Chapter 15

242 21 5
                                    


Part (15)
(ဒီနေ့ ဘေးအိမ်ကို အမ တစ်ယောက်ပြောင်းလာတယ် အမကကျောင်းမှာလဲတွေ့ဖူးနေကြ ပြီးတော့မမရဲ့သူငယ်ချင်း အဲ့အမနာမည် ဆူယွန်းတဲ့)
ဒီမှာရေးထားတဲ့ Date နဲ့ဆို ကိုကို ၇နှစ်တုန်းက ရေးထားတာ ပေါ့ နောက်ထပ်တစ်ရွက်ကို ထပ်လှန်ကြည့်လိုက်တော့
(မမက အရမ်းခင်ဖို့ကောင်းတယ် အခုဆို နေ့တိုင်းမမနဲ့ ကျောင်းသွားကျောင်းပြန်အတူတူသွားနေရပြီ)
စိတ်ဝင်တစားနောက်တစ်ရွက်ကို
(မမက ဗျာ သားကမမ ကဘယ်လိုအလိုလိုက်ကြောင်း သူငယ်ချင်းတွေ ဆီမှာကြွားထားတာ ကို အိမ်ပြန်နောက်ကျတာလေးနဲ့ သူငယ်ချင်းတွေရှေ့မှာအော်တယ် မမ မကောင်းဘူးဗျာ)
အဲ့အချိန်တုန်းကကိုကို ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်မလဲ
(မမနဲ့မခေါ်တာ ၃ရက်မြောက်နေ့မှာမမက မုန့်နဲ့ လာချော့ပေမယ့် ကလေးမဟုတ်တော့တဲ့အတွက် ကျနော်ကတိတစ်ခုတောင်းခဲ့တယ် မမရည်းစားမထားဖို့)
ကိုကိုက အဲ့အမကိုသဘောကျနေတာများလား
(မမ ဆူယွန်းနဲ့ ဒီနှစ်ပိုင်းတွေမှာ အနေဝေးနေပေမယ့် မမရှန်ရင်းရဲ့ မောင်လေးကိုမွေးစားဖို့လုပ်တော့ မမက ဘာလို့ အတင်းတားနေတာလဲ)
ရှန်ရင်းဆိုတာက ကျနော့်အမလား
(မမ က ရစ်ခီကို မွေးစားတဲ့ကိစ္စ နဲ့ပတ်သတ်ပြီး ကျနော့်ကိုမခေါ်တာ ၁လတောင်ပြည့်တော့မယ် )
ဒါဆိုအသေအချာ ရှန်ရင်းဆိုတဲ့မမကကျနော့်အမပေါ့
(မမ ကိုမုန်းတယ်ဗျာ ဒီကောင်လေးကိုမွေးစားတာနဲ့ပတ်သတ်ပြီး မခေါ်ချင်ရင်တောင်မှ နိုင်ငံခြားသွားမယ့်အကြောင်းတောင်ပြောမသွားဘူး)
ကျနော့်အတွက်ကြောင့်နဲ့လား
ဒါကြောင့်မို့အကိုကမိတ်ဆက်ပေးရမှာကြောက်နေတာကို
(မမရေသိလား ပြဿနာအမြဲရှာတဲ့ ထယ်ရယ်လေးက အခုဂီတာတီးတတ်နေပြီဗျ မမပြန်လာရင် သေချာလေးတီးပြမယ်)
ဒါဆို ကိုကို့အခန်းထဲမှာရှိတဲ့ ဂီတာအသစ် စက်စက် တစ်လုံးက အဲ့မမကို တီးပြဖို့များလား
(မမရေ ဒီ​ကောင်လေးကိုမွေးစားမိတာမှားပြီထင်တယ် လေးတန်းဘဲရှိသေးတယ် အဆင့်တွေကျလို့ကျနော်ရိုက်ရသေးတယ်)
လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက နောင်တရခဲ့သေးတာပေါ့
တဖြေးဖြေး ဒီနှစ်တွေထဲထိရောက်လာ​
ဟိုတလောကရန်ဖြစ်ခဲ့တဲ့အကြောင်းကိုရေးထားသေးတာ
(မမရေ ဒီကလေးအတော်ဆိုးတယ် စေတနာတွေကို မမြင်ဘူး )
နောက်ထပ် မြင်ရသော စာစုတွင် မျက်ရည်ကလိမ့်ကနဲကျသည်။
(မမရေဒီကောင်လေးက ကျနော်ကိုချစ်သတဲ့
ဘာတွေ အရူးထနေပါလိမ့် ဖြစ်နိုင်တဲ့ကိစ္စကိုမပြောဖူးနော်)
ဒါက သေချာပေါက်ကျနာ်ဆေးရုံတတ်နေတုန်းက ရေးထားဖြစ်သည်။
ဒါဆို အခန်းထဲထိရောက်လာပြီး ဘယ်လိုချစ်ကြောင်းပြောတာကရော ချစ်တယ်မဟုတ်ဘူးလား
(မမပြန် လာပြီ ဒီကောင်လေးရှေ့မှာ ဘယ်လိုမိတ်ဆက်ပေးရမှာလဲ မသိဘူးမမ
တစ်ဖက်ကလည်းကျနော်တာ ဝန်ယူထားတဲ့ကလေးဖြစ်ပြီး တစ်ဖက်ကလည်းမမအလိုမကျဘူးလေ)
မနေ့က ဖြစ်ခဲ့သောကိစ္စကိုပင်ရေးထားပြီး
ကျနော့်ကိုချစ်တယ်ဆိုတဲ့စာက ရှိမလာ
နောက်ဆုံးထိ လှန်ကြည့်မိပါသေးတယ်။
အကိုဂျီဝူးကို စာအုပ်ပြန်ပေးပြီး အိပ်ချင်တာမို့ခနမှေးလိုက်သည်။
.................
'မောင်ရေ မောင်....´
ကိုကို့ အသံမပြီမသ ကြားသည်မို့ မျက်လုံးကို အားယူကာ ဖွင့်ကြည့်လိုက်တော့  အရှေ့တည့်တည့်မှ နှိုးနေချင်းဖြစ်သည်။
'ဖြေးဖြေး ထလေကွာ အိပ်ရာကနိုးနိုး ချင်း အဲ့လောက်ကြီးအမြန်ထရင်မူးတတ်တယ်´
ငေါက်ကနဲထထိုင်သောကျနော့်ကြောင့်အကိုမှ ဆူခြင်းပင်။
'မျက်နှာလိုက်သစ်မှာလား ကိုယ်ရေချိုးမလို့ မဟုတ်လည်း အရင်သွားသစ်လေ´
ခေါင်းသာ အသာပြပြီးထလာတော့ လက်လေးကိုဆွဲထားရှာသည်။
'မောင်´
'ဟင်´
ကိုကို့ မျက်လုံးမှာကဝမ်းနည်းရိပ်တော့ဖြတ်သန်းနေသည်။
'ကိုယ့် ဖေဖေ နေ မကောင်းဘူးတဲ့´
'ဘယ်လိုဖြစ်တာလဲ´
'အရင်ထဲက ကျန်းမာရေး မကောင်းဘူးဖေဖေက´
ပြန်ထိုင်ချပြီး ကိုကိုပြောတာကိုနားထောင်ပေးလိုက်တယ်
ဒီအချိန်မှာကျနော့်ကို လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။
