Chapter (21)

190 17 4
                                    

Part (21)
နားတွေ အူနေပြီး ဘာတွေ ဖြစ်နေလဲကျနော်မသိပါ။
ကားဟွန်းသံတွေဆူညံနေပြီးခေါင်းလည်းတအားကိုက်သည်။
အကိုခေါင်းခနခနကိုက်တာ ဒါမျိုးနဲ့တူတယ်
မျက်လုံးတွေလည်းပြာနေပြီး  အိပ်ချင်သည်။
အကို အလုပ်ပင်ပန်းနေတာ အကို့ကို မောင်ကိုယ်တိုင်ဖျော်ထားတဲ့ ကော်ဖီဘူးလေးပေးရဦးမယ်။
အတင်းကုန်းရုန်းထပေမယ့်ထ၍မရ အရမ်းအိပ်ချင်သည်။
'ဒီလိုလုပ်ရင် မဖြစ်ဖူးဆိုတာမသိဘူးလား ဒေါက်တာ´
'တောင်းပန်ပါတယ် ဆရာမရယ် ကျနော့် ကောင်လေးလည်း အသက်လုနေရတဲ့အခြေအနေပါ´
'တခြားဆရာဝန်က အသက်မှီအောင် ကယ်တင်နေပြီမို့ ခွဲစိတ်ခန်းထဲ ကိုအမြန်လာခဲ့ပါတစ်ဖက်ကလေးမကလည်း အသက်လုနေရတာဘဲလေ ကိုယ်ချင်းစာပါ´
ဖုန်းထဲက ဆရာမပြောနေတဲ့စကားတွေကို ကြားနေပေမယ့်
မှန်အပြင် ကနေ မောင်နှလုံးပြန်ခုန်လာအောင် ကြိုးပမ်းနေရပြီး နှလုံးရှော့ရိုက် နေရတာတွေ မြင်ရတဲ့ အခါမှာ ဘာကိုမှ မတတ်နိုင်ပါ။
လူကပျော့ခွေလို့ပင်နေသည်။
တောင်းပန်ပါတယ်ညီမလေးရယ် အကို အတ္တကြီးပါရစေ။
နှလုံး ခုန်စက်မှာ ပုံမှန်ပြန်ဖြစ်သွားကာမှ ကြမ်းပြင်ပေါ်ကို ထိုင်ချလိုက်မိသည်။
အချိန်ကိုက်ပင် စူးအောင့်လာသောရင်ဘတ်
မောင်ဘာမှ မဖြစ်ရဘူးနော်။
'ထယ်ရယ်´
ပတ်ဟန်ဘင်းက ခွဲစိတ်ဝတ်စုံ နဲ့ ထယ်ရယ်လို့ခေါ်ပြီး မျက်လုံးတွေနဲ့စကားပြောသွားသည်
ဟန်ဘင်းရောက်လာပြီဆိုတော့ ဟိုညီမလေး အဆင်ပြေမှာပါ။
၄နာရီကြာအောင် မတ်တတ်ရပ်နေသည်မို့ ခြေထောက်တွေ ထုံကျင်လို့နေသည်။
'မောင်လေး ရော့´
မျက်စိရှေ့ကိုရောက်လာတဲ့
အဖုံးလေးပိန်ပြီး သွေးတစ်ချို့စွန်းနေသော သံဘူးလေး
'ကော်ဖီထင်ထယ်´
ငါ့ကို ကော်ဖီလာပို့လို့ မောင်အခုလို့ဖြစ်ရတယ်လို့မပြောနဲ့နော်မောင် အဲ့လိုဆို ငါ ပါ သေရလိမ့်မယ် မောင့်ကိုအားနာလွန်းလို့
'အမ ခေါ်လာပေးတာလား ကျေးဇူးတင်ပါတယ် အမရယ်´
'အမလည်း တွေ့တွေ့ချင်းလန့်သွားတာ စကားတွေ မပြောနိုင်ပေမယ့်အမကို ဒီဘူးဘေး ကမ်းပေးသွားတာ အမကို သိပုံလည်း ရတယ်´
'ကျေးဇူးပါအမရယ်´
ဆေးရုံကို လူနာတွေ လာပို့နေကြ လူမှုကူညီရေးအသင်းက အမကို မောင်က သိပုံရပြီး ဒီအမကိုပေးခဲ့တာဖြစ်မည်။
အမကလည်း ကိုယ်နဲ့ သိနေတာမို့ ဒီဆေးရုံ ကို ခေါ်လာခဲ့ပေးတာ တကယ်ကျေးဇူးတင်သည်။
................
