Chapter 7

322 39 2
                                    

Part (7)
ကျနော်နိုးတော့ အကိုက အိပ်ပျော်လို့
' လူနာစောင့်များရှင့် ဆရာဝန် Round တော့မှာ မို့အပြင်ကို ခနလောက်ထွက်ပေးကြပါရှင့်´
အကိုက နိုးလာပြီး
'ဆရာဝန် လာတော့မယ် ကလေး ဖြစ်သမျှအကုန်ပြောနော်´
'ဟုတ်´
'ကိုယ် ဟိုဘက်ပြတင်းပေါက်ကကြည့်နေမယ်မကြောက်နဲ့´
'ဟုတ်ကဲ့´
'ဖုန်းကို ကိုယ်ယူသွားမယ်´
အပြင်ထွက်မယ်တော့သူငယ်ချင်းနဲ့ပက်ပင်းတိုးသည်။
'ထယ်ရယ် မင်းကဒီမှာ ဘယ်သူနေမကောင်းဖြစ်လို့လဲ´
'အိမ်က ကလေးပါကွာ အူအတတ်ယောင်လို့´
'အော် အေး´
'မင်းကရော ဘယ်သူနေမကောင်းလို့လဲ´
'ဟော ငါကအခုRoundမယ့် Dr.ပတ်ဟန်ဘင်းပါကွ´
'အော် မင်းပေါ့´
'မာဖီနဲ့မို့ မင်းမသိတာနေမှာပါ´
'အေး´
'ဒီကလေး က ငါတို့ဆေးကျောင်းတုန်းကခေါ်လာတဲ့ကလေးမလား´
'ငါ့မှာ ဒီတစ်ယောက်ဘဲရှိတာ´
'သားသား´
'ဟုတ်ကဲ့´
'အခု ကိုကြီး ထိတဲ့နေရာတွေထဲ က ဘယ်နေရာ တွေ အနာဆုံးလဲ ဆိုတာ ပြောနော်´
'ဟုတ်´
'ကလေးက အဆင်ပြေပါတယ်ကွ ဆေးနဲ့ထိန်းလို့ရတယ် ဒီကြားထဲ တစ်ခုခုဆို ငါ့လာခေါ်´
'အေးပါ´
'မင်းကိုယ်မင်းလဲ ဂရုစိုက်ပါဦး ကင်(မ်)ထယ်ပိန်နေပြီ ဒေါက်တာ´
'ငါက ပိန်မှကြည့်ကောင်းတာ´
'ဆေးကျောင်းတတ်ပြီး ဆရာဝန် မလုပ်တာ မင်းတစ်ယောက်ထဲ တွေ့ဖူးတယ်´
'မင်းကလည်းကွာ´
'တခြားလူနာတွေဆီ သွားဦးမယ် ပြီးမှငါလာခေါ်မယ်´
ပတ်ဟန်ဘင်းပြန်သွားတော့ ဆရာသမားကဆူပုတ်နေသည်။
'ရစ်ခီ´
'အင်း´
'ဘာတွေဆူပုတ်နေတာလဲ´
'ဘာလို့ ဆရာဝန် ဆက်မလုပ်တာလဲ´
မေးခွန်းကို မေးခွန်း ပြန်ထပ်တော့ ကျနော်မဖြေတတ်တော့ပါ
'ဖြေလေ ကျ​​နော့်ကြောင့်လား´
'မဟုတ်ပါဘူး´
'မနှမြေဖူးဘူးလား´
'ဟင့်အင်း ကိုယ့်မှာ လက်မှတ်ရှိတယ်ဘယ်ချိန် ဝင်လုပ်လုပ်´
'အကို ဆရာဝန် ပြန်လုပ်တာ´
'ဟင့်အင်း´
'ဘာလို့လဲ´
'မင်းကို အချိန်မပေးနိုင်မှာစိုးတယ်´
'ဟင် ဒါဆို ကျနော့်ကြောင့်ဘဲ ပေါ့´
'မင်းမှာ က ကိုယ်ဘဲ ရှိပြီး ကိုယ့်မှာက မင်းဘဲရှိတယ်´
ရစ်ခီက ဘာမှတော့ပြန်မပြောပေမယ့်တစ်ခုခုတော့ တွေးနေတယ်။
သူဆေးကျောင်းတတ်နေတဲ့ ၆ နှစ်လုံးလုံး ကလေးကို လုံးဝ မကြည့်နိုင်ဘဲသူများဆီမှာဘဲ ကြီးပြင်းခဲ့ရပြီးအနေဝေးနေခဲ့တာ။
ဆရာဝန်ပေါက်စတုန်းက လူနာအသက်ကို အချိန်မှီမကယ်ယ်နိုင်ခဲ့လို့ pressure တွေ ပိနေပြီး  လေးတန်း ကလေး အဆင့် ကျ လို့ဆိုပြီးရောပြီး တော်တော်ရိုက်ခဲ့သေးတာ။
