Chapter 23

194 17 2
                                    

Part (23)
'ရစ်ခီကျောင်းထွက်လိုက်တာသိလားကိုကြီး´
ကြားကြားချင်းလူက တစ်ကိုယ်လုံးမီးမြိုက်ခံလိုက်ရသွားသလိုရှိန်းကနဲ။
'ဘာလို့လဲ ဟင်´
'ကိုကြီးကိုမပြောဖူးလားဟင်´
'ဟင့်အင်း´
'ဟုတ်မယ် ကိုကြီး ကိုမပြောဖို့ညီမလေးကို ပြောထားတာ´
'.......´
ကင်မ်ထယ်ရယ်တို့က ရစ်ခီရှန်ရဲ့ဘဝမှာအရေးပါနေလိုက်ပုံများ
'ဘာလို့တဲ့ လဲဟင်ညီမလေး´
'သူ က ကိုကြီးကိုပေးမသိတာနေမယ်သူအလုပ်ရှာနေတာ´
'ဟင်´
မောင်က ဘယ်လိုအတွက်ကြောင့်နဲ့ ဒီလိုဆုံးဖြတ်ချက်မျိုးကိုကျနော့်ကိုမပြောတာပါလိမ့်။ကျနော်က မောင့်တစ်ယောက်ကိုတော့ တင်ကျွေးထားနိုင်ပါရဲ့။
'ဟုတ်တယ် ဟိုနေ့က စာကြည့်တိုက်ခေါ်သွားတာကလေ အဲ့မှာအလုပ်ခန့်ထားပေးမလို့မလုပ်ချင်ဖူးတဲ့လေ´
'အယ် ဟုလား´
ငါ့ကိုမောင်ကအခုချိန်ထိဘယ်လိုသဘောထားနေတာလဲ
'ညီမလေး ပြောတယ်မပြောနဲ့နော်ကိုကြီး တော်နေကြာရန်လာလုပ်နေဦးမယ် ဟီး´
ကျနော့်နည်းတူပါးချိုင့်လေးတွေပေါ်အောင် ရယ်ပြလိုက်သော ဟာနာသည်အပြစ်ကင်းစင်လိုက်ပုံများ ။
ဒါများကျနော်ကစိတ်ကွက် မိသေးသတဲ့။
'မပြောပါဘူးညီမလေးရဲ့´
'ကိုကြီးကိုမပြောနဲ့တဲ့သူက´
'အေးပါကွယ်´
အန်တီကဟင်းပေးခိုင်းလို့လာပေးတဲ့ဟာနာပြန်သွားတဲ့နောက်မှာခေါင်းထဲတွင် မေးခွန်းတွေ တန်းစီလို့နေသည်။ဒီအကြောင်းတွေကို မောင်ကိုယ်တိုင်ပြောတာကြားချင်ပါသည်။
ဒါဆိုကျောင်းသွားမယ်ပြောပြီး ထွက်သွားခြင်းတွေက ဘယ်ကိုလိမ့်။
မကောင်းတဲ့အလုပ်တွေကိုလုပ်မိနေမှာဖြင့်။
ပြီးတော့အဲ့နေ့ထဲက မခေါ်ကြသေးဘူးရယ်။
'ပြန်လာပါပြီ´
အသံကြားပေမယ့်မီးဖိုထဲရောက်နေတာမို့ထွက်မကြည့်ဖြစ်
'ပြန်လာပြီလို့´
'ဗိုက်ဆာလို့လား´
'အင်း´
'ရေအရင်င်သွားချိုး´
'အင်း´
'ရေတွေခပ်မထားနဲ့တော့
ကိုယ်မချိုးတော့ဘူး´
'အင်း´
ပြောသမျှကို အင်းတစ်လုံးထဲပြန်ဖြေကာထွက်သွားသည်။
'ရစ်ခီရေ မြန်မြန် ချိုးအအေးပတ်မယ်´
'လာပြီ´
ထမင်းစားပွဲတွင်ထိုင်လိုက်တဲ့ကောင်လေးရှေ့ကို မုန်ညှင်းရွက်ကြော်ခွက်ကိုချပေးတော့မျက်နှာကဝင်းကနဲ။
'အသားဟင်းမပါလဲ ဖြဖစ်တယ်မလား´
'ပြေပါတယ်´
'ငါး မို့ လို့ပါ မင်း..ရစ်ခီမစားဖူးမလား´