အခန်းတံခါးဖွင့်ဖွင့်ချင်း လက်သွယ်သွယ်လေးမှာ ဆေးထိုးအပ်တွေ နဲ့တကယ်မုန်းပါသည်။
ခေါင်းပတ်တီးနဲ့မောင်က မလိုက်ဖက်စွာ
မောင်ရယ်သတိရလိုက် စမ်းပါ ငါလွမ်းနေပြီ
၈ရက်တောင်ရှိပြီလေ။
မောင့်ကုတင်ဘေးက ပစ္စည်းတွေ ကိုဘရှင်းပေးပြီးတော့ မောင့်ကို သာထိုင်ကြည့်နေလိုက်သည်။
'ဒေါက်တာ ကင်မ် ဆေးရုံအုပ်ခေါ်နေပါတယ်ရှင့်´
'ဟုတ်ကဲ့´
.........
'ဒေါက်တာကင်မ် ဘယ်လိုလုပ်ရက်မျိုးကိုလုပ်ခဲ့တာလဲ´
'တောင်းပန်ပါတယ်´
'ဆရာဝန်ဆိုတာ လူနာတွေ ရဲ့ အသက်ကို ကယ်တင်ရမှာလေ ကိုယ်ရေး ကိုယ်တာ နဲ့ ရောလို့မရဘူး ကလေးကတော့ ဒီနေ့မနက်ကဘဲ သတိရတယ်´
အဲ့ ဒီနေ့က အသက်လုခဲ့ရသော နှစ်ယောက်ထဲက ညီမလေးကတော့သတိရလာပြီး မောင်တစ်ယောက်သာ ကျန်နေခဲ့သည်။
'တော်ပါသေးတယ်´
'ဒေါက်တာ ကင်မ်ရဲ့ အကြောင်းတွေလည်း အပြင်လူ တော်တော်များက သိနေပြီ
ပြီးတော့ အစိုးရကလည်း ဆေးလက်မှတ်ကို ပြန်လည်းသိမ်းပါ့မယ်တဲ့´
'ရပါတယ် ´
ကျနော့်ဘဝမှာ မောင်ကဘဲ အရေးကြီးပါတယ်။
'ဒေါက်တာကင်မ် လုနာရစ်ခီရှန် သတိရပါပြီ လူနာက အကို့ကို မေးနေတယ်´
ကြားကြားချင်း မောင့်ဆီကိုဘဲ အပြေး လာခဲ့တာမောင်
မထူးဆန်းဘူးလား ၂ယောက်လုံးက တစ်ပြိုင်နက်ထဲ သတိရလာတာ
ကျနော်အနားထိရောက်သွားတော့ မောင်က ဖျော့တော့တော့ပြုံးပြ ချင်တွင် ငို ချလိုက်မိသည်။
'မငိုနဲ့´
မောင်က ခေါင်းခါပြရင်းဆိုလေတော့ မျက်ရည်တွေ ကို သုတ်ပြစ်ပြီး မောင့်ဘေးတွင်ဝင်ထိုင်လိုက်သည်။
'ငါ့ကြောင့် ဘဲ ပေါ့ မောင်´
'မဟုတ်ပါဘူး မောင်မဆင်ခြင်လို့ပါ´
'မောင်ရယ်´
'ကော်ဖီသောက်ရလား´
'အင်း´
'တော်သေးတာပေါ့´
'နေရတာ သက်သာလား´
'မောင်က အဆင်ပြေတယ်
ဒေါက်တာ ထမင်းမစားဘူးလား မျက်နှာလေးကို ချောင်ကျသွားတာဘဲ ´
'ဘယ်လိုလုပ်စားဝင်မှာလဲ မောင်ရဲ့´
'မောင်နေကောင်းသွားပြီမို့ ထမင်းပြန်စားရမယ်နော်´
'ဟုတ်´
...............