၇ နှစ် ၈နှစ်လောက် ဝေးနေခဲ့ပြီးဒီနှစ်အတွင်းမှာ အနေနီးအောင်ပြန်ကြိုးစားခဲ့ရတာ။
ဘဝမှာအရင်ထဲက အခုချိန်ထိ သူကဘဲ အရေးကြီးခဲ့တာ မို့ အရာအားလုံး ကို စွန့်လွှတ်ခဲ့တာ
'အကို့ကို Doctor ကင်(မ်) ထယ်ရယ် အဖြစ်မြင်ချင်တယ်´
'ဟင်´
'အကို့ကို Duty coat နဲ့ တွေ့ ချင်တယ်လို့´
'ဟုတ်ပြီ မြင်စေရမယ်´
'ဟုတ်´
'မောင်လေးတို့ Doctor ပတ်ဟန်ဘင်းက VIP အခန်းကိုရွှေ့ခိုင်းလို့ အမတို့လာခေါ်တာပါ´
' ခင်ဗျာ´
ဒီလို သူငယ်ချင်းရှိတာ ကံကောင်းပေမယ့်အခုလိုကျတော့ အားနာစရာ
VIP အခန်းကိုရွှေ့ပြီးမကြာသေးဖူး ရစ်ခီက အိပ်ပျော်သွားသည်။
သက်တောင့်သက်သာဖြစ်သွားလို့ ထင်တယ်
ခနနေကျ အကို ဂျီဝူးနဲ့ မက်သရူးက Duty လာလဲမှာမို့မအိပ်ဘဲ စောင့်နေလိုက်သည်။
aircon ခန်းထဲမှာတောင် ရစ်ခီက ချွေးတွေ ထွက်နေသည်မို့ တစ်ရှူး နဲ့ အသာလေး သုတ်ပေးနေသည်။
'ရစ်ခီရှန်........´
အီဟာဆိုတဲ့ ကောင်လေးက မကျေနပ်တဲ့ လေသံနဲ့ အသံကိုကျယ်ကာ ရစ်ခီ ကို
ခေါ်နေသည်။
'အိပ်နေတယ် ခနနှိုးပေးမယ်´
'ရတယ် ကိုယ့်ဘာသာနှိုးမယ်´
ပြောရင်းနဲ့ အဲ့ကောင်ကတဇွတ်ထိုး Drip ချိတ်ထားတဲ့ လက်ကို လှမ်းဆွဲတာမို့ တွန်းထုတ်လိုက်ပြီး
'ဘာလို့ တွန်းတာ လဲ ကျနော်သူ့ကောင်လေးပါ နာကျင်အောင်မလုပ်ပါဘူး´
'ငါသာ အတွန်း မမြန်ရင် သူနာကျင်ရ
တော့မှာ´
'အရာရာ ကို သိသလို တတ်သလို မလုပ်ပါနဲ့ ကျနော် က သူ့ ဆိုင်သူပါ´
'ငါကသူ့ကို ပိုင်တဲ့သူ´
တစ်ချက်ဘဲ အနိုင်ပိုင်းပြီး
လက်လေးကို အသာရမ်းပြီး ပါးကိုပုတ်နှိုးတော့ နိုးလာသည်။
'ကိုယ် အပြင်က စောင့်မယ်´
အဲ့​ကောင်လေးက အနေနီးတာမကြိုက်တာမို့ အပြင်ထွက်ခဲ့လိုက်သည်။
'ဆရာသမား အပြင်မှာ ဘာလုပ်နေတာလဲ´
'အေး ခနနေ Duty လဲ မှာ မို့ အပြင်ထွက်စောင့်နေတာ´
'နောက်ကျဦးမှာ လား ငါနဲ့ ဆေးရုံရှေ့လိုက်ခဲ့
'အေး´
'သူငယ်ချင်း´
တွေးထားတဲ့အတိုင်း ဟန်ဘင်းကိုဘဲ အကူညီတောင်းရသည်။
'အေးပြောလေ´
'ငါဆရာဝန် ပြန်လုပ်ချင်တယ်ကွာ´
'ဒါများကွာ မင်းမှာ လက်မှတ်ရှိသေးတယ်မလား´
'ရှိတာပေါ့ကွ´
'အဲ့တာဆို အေးဆေး ငါထိုက်နေကျ ငါ့ဦးလေးဆေးရုံရှိတယ် ပုဂ္ဂလိက ဆေးရုံ
ငါက  operation ပိုင်း တွေဘဲ ကိုင်တာ မင်းက တခြား case တွေ ကိုင်ပေါ့´
'အဲ့လောက်လွယ်လား´
'မင်းအကိုကြီး ပတ်ဟန်ဘင်းလေကွာ ဘယ်သူမို့လို့လဲ လာတေ့လျှောက်ဦးနော်´
'အေးပါကွာ ကျေးဇူးဘဲ နောက် ၂ပတ်လောက်နေရင် ငါလာခဲ့မယ်´
'အေး´
'အခုတော့ ကလေး က နေမကောင်းသေးလို့´
'မင်းလည်း သံယောဇဥ်ကြီးတယ်နော်´
'ဒီတစ်ယောက်ရှိတာကို´
'ဟေ့ရောင်  ထယ်ရယ်´
ကားပေါ်ကနေ အကိုဂျီဝူးက ကုန်းအော်နေသည်။
'ငါပြန်တော့မယ်နောက်မှတွေ့မယ်´
'အေးအေး´
'ဂွန်းဝူ့ကိုလွှတ်လိုက်ဦးအကို ကျနော်ဆေးရုံထဲ မလိုက်တော့ဘူး ရစ်ခီကောင်လေးရောက်နေလို့´
'အေးအေး ဂွန်းဝူ့က အစောထဲကပြန်ရောက်နေပြီ´
'ဒါဆိုသွားပြီ´
................................
အကိုဂျီဝူး က ဘာလို့ ဖုန်းတွေ ၇ခေါက်တောင်ခေါ်ထားတာလဲ
ပြန်ရောက်ထဲက ၃နာရီ ဆက်တိုက် အိပ်ပျော်နေပြီး နိုးတော့ညနေတောင်စောင်းနေပြီမို့ ဆေးရုံပြန်သွားဖို့ရေချိုးခန်စထဲ ဝင်နေတုန်း ဖုန်းတွေဆက်တိုက်ခေါ်ထားသည်။
'ဟယ်လို အကို´
'အေး ထယ်ရယ် ငါပြောမယ် ရစ်ခီကလေ
ဟိုကောင်လေးပြန်သွားပြီးထဲက ငိုနေတာ အခုထိ´
'ဟမ် ဟုလား ဒါဆို ကျနော်ထမင်းစားပြီးတာနဲ့ လာခဲ့မယ်´
'အေးအေး´
ထမင်းစားတယ်သာပြောတာမျိုမကျျပါဘူး
မမေ့မလျော့ ဂီတာက်ုဆွဲပြီး ထွက်ခဲ့သည်။
သူ့ကိုချော့ဖို့ အကောင်းဆုံးလက်နက်က ဂီတာ တစ်ခုထဲပင်။
ဟုတ်လည်း ဟုတ်သည် ကျနော်ရောက်တော့ ငိုထားတာ မောလို့နဲ့ တူတယ် အိပ်ပျော်နေတယ် နှာခေါင်းလေးတွေကိုရဲလို့
'အကိုတို့ ပြန်တော့ မိုးချုပ်နေပြီ ကျနော် ဘဲ စောင့်တော့မယ်´
'အေးအေး´
နာရီဝက်လောက်ကြာတော့နိုးလာသည်။
'အကို´
'ဗျာ´
'ရေသောက်ချင်လို့´
'ခွက်လိုက်ကြီးတော့မရဖူး´
'ဟုတ်´
ကုတင်ခေါင်းရင်းကိုအသာလေးမှီပေးပြီး
ရေကို ဂွမ်းစလေးနဲ့ တိုက်တော့ အဝမသောက်ရတာမို့ ဆူပုတ်
'ဘာလို့ ငိုသလဲ´
'သူ´
'ပြော´
'နောက် ထပ်ကောင်မလေးတစ်ယောက်ကို
ချစ်သွားတယ်´
'ဘယ်လို´
'အင်း သူကပြောတယ် အကို နဲ့ သူ တစ်ယောက်ကို ရွေးတဲ့´
'အဲ့ဒီတော့´
'အကို့ ကိုရွေးလိုက်တာမို့သူကလည်းတခြားကောင်မလေး ကိုရွေးသွားတာ´
ကျနော့်ကိုရွေးတာဝမ်းသာမိပေမယ့်
သူနာကျင်ရလျှင်တော့အဆင်မပြေ
'မင်း အဆင်မပြေဘူး မဟုတ်လား
ဘာလို့ ကိုယ့်ကိုလည်း´

Part(8)

မှတ်ချက်.... အားရင်င်အားသလို update ပေးတာမို့  ဒီက ရှန်ထယ်ရယ် မကို စိတ်မဆိုးကြပါနဲ့ဦး 🥺

 The Refuge (complete)Onde as histórias ganham vida. Descobre agora