'အင်း´
ပြောရင်းနဲ့ တစ်သျူးတစ်ရွက်ကို ဆွဲထုတ်ပြီးနဖူးကချွေးတစ်ချို့တို့ကိုသုတ်ပေးရှာသည်။
'လက်က ဘာလို့ရဲနေတာလဲ´
'ဆီပူမှန်သွားလို့´
'အော်´
'ကိုယ့်ကိုသာပြောနေတာ ရစ်ခီကျတော့ရော´
'မောင်လို့ခေါ်´
'ဟမ်´
'ပြန်မေးလို့´
'မောင့်လက်က ဘာကကဖစ်တာလဲ နီရဲနေတာဘဲ ဒီမှာလဲ ခြစ်ရာနဲ့´
'ကျောင်းမှာ ခုံတွေ သယ်ရလို့ပါ´
'ပင်ပန်းလား´
'ဟမ်´
'ကျောင်းမှာ ပင်ပန်းလားလို့´
'နည်းနည်းပါ´
မောင့်ပုံစံ က တကယ်ကိုပင်ပန်းနေတဲ့ပုံ မျက်လုံးတွေဆိုမှေးစင်းလို့
'စားပြီးရင် သွားနားတော့ကိုယ်ပန်းကန်ဆေးလိုက်မယ်´
'မဟုတ်တာ အကိုလည်း တစ်နေကုန် ပင်ပန်းထားတာ မောင်ဘဲ ဆေးမယ်´
'ဒါပေမယ့်´
'မစ္စတာကင်မ် သွားဆိုသွားလိုက်´
'ဟုတ်ကဲ့ပါခင်ဗျ´
'ခြေလက်မျက်နှာဆေးဦး´
'ဟုတ်ကဲ့ဗျ´
ပင်ပန်းလို့နားစေချင်ပေမယ့့် ရုပ်တည်ကြီးနဲ့ ကိုယ့်ကိုပါ ငေါက်လွှတ်နေသည်။
တစ်နေကုန် အလုပ်လုပ်ရတဲ့မောင့်ကို အားနာပါရဲ့။
ပန်းကန်တွေဆေးရင်းသူစိတ်လိုလက်ရ ကျေကျေနပ်နပ်ပြုံးမိသည်။
နောက်ဆုံးတော့သူက အကိုအားကိုးလို့ရမ
ယ့်သူတစ်ယောက်ဖြစ်လာပြီ။
သူဟာ အိမ်အတွက်ပိုက်ဆံရှာနိုင်တဲ့ယောကျာ်း၊
သူဟာ အကို့ို့ကို ပိုက်ဆံအပ်နိုင်တဲ့ယောကျာ်း၊
သူဟာ အကို ယုံကြည်လို့ရတဲ့ယောကျာ်းဖြစ်လာတာမို့ ပင်ပန်းရကျိုးနပ်ပါ၏
........
'မောင်ဒီမှာ ကြည့် ပန်းတွေ ပွင့် နေပြီ´
ခြံထဲ ပန်းပင်တွေ စိုက်ချင်တယ်ဆိုလို့ တတ်နိုင်သလောက်လေးစိုက်ဖြစ်အောင်လုပ်ထားပေးတာ တကယ်ပန်းတွေပွင့်လာလို့ပျော်နေလေရဲ့။
ပါးချိုင့်တွေ ခွက်နေအောင်ပြုံးနေတာများ။
'ဘာလုပ်တာလဲ´
ခွက်ဝင်နေတဲ့ ပါးချိုင့်ထဲ လက်ညိုးလေး ခပ်ဖွဖွထိုးကြည့်မိတော့ အကိုကအမေးစကားဆိုလာသည်။
'လှလို့ အဲ့ပန်းတွေထက်´
'မောင်ကတော့´
စကားအဆုံးမှာ ဒိုင်းကနဲ ရောက်လာတဲ့ မျက်စောင်းလှလှ
'တက်စက်ဘီးပေါ်´
'လမ်းလျှောက်သွားပါမယ်ဆို´
'စျေးထိအဝေးကြီးကို´
'လမ်းလျှောက်ချင်တာလို့´
'မောင်တင်နင်းမှာပါ´
'အေးပြီးရောကွာ´
ခြံထဲကစိုက်ထားတဲ့ပန်းတွေကိုစျေးတွင်သွားရောင်းမှာဖြသ်သည်။
ပန်းတွေသယ်ပြီးလမ်းလျှောက်ဦးမလို့တဲ့
'ကိုင်ထားနော်ပြုတ်ကျရင်ပြန်လာမကောက်ဘူး´
'ကောက်နဲ့ပေါ့´
