလားဘယ်သွားရမလဲ မသိ။
'အကို အင်္ကျီ လက်ခေါက်ပေး´
ဆိုင်ထဲ ထိ အင်္ကျီလက်ခေါက် ခိုင်းတာကမဟုတ်သေးပါဘူး
'ဆိုင်ထဲကြီးမှာ လာခဲ့ နောက်ထဲကို´
'မသွားပါဘူး ဒီမှာခေါက်ပေးတော့ ပိုနာမည်ကြီးတာပေါ့´
'ရစ်ခီရှန်!!!´
'မအော်နဲ့´
'မင်းကဘဲ ငါနဲ့ ဝေးသွားအောင်လုပ်နေတာ
မင်းကိုယ်တိုင်ကဘဲအဲ့တာတွေကြောင့် မင်းနဲ့ငါနဲ့က ဝေးသထက်ဝေးနေတာ´
'အကို ဘက်က စည်းတွေချ နေတာ ထည့်ပြောပါ အကို´
'မင်းကျောင်းသွားမှာဆို သွားတော့ မင်းကို မမြင်ချင်တော့ဘူး´
'သွားမှာ လက်ခေါက်ပေးလိုက်´
'ပေး ဒီကို´
လက်ခေါက်ပေးပြီးတာနဲ့ ဆောင့်အောင့်ကာထွက်သွားတဲ့အဆိုးလေးကို ဘယ်လို နားလည်ရမလဲ မသိတော့ဘူး
'ဂွန်းဝူ့ သင်တန်းသွားမယ် ထ´
မက်သရူးက ဂွန်းဝူ့အပေါ်ကိုတက်ဖိကာနှိုးနေသည်။
'ဟ အကိုက ဖယ်ဦးလေ ဘယ်လိုထလို့ရမှာ တုန်း´
'မထလည်း မထနဲ့ ငါပြောမလို့´
'ပြော´
'ခနနေကြ ငါတို့ 6 ယောက်ဆုံကြရအောင်´
'ဘယ်အချိန်´
'ဒီနေ့ ရစ်ခီကို ထယ်ရယ်သွားကြိုရမှာ´
'ဟုတ်´
.........................
ကျနော် ၅နာရီ၁၅ ထဲ က ကျောင်းရှေ့ကိုရောက်နေခြင်းပင်ဖြစ်သည်။
နောက်ကျရင် အီဟာဆိုတဲ့တစ်ယောက်နဲ့ပါသွားမှာစိုးရိမ်ရသည်ည်။
၅နာရီခွဲ ကျောင်းဆင်းတဲ့အခါမှာတော့ နှစ်ယောက်သားက အတူတူ တွဲထွက်လာသည်။
တစ်ယောက်နဲ့ တစ်ယောက်လက်ကိုင်ထားခြင်းမျိုးတော့မရှိ။
'ရစ်ခီရှန်... ငါဒီမှာ´
ကျနော့်ကိုမြင်တဲ့အခါမှာလိုက်ဖမ်းလို့မမှီနိုင်တဲ့ပုံရိပ်ျစ်ချို့ကမျက်လုံးထဲမှာဖြတ်ပြေးသွားသည်။
' ဟုတ် ´
ရစ်ခီ ကျနော့်ဆီ လာဖို့ ခြေလှမ်းလှမ်းချိန်မှာ အဲ့ကောင်လေးက  လက်ကိုလှမ်းဆွဲထာသည်။
'ဘာလဲ အီဟာ´
'ကိုယ်လိုက်ပို့ မယ်´
'ဟော အကို လာကြိုနေပြီဘဲကို´
'စိတ်မချဘူး´
ကျနော့်မျက်လုံးကို စူးစူးစိုက်စိုက်ကြည့်နေပြီး စိတ်မချဘူး ဆိုတဲ့ စကားက ကျနော့်မာနကို နင်းခြေ လိုက်တာဖြစ်သည်။
'ဘာကိုစိတ်မချတာလဲ´
'ပြောထားတယ်မဟုတ်လား အနီးကပ်မနေဖို့´
'ဟမ်´
'ဘယ်သူနဲ့ပြန်မှာလဲ ရွေး´
သူပြန်ဖြေတာ မစောင့်ဘဲ ချက်ချင်းကားထဲဝင်လိုက်သည်။
'အကို´
ကားစက်နှိုးလိုက်ချိန်မှာ ကားတံခါးကို လာခေါက်သည်မို့ မှန်ချကာ
'ပြော´
'အကို နဲ့လိုက်မှာမို့ တံခါးဖွင့်ပေးဦး´
'မြန်မြန်လာခဲ့´
'ဟုတ်´
ဒီတလောအကို နဲ့ ပြဿနာတွေ ပိုများနေတာ
အကိုနဲ့ အနေနီးပြီး ပြဿနာ မဖြစ်အောင်လုပ်နိုင်ဖို့ အကိုနဲ့ပြန်ခြင်းက ကျနော်မှန်တယ်ထင်ပါတယ်။
ကျနော့်ဘက်က ဘဲ နီးစပ်အောင်လှမ်းလာမှာမို့  အကိုက စောင့်နေပါ။
'ဘာစားမှာလဲ´
'ဟင်´
'ဘာစားမှာလဲ လို့´
'ရှမ်းခေါက်ဆွဲ´
'ဒီအချိန်ရသေးလို့လား´
'ရပါတယ် ကျနော့်အတွက်ချန်ထားတဲ့ဆိုင်ရှိတယ်´
'ဘယ်နားကလဲ ဘယ်သူနဲ့နေ့တိုင်းသွားလို့ ချန်တောင် ချန်ပေးထားရတာလဲ´
'အကို ဂျီဝူး နဲ့´
..............................
