Chapter 24

210 14 2
                                    

Part (24)
'ကျနော့်ကို ကျောင်းထားပေးဖို့ဆို လုပ်မနေပါနဲ့တော့အကိုရယ်´
'ဘာလို့လဲ´
'ကျနော်ကျောင်းမတတ်တာကြာပြီ
အကိုစိတ်ဆိုးမှာသိပေမယ့်မောင်အလုပ်လုပ်နေတာ´
'အင်း´
'သိနေတာလား´
'သိတာပေါ့ မောင်ရဲ့ အဲ့တာကြောင့်မနက်ဆိုလည်းထမင်းကို အတင်းစားခိုင်းပြီး ညနေမောင်ပြန်လာရင်လည်းနွားနို့အတင်းတိုက်ရတာပေါ့ အလုပ်တောင်မှ မောင့်ထက်စောပြန်
ရတဲ့အချိန်ကို ရွေးပြန်တာ မောင့်ကို ကြိုချင်လို့´
'စိတ်မဆိုးဖူးလား မောင့်ကို´
'မဆိုးပါဘူးကွယ် ဒါမယ့်ဘာလို့လဲတော့သိချင်တယ်´
'ဟို.. မောင်က´
'အင်းပြောလေ´
'မောင်က အကိုယုံကြည်အားကိုးရတဲ့သူမျိုးဖြစ်ချင်တာ အခုလိုအချိန်မျိုးမှာ အကို့ကိုတစ်ယောက်ထဲ ရုန်းကန်ခိုင်းပြီး မောင် က ကျ ကျောင်းတတ်နေရင် ဘယ်တရားမလဲ အဲ့လို တွေတွေးမိတိုင်းမှာ ကျနော်က အကိုနဲ့ မထိုက်တန်ဘူးလို့ တွေးမိတယ်´
မောင်စကားအဆုံးမှာ မောင့်ကိုကြည့်တော မျက်ရည်တို့က ဝေ့ဝဲလို့။
'မောင်´
'ဗျာ´
'ဒီနေ့ပင်ပန်းတယ်´
'မောင်ရောဘဲဘာလို့လဲ မသိဘူး ဒီနေ့ပင်ပန်းနေတာ´
'ကိုယ်ရှိတယ်နော်´
'အကိုရှိနေလို့ပေါ့´
ရင်ခွင်ထဲကို အကို့ခန္ဓာကိုယ်လေးက တအိအိခွေကျလာသည်။
'အိပ်တော့မှာလား မောင်သီချင်းဆိုပြမယ် တစ်ပိုဒ်´
ပြန်မဖြေဘဲရင်ခွင်ထဲကနေ ခေါင်းတစ်ဆတ်ဆတ်ငြိမ့်လေတော့
2(ရင်ခွင်မှာနွဲ့ကာ အားကိုးတဲ့သူရယ် နွေးနွေးထွေးထွေး ရင်ခုန်တယ်)2
(မှေးစက်မောင်အသည်းဝယ် မောပန်းလို့နွမ်းရင် မောင်လေချောကာသိပ်ပါ့မယ်)
သီချင်းဆုံးတော့
'မနေ့က ဆိုပြဆိုတဲ့သီချင်းလေအကိုက နားထောင်ချင်တယ်ဆိုလို့ကျက်ထားတာ´
ဘာမှပြန်မဖြေသူကို ငုံ့ကြည့်တော့ အိပ်ပျော်နေပြီ။
ရင်ခွင်ထဲကနေလက်မောင်းပေါ်ကို အသာလေးရွှေ့ပေးတော့ မနိုးလို့တော်ပါသေးတယ်။
ပင်ပန်းတာတွေကို မမြင်ချင်တာမို့ အစတစ်ရာလောက်ကြိုးစားပါ့မယ်။
.......