'အကို အဆင်​ပြေ ​​ရဲ့လား ကျနော့်ကြောင့်နဲ့ပေါ့ ´
'မောင်ရှိရင်အဆင်ပြေပါတယ်ဆို´
'အကိုရယ် ကျနော့်ကိုကုနေတဲ့ ဆရာဝန်တွေတာ ဘဲ ကို´
'မောင့်နေရာမှာ ကိုယ်သာဆို မောင်ရောသွားမှာလား´
'ဟင့်အင်း´
'အဲ့တာများ´
အိမ်ရှင်ဆီ သော့ပြန်အပ်ပြီး အသစ်ငှားထားသော အိမ်လေးကို ပြောင်းဖို့လာနေတဲ့ ငှားထားတဲ့ ကားပေါ်မှာ စကားများနေကြခြင်းဖြစ်သည်။
'တောင်းပန်ပါတယ် ဆေးရုံက ဆင်းပြီးပြီး ချင်း သိပ်မနားရဘဲ အခုလို အိမ်ပြောင်းရတာ´
'မလိုလိုက်တာ´
မောင့်ပုခုံးပေါ်မှာ ခေါင်းလေးကို အသာမှီပြီး
စိတ်ပင်ပန်းမှုတွေ ကို လျှော့ချရသည်။
ဘယ်လိုလုပ်မလဲ မောင် ငါလုပ်မရှိတော့ဘူး
ငါမောင့်ကို ရှေ့ဆက်ဘယ်လိုစောင့်ရှောက်ရမလဲ
အခုငါတို့မှာ ဆိုင်ကယ်တောင်မရှိတော့ဘူးမလား
မောင် ကိုယ်နဲ့ နေနိုင်ပါ့မလား
သာမန် ရပ်ကွက်လေးမှာ ရေချိုးခန်းသက်သက် မရှိတဲ့ ရေချိုးဖို့ ​ကျောက်စည်နဲ့ ကျောက်ပြားလေး တစ်ချက်သာ ရှိတဲ့ အိမ်လေးမျိုးမှာ
မောင်နေနိုင်ပါ့မလား။
တစ်ထပ်တိုက်အဖြူလေးရှေ့မှာ  ကားလေးကထိုးရပ်သွားသည်။
ကားဆရာကိုကျသင့်ငွေ ပေးပြီးနောက် နှစ်ယောက်သား အိမ်လေးကို ရပ်ကြည့်နေမိသည်။
ညနေစောင်းတဲ့အချိန်မှာတော့ ပစ္စည်းတွေ နေရာချလို့ပြီးခဲ့သည်။
မောင်က တော့ ပင်ပန်းလို့ ထင်သည် အိပ်ပျော်သွားသည်။
'မောင် မောင်´
'ဟင်´
'ညနေဘက်ကြီး မအိပ်နဲ့တော့ ဖျား
မယ်မောင်´
'ဟုတ် ရေသွားချိုးဦးမယ်´
'ရေချိုးခန်းသက်သက်မရှိဘူးမောင်´
'ရတယ်လေမောင်ချိုးတတ်ပါတယ်´
'အင်း မြန်မြန်သွက်သွက်ချိုး
ကိုယ် ထမင်းစားဖို့ လုပ်လိုက်ဦးမယ်´
'ဟုတ်´
..........
'ကိုကို သွားရေသွားချိုးတော့´
'ဟင်မောင် ရေမချိုးဘူးလား´
'ချိုးတယ်လေ´
'ရေတွေက ကိုယ်ရောက်ထဲက သုံးနေတာ မောင့်တစ်ယောက်စာဘဲ ရှိတော့တာလေ´
'အင်း မောင် မြန်မြန်ချိုးပြီး တောင်ဘက်အိမ်က ရေလှူတယ်လေ  မောင်အဲ့က သွားဆွဲထားတာ´
'ဟင်´
မောင့်လက်ကို ကြည့်တော့ ရဲ စပ်လို့
အိမ်က အခုမှ ဆောက်ပြီးကာစမို့ မော်တာမတတ်သေး ပေ။
ရေဆွဲလို့ ဆူပူနေရင်း ထွက်သွားတဲ့ အကို့ကိုကြည့်ရင်းအေးချမ်းရသည်။
အကိုကရော ဒီလို ဘဝမှာ ကျနော်နဲ့ အတူနေနိုင်မှာလား။
ကျနော်ကတော့ တတ်နိုင်သလောက် စောင့်ရှောက်မှာပါ။
ကျနော့်ကြောင့် နဲ့ ဆေးကုခွင့် လက်မှတ်ပါသိမ်းခံရတာ အားနာပေမယ့် အခုလိုသာမန်ဘဝလေးမှာလည်း ကိုကို့ ကို ပျော်စေချင်ပါသည်။
ကျနော် တို့ ရဲ့ ဘဝက အခုမှ စမှာပါ ကိုကိုရေ
(part 22)

Note.... နောက်ပိုင်းမှာတော့ ငြိမ့်ငြိမ့်လေး ဘဲ သွားပါ့မယ်
စိတ်ဝင်စားပါရဲ့လား

 The Refuge (complete)Onde as histórias ganham vida. Descobre agora