'ဂင်ဂယူ မရောက်သေးတာလား´
'ဟုတ်တယ်´
'လာပါပြီဗျာ´
'ထိုင် ကြ အစ်ကို ပြောစရာရှိတယ်´
'ဟုတ်´
'အစ်ကို နဲ့ မက်သရူးူးနဲ့အကြောင်းကို အားလုံးသိကြတယ်မလား´
'သိတယ်လေ´
'မင်းတို့က လက်ခံပေမယ့့် ထယ်ရယ်က လက်မခံနိုင်တာဖြစ်နေတယ်´
'လက်မခံနိုင်တာ ဆိုတာက ဘယ်လို မျိုးလဲ အကို ရွံရှာတာလား´
ဂင်ဂယူမှ မေးလေတော့ ဟန်ဘင်းက
'မဟုတ်ဖူး သူကြောက်နေတာ
မုန်းတီးတာမျိုးမဟုတ်ဘဲနဲ့ သူကြောက်တာ´
'ဘာကို´
'သူ့အစ်မအရင်းနဲ့ ရစ်ခီ အမ အရင်းကလည်း အဲ့လို ဘဲချစ်သူတွေလေ´
'ဟင်´
'အင်း ရစ်ခီကတော့မသိသေးဖူး´
'အဲ့တာနဲ့´
'ရစ်ခီအမတို့က မပြေလည်ဖူးလေ  အဲ့တော့ ထယ်ရယ်တို့ဆီ ဘာလို့ ကပ်တယ် ဘာညာပေါ့ကွာ ပတ်ဝန်းကျင်က ထိုးနှက် လွန်းလို့ ရစ်ခီအမက အဆုံးစီရင်သွားခဲ့တာ
အဲ့တော့ သူ့အလှည့်မှာလဲ အဲ့လိုဖြစ်မှာကြောက်နေတာ´
'အဲ့တာ လွန်ခဲ့တဲ့ ဘယ်နှ ခုနှစ်ကလဲ´
'ဒါဆိုရင်ကြည့်ရတာ ရစ်ခီ ကို တကယ်ချစ်တယ်နဲ့ တူတယ်´
'သေချာပေါက်ဘဲ´
'ဒါနဲ့ ရစ်ခီမှာက ဟိုကောင်လေးရှိတယ်မလား´
'ဟင့်အင်း ရစ်ခီ တမင်လုပ်နေတာ´
ဂွန်းဝူ့ကပြောတော့
'ရစ်ခီက အကို ထယ်ရယ်ကို ရူးနေအောင် တစ်စိမ့်စိမ့် ကို ချစ်တာ ကျနော့်ကို အမြဲ​ပြောပြတယ်´
'ငါတို့ ၆ယောက်နဲ့ ရစ်ခီ ​ ပေါင်းမှရမယ်´
'သေချာတယ်´
'ငါ့ကို မနေ့က ထယ်ရယ်ပြောသေးတယ်´
'ဘာတဲ့တုန်း´
'အဲ့ကောင်လေးက ရစ်ခီကို ထယ်ရယ်နဲ့ ဝေးဝေး နေခိုင်း တယ်တဲ့´
'အဲ့ကောင်လေး ကတော့ ရစ်ခီ့ကို တကယ် သဘောကျတဲ့ပုံ´
..........................
'ထယ်ရယ် မင်းဘယ်မှာလဲ ´
'ကျနော်စျေးထဲမှာအကို´
'ဆိုင်ကယ်နဲ့ မလား မြန်မြန် ပြန်လာ
ရစ်ခီ ဗိုက်အရမ်း အောင့်လို့ ငါတို့ ကားနဲ့ဆေးရုံကိုခေါ်သွားနေပြီ မင်း မြန်မြန်လိုက်လာခဲ့ ပါရမီမှာ´
'ခင်ဗျာ ကျနော့်အခုလာပြီ´
'ဖြေးဖြေး စီး ခဲ့ ငါ့ညီ´
ကျနော်ပူထူနေသည်။
မျက်ရည်တွေလည်းကျနေသည်။
ဒီကလေး တစ်ခုခု ဖြစ်မှာ သိပ်ကို စိုးရိမိသည်။
ကိုယ့် ကို စောင့်ပါ သတိမလစ်သွားပါနဲ့ ကိုယ့်ကိုစောင့်နေပါကလေးငယ်

အကို မြန်မြန်လာပါ ကျနော်ဗိုက်အရမ်းအောင့်တယ်။
မျက်လုံးပိတ်မကျသွားခင် အကို့ကို မြင်ချင်တယ်။
(Part.. 6)

 The Refuge (complete)Where stories live. Discover now