Chapter 17

264 20 5
                                    

Part (17)
'ထယ်ရယ် မင်းဒါဘာတွေလုပ်နေတာလဲ´
ဟာအိုက ခေါ်တော့ လန့်ဖြန့်ကာနောက်လှည့်ကြည့်လိုက်သည်။
'ဘာမှမလုပ်ပါဘူး´
ဘာမှ မလုပ်ဖူးသာပြောတာနှုတ်ခမ်းနီတွေနဲ့
နှုတ်ခမ်းပေါက်နေလို့ နှုတ်ခမ်းနီဆိုးတာလက်ခံလို့ရပေမယ့် မျက်နှာမှာလိမ်းထားတဲ့အရာတစ်ချို့ကရော
'ဒါကရော ဘာတွေလဲ´
စားပွဲပေါ်မှာရှိနေသော မိတ်ကပ် ပစ္စည်းတွေကိုရည်ရွယ်၍ပြောချင်းဖြစ်သည်။
'ငါနဲ့အဆင်ပြေလား ငါလှလား´
ကျနော့်ကို ဟာအိုက နားမလည်နိုင်စွာတအံ့တသြကြည့်နေရှာသည်။
ယောကျာ်းလေးနဲ့မိတ်ကပ်လုံးဝမသက်ဆိုင်ပါ။
'မင်း ဘာတွေ လုပ်နေတာတုန်း´
'မိတ်ကပ်နဲ့ ဆိုမောင်များငါ့ကို ချစ်လာမလားလို့ မောင်ကာကွယ်ပေးနေတဲ့ အဲ့ဒီကောင်မလေးက တအားချောတယ် ပြီးတော့မိတ်ကပ်ပစ္စည်းတွေလည်းသုံးတယ် သီချင်းလဲ ဆိုတတ်တယ် ငါက သီချင်းဆိုတတ်တယ်ဆိုတော့ ဒီတစ်ခုဘဲလိုတာမဟုတ်လား´
နှုတ်ခမ်းနီတွေကို ပွတ်ပစ်ရင်း ဟာအို ကိုအားကိုးတကြီးပြောပြနေရှာသည်။
'ငါ့သူငယ်ချင်း ရယ် မချစ်တဲ့သူက ဘယ်လို လုပ်လုပ် ချစ်မလာဘူးလေ´
တစ်ရှုူးနဲ့ မိတ်ကပ်တွေကိုဖျက်ပေး ရင်းပြောတော့ တအားငိုချလာသည်။
'ငါအဆင်မပြေလိုက်တာကွာ သူငယ်ငယ်လေးထဲက ငါ့မှာ အသည်းနစ်အောင်ချစ်ရပြီး နှစ်တွေ အများကြီး ထိန်းသိမ်းလာရတာကွာ´
'လူရှေ့ကို ထုတ်မပြရဲတာလည်း