'ဖက်ထားပါဆို´
'ရစ်ခီရှန်´
'ဗျာ´
'မနင်းရင် ကိုယ်ဆင်းတော့မှာ´
'စတာပါဗျာ´
ဖြေးဖြေးနဲ့မှန်မှန်း နင်းနေတဲ့ မောင့်နောက်ကလိုုက်ရတာ ဟာရင်ထဲတစ်သိမ့်သိမ့်တုန်။
တစ်ချက်တစ်ချက်တိုက်လာတဲ့လေပြေလေးတွေကြောင့် မောင့်ကိုယ်သင်းနံ့လေးတွေကနှာခေါင်းထဲကိုတန်းတန်းမတ်မတ်။
(မှေးစက်မောင့်အသည်းဝယ်မောပန်းလို့နွမ်းရင် မောင် ချော့ကာသိပ်ပါ့မယ်)
နောက်က ငြိမ်လိုက်လာတဲ့အကိုကြောင့် သီလချင်းလေးညည်းမိတော့
'မောင်ဘာရယ်´
'ဟမ်´
'အစောကသီချင်းဆိုလိုက်တာလား´
'အင်းလေ´
'သီချင်းဆိုတတ်တယ်ပေါ့´
'သီချင်းကတော့ ဆိုတတ်ပေါ့ဗျာ´
'ဒါဆိုလည်း ဆိုပြ´
'အခုကြီးလေ´
'အင်းအခုလေ´
'ဘာဆိုပြရမှာလည်း´
'အစောကဆိုတဲ့သီချင်း´
'မောင်တစ်ပုဒ်လုံးမရဘူး´
'မဆိုပြချင်လဲ နေတော့´
ညနေ နေအေးအေးလေးမှာ လမ်းမထက်ပေါ်က စက်ဘီးလေးတစ်စီးဝယ် စိတ်ကောက်နေတဲ့ကောင်လေးရယ် ကောင်လေးချော့နေတဲ့ ရယ်သံ ခပ်လွင်လွင်ရယ်ကို အနားမှရှိရင်တွေ့ကြပါလိမ့်မယ်။
......
'ပြန်လာပါပြီ´
'မောင်ရော့ နွားနို့သောက်´
'ဘာလို့နွားနို့ကြီးတုန်း´
'ခွက်နဲ့ခေါက်လိုက်ရ သောက်မှာဖြင့်သောက်´
'သောက်ချင်အောင် အာဘွားလေးမပေးဘူး´
'ရစ်ခီရှန်'
ပြောလည်းပြောလက်မြန်ခြေမြန်ရှိလှတဲ့အကိုက ဗိုက်ကြောကိုလိမ်ဆွဲထားနှင့်ပြီးပြီ။
'ရေချိုးထမင်းစားပြီးရင်ပြောစရာရှိတယ်´
'ဟုတ်´
....
'​ပြောစရာရှိတယ်ဆို´
'အင်းထိုင်ဦးမောင်´
'ပေးဒီကိုဘယ်နားကပ်မှာလဲ´
ဆေးပလာစတာကိုမမှီမကမ်းကပ်နေတဲ့ကျနော့်ဆီကမောင်ကဆွဲယူပြီးကပ်ပေးသည်။
'တအားနာနေလို့လား´
'ဟုတ်ပါ့ ကျောတွေတအားအောင့်´
ကုတင်ပေါ်ထိုင် ရင်း ခန္ဓာကိုယ်လေးကိုဆွဲလှည့်ကရင်ခွင်ထဲထည့်ထားလိုက်တော့ကျနော့်ပေါ်ကိုမှီချလာသည်။
'ကိုယ်ပြောမလို့´
'ဟုတ်´
'ကိုယ်အလုပ်ရပြီ မောင့်ကိုပြောမလို့ဘဲ မောင်က မလုပ်ခိုင်းမှာဆိုးလို့´
'အခုကျောအောင့်တာအဲ့တာကြောင့်ပေါ့´
'မစ္စတာကင်မ်တို့ကတော့´
'မောင့်ကိုကျောင်းထားနိုင်အောင် အလုပ်လုပ်ရမယ်လေ´
ဒီတစ်ခါတော့မောင်ပြောပြလာလိမ့်မယ်ထင်တယ်
(Part 24)

ကြိုက်ကြလားဟင်တကယ်သိချင်လို့ပါ 🥺

 The Refuge (complete)Where stories live. Discover now