'အကို ဘာလုပ်နေတာလဲ´
'မင်္ဂလာဆောင်မယ့်ရက်´
'ဟင်´
'အင်းလေ နှစ်ဦးသဘောတူလက်ထပ်ကြရအောင်´
'မောင့်ကို လက်ထပ်ရဲလို့လား´
'မောင့်စကားက ဘာစကားတုန်း ဘာလို့ လက်မထပ်ရဲရမှာတုန်း´
'ဖေဖေ သဘောမတူ ဘူးမဟုတ်လား´
'သူတို့တောင်မှ ကိုယ့်ကို သားအဖြစ်က စွန့်လွှတ်ပြီးပြီဘဲ´
'တောင်းပန်ပါတယ်´
'မလိုလိုက်တာ ကွယ်´
'ဘာပိုင်ဆိုင်မှု မှ မရှိတဲ့ မောင့်ဆီကို အကို့ဘဝ ပုံအပ်ပေးလို့ကျေးဇူးတင်ပါတယ်´
'မောင်က ကိုယ့်အတွက် အိမ်လိုမျိုးဖြစ်တည်မှုဘဲ´
'အဲ့လောက်တောင်ချစ်လား မောင့်ကို´
'အဲ့ထက်ပိုတယ်´
'ဘယ်တုန်းထဲကလဲ´
'မောင် ၈တန်းနှစ်တုန်းထဲက´
နောက်တစ်နေ့ မနက်တွင်တော့ လက်တစ်ဖက်စီမှာ လက်စွပ်တစ်ကွင်းစီ နဲ့ တရားဝင် လင်ယောကျာ်း အဖြစ်ရောက်ခဲ့တယ်။
'မောင်ရေ ထဟ ကိုယ်နှိုးနေတာ ၅နာရီထဲက အခု ၇နာရီထိုးနေပြီ အလုပ်သွားရဦးမယ်မလား´
စောင်ခြုံအိပ်နေတဲ့ မောင့်ဆီက စောင်ကိုယူတော့ ပြန်ဆွဲထားရင်း
'အိပ်ဦးမယ်ဗျ´
'မောင် နောက်ကျရင် ငါပါ နောက်ကျမှာလေ ပြောတော့လိုက်ပို့ချင်တယ်ဆို တစ်ယောက်ထဲဘဲ သွားတော့မယ်´
'ထပြီဗျာ ထပြီ´
စောင်တွေ ကို ကန်ချပြီးထွက်သွားတာချစ်စရာ။
.......
'မောင်ရေ သားကိုခေါ်ခဲ့တော့ ထမင်းစားရအောင်´
'အကို့သားက ပြောလို့မရဘူး ´
'ရအောင်ခေါ်ခဲ့´
ခနကြာတော့ ထမင်းဝိုင်းကို သားအဖနှစ်ယောက် ရန်ဖြစ်ရင်းရောက်လာကြသည်။
'ကင်မ်ရှန်ရွေ့ နဲ့ ရစ်ခီရှန် ခင်ဗျားတို့က လက်ဆေးပြီးပြီမို့လို့ လာထိုင်နေကြတာလား´
'အာဟုတ်သား မောင်မေ့တာ
သားရေ ပါပါးတို့ မင်းဖေဖေကနေ အရိုက်မခံရအောင် မြန်မြန်လက်သွားဆေးရအောင်´
၂နှစ်ခွဲအရွယ်သားကို ချီ​​ပြီးလက်ဆေးဖို့
ပြေးသွားတဲ့ သားအဖကို ကြည့်ရင်း ခေါင်းခါမိသည်။ဒီသားအဖနဲ့တစ်သက်လုံး
လက်ထပ်ပြီး နှစ်ယောက်သား စုမိဆောင်းမိတဲ့နှစ်ဝက်လောက်မှာ သားကိုမွေးစားဖြစ်တယ်။
နှစ်ယောက်ရဲ့ Anni မှာ ဂေဟာကကလေးတွေဆီသွားရင်း
ကလေးချစ်တတ်တဲ့မောင်က ၈လအရွယ်သားလေးကို မွေးစားခဲ့တာ။
အခုဆို သား က သူ့ပါပါးနဲ့တထေရာထဲ
'အကို ဘာဟင်းလဲ´
'ဟီး´
သွားကို ဖြီးပြတော့ သားရောကျနော်ရော မကြိုက်တဲ့ ငါးဟင်း ဆိုတာကို သိလိုက်သည်။
'မောင့်ကို လည်း အရိုးနွှင်ပေး´
'သားကို ထမင်းခွံနေတယ်လေမောင်´
မောင်ကကလေး လား´
'သားကိုကျ အရိုးလည်း မပါဘူး ထမင်းလည်း နယ်ပေးတယ်´
'မောင့်မှာလက်မပါဘူးလား
ကိုယ်ဒီမှာ ထမင်းခွံ့နေတယ်´
'ပေး သားကို မောင်ခွံ့မယ်
အကိုက မောင့်ကို အရိုးနွှင်ပေး´
'ငါဘာလို့ ရစ်ခီရှန်ကို ယူခဲ့မိတာလည်းမသိဘူးဟေ့´
'အကိုက အခုမှ ငြိုငြင်နေတာလား´
ခေါင်းကို ခေါက်လိုက်မှ ငြိမ်သွားသည်။
'သားရေ မင်းဖေဖေက ပါပါးကိုနာအောင်လုပ်တယ်´
သားက သူ့ရဲ့လက်ဖောင်းဖောင်းလေးတွေနဲ့ သူ့ပါပါးခေါင်းကိုပွတ်ပေးတော့ ကျေနပ်နေရှာတာများ။
.......