'ကိုယ်ဘာလုပ်ရမလဲမသိဘူး´
'မောင် ဖက်ထားပေးလို့ရမလား ကိုကို´
'အင်း´
ချက်ချင်းရင်ခွင်ထဲကိုကောင်ဆွဲသွင်းလိုက်သည်။ အခုချိန်မှာ သူမှ ရှိမနေပေးရင် ဘယ်သူကရှိနေပေးမှာတဲ့လဲ။
'အဆင်ပြေရဲ့လား´
'မပြေပါဘူးမောင်ရယ်´
'မောင်တို့ ဖေဖေတို့ဆီသွားကြမလား´
'ဟင်´
အကိုကို မော့ကြည့်လာတော့
'ဟင့်အင်း အဲ့လိုမဟုတ်ပါဘူး အကို မွေးစားထားတဲ့ကလေးတစ်ယောက်အဖြစ်နဲ့ဘဲလိုက်ပါ့မယ်´
အကိုက ဖျော့တော့တော့ ပြုံးပြပြီး
'မဟုတ်ပါဘူးကွယ်´
'ဟင်´
'မေမေက မလာခိုင်းဘူးမောင်
အလုပ်ကိုဘဲ အေးဆေးလုပ်တဲ့´
'ဒါဆို သိပ်စိုးရိမ်ရတဲ့အခြေအနေမဟုတ်ဘူးပေါ့´
'အင်း´
'အပြင်သွားချင်လား´
'မိုးတွေ အုံ့နေတာ´
'ကားနဲ့သွားမယ်လေ လူတွေ မတွေ့ပါဘူး´
'မဟုတ်ပါဘူးမောင်ရယ် ´
ပြောပြီး ကျွန်တော့်ကို ကျောပေးပြီး ရင်ခွင်ထဲမှာ ကျုံ့ကျုံ့လေးထိုင်နေသည်။
'ဒီလို ဆိုညောင်းလား´
နောက်ကိုမှီချလာရင်းဆိုသည်။
'မညောင်းဘူးအကို အဆင်ပြေတယ်´
ဒီအခြေမှာတစ်သက်လုံးရပ်တန့်ပစ်ချင်လိုက်ပါသည်။
အကိုအားကိုးရတဲ့လူတစ်ယောက်အနေနဲ့
နေရတာ ပျော်ရွှင်ဖွယ်ရာအတိ။
'အဆင်ပြေလား´
'မောင်ရှိ တာဘဲ အဆင်ပြေပါတယ်ကွယ်´
'မောင်မရှိတော့ရင်ရော´
'​မောင်က ဘာလို့မရှိရမှာလဲ ´
'မ ဟုတ်ဘူးလေ ကျနော်က တခြားနေရာမှာတော့ရှိမှာပါ အကို့အနားမှာဘဲမရှိတော့ဘူးဆိုရင်ရော´
'မင်းက ကိုယ့်အနားကနေ ဘယ်သွားနိုင်သေးလို့လဲ´
'အာ.... ဟုတ်သားကျနော့်မှာမိဘမရှိတာမေ့နေတယ်´
'မောင် ငါပြောချင်တာက ..´
'ရတယ် ရတယ် အကိုမရှင်းပြနဲ့´
မောင်ပြောတဲ့အတိုင်း ဘာမှ ပြန်မပြောဘဲ
မောင့်ကိုလည်းနောက်လှည့်မကြည့်ရဲတာမို့ ငြိမ်ငြိမ်လေးသာထိုင်သည်။
ခနကြာတော့မောင်က မှီထားတဲ့ကျနော့်ကျောကိုမတ်ပြီးနောက်ကနေသိုင်းဖက်လာသည်။
'ကျနော် အရမ်းပင်ပန်းနေပြီ´
'ဟင် ဘယ်လိုမျိုးလဲ´
'နေရတာ ပင်ပန်းနေပြီ´
'မောင် မဟုတ်က ဟုတ်က လျှောက်မလုပ်နဲ့နော် မောင့်အနားမှာ ကိုယ်အမြဲရှိတာဘဲ´
'အဲ့တာက ပိုပင်ပန်းစေတယ်´
'ဟင် ကိုယ်က ပင်ပန်းစေတဲ့လူမျိုးလား´
'အဲ့လို မဟုတ်ပေမယ့် အကို ကျနော့်ကို ဘယ်လိုသဘောထားလဲ ဘာတွေ ညာတွေ စဥ်းစားရတာကလည်းသေလောက်အောင်ပင်ပန်းတယ်´
နှုတ်ခမ်းကိုအသာကိုက်ထားမိသည်။
ကိုယ်ရောမပင်ပန်းဘူးထင်နေတာလား
'မောင့်ကို ပြောပြဖို့အင်အားမရှိဖူးမောင် ဘယ်လိုပြောရမှန်းလဲမသိဘူး´
'ကျတော်တို့ လမ်းခွဲကြအောင်ပါအကို
အကို့နားကလည်း ဘယ်မှ ထွက်မသွားဘဲ
ဒီအိမ်မှာဘဲနေပြီး သူစိမ်းတွေလိုလည်မဟုတ် အမုန်းတွေဘာတွေလည်းမရှိဘဲ သာမန်လူတွေလိုဘဲနေကြရအောင်ပါ´
အကို့ ခန္ဓာ ကိုယ် ဆတ်ကနဲ တုန်လှုပ်သွားတာကိုခံစားမိပါတယ်။
အကိုက ချောင်းတစ်ချက်ဟန့်ရင်း တုန်ရီနေတဲ့အသံနဲ့
'ကိုယ် အခု ဘာလုပ် ရမလဲ´
'အကို့သဘောပါ အရင်ကလည်းအကိုဘဲ လာပြီး ချစ်တယ်လို့ပြောခဲ့တာကြောင့်....´
နောက်ကိုလှည့်လာပြီး မျက်လုံးကိုတောင်​မြောက်ကြည့်ကာကျနော် နဲ့လုံးဝအကြည့်ချင်းမဆုံ
'မင်းမပျော်ရင်လည်းမင်းပြောတဲ့အတိုင်းဘဲ လုပ်ပါ့မယ်´
'ဒါဆို´
'အဲ့တုန်းထဲက သဘောမကျဘဲ ကိုယ်လာပြောတာကြောင့်လား´
မောင်က ခက်သွက်သွက်ခေါင်းငြိမ့်လာကြောင့်ရင်ဘတ်ထဲက ဆစ်ကနဲ ဟာအိုပြောတဲ့ မင်းကိုရစ်ခီက သဘောကျပါတယ်ဆိုတာကိုဘဲ နားထောင်မိပြီး တစ်ဖက်သူရဲ့ ခံစားချက်ကို ထည့်မတွေးလိုက်မိပုံများ
'အဲ့တာနဲ့များမောင်ရယ် ဘာကြောင့်နဲ့ sex ကိစ္စကို အဟက်
မဟုတ်သေးပါဘူး မင်းစိတ်ထဲမှာ ကျေးဇူးရှင်လို့သတ်မှတ်ပြီးလက်ခံခဲ့တာလား´
ဒီတစ်ကြိမ်မှာလဲ ခေါင်းငြိမ့်လာပြန်သည်။
'ရစ်ခီရယ် ရင်တွေလည်း ကွဲရပါတယ်´
အကို့အတွက်ခေါင်းငြိမ့်တာပါဘဲ အကို့အတွက် နောက်ဆုတ်ခဲ့ခြင်းတွေပါဘဲ
မချစ်ဘဲနဲ့ လူကိုဘယ်လိုများအနားခေါ်ထားသလဲ။
အကယ်၍ ရစ်ခီသာ ဒိုင်ယာရီစာအုပ်ကို ဒီနေ့ညနက်မှဘဲ ဖြစ်ဖြစ် မနက်ဖြန်မနက်မှ ဘဲ ဖြစ်ဖြစ်တွေ့ခဲ့လျှင်ဤ သို့သောပြဿနာတွေဖြစ်မလာနိုင်ပေ
Part (16)

 The Refuge (complete)Where stories live. Discover now