ဒီနေ့အလုပ်နားရက်မို့ အကို့ကို အိမ်အလုပ်တွေကူလုပ်တာ အသက်ပါထွက်ချင်သွားသည်။
သားကတစ်ဖက်နဲ့ အိမ်အလုပ်တွေလုပ်ရတာက မလွယ်ကူ။
ကလေးမွေးစားချင်တယ်လို့ပြောတော့ ချက်ချင်းလက်ခံပေးခဲ့ပြီး
အိမ်မှာဘဲ  အိမ်ကိစ္စနဲ့ ကလေးတာဝန်ကို အကိုကယူရလို့ တအားပင်ပန်းရတယ်ထင်ပါတယ် ခုံပေါ်မှာကို အိပ်ပျော်လို့
သားကိုခနသိပ်ထားပြီးအကို့နားကိုဖြေးဖြေးချင်းလျှောက်သွားလိုက်သည်။
အမြဲသတိကပ်တဲ့အကိုက ကျနော်အနားရောက်တာ နဲ့တင်နိုးလာသည်။
'ကလေး မနေလို့လားမောင်´
'ကလေးကမောင်သိပ်ခဲ့ပြီဗျ အကိုအေးဆေးနားပါ´
'မနားပါဘူးမောင်ရယ် မောင့်သားကအငြိမ်မနေဘူး မှီရာအကုန်ဆွဲတာ ဓာတ်ဗူးတွေ ဘတွေ မရှိဘူးလား´
'မရှိပါဘူးဗျာ
ပင်ပန်းနေပြီလားအကို´
'နည်းနည်းပါမောင်ရယ် မောင်ပျော်တယ်မဟုတ်လား မောင်ပျော်ရင်ငါပျော်တာဘဲပေါ့
မောင်ငယ်ငယ်တုန်းကလည်းကိုယ်ဘဲထိန်းလာတာ ပါ´
'သားအခန်းကို ဘာအရောင်ထားပေးရင်ကောင်းမလဲ´
'ကလေးကငယ်သေးတာကို အခန်းခွဲ မသိပ်ပါနဲ့ဦးမောင်ရဲ့´
'နောက်ကျ ရင်ပါ´
'အော် အဲ့တာဆိုရင်တော့ အပြာနုလေး´
'ဘာလို့လဲ´
'သိဘူး သားငယ်အပေါ်ထားတဲ့မေတ္တာတွေဘဲနေမယ်´
အကို့ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့သားက ကောင်းကောင်းမွန်မွန်ကြီးပျင်းမှာပါ။
ဒီလိုယောကျာ်းရယ် ဒီလိုသားရယ်ရှိတာ
ရစ်ခီအတွက်ကတန်ဖိုးအရှိဆုံးဘဲ။
(part 25)

Note ..
ကဲပေါက်စလေးပါလာပြီဆိုတော့ Family type ဘက်ကိုသွားပါတော့မယ်။

 The Refuge (complete)Where stories live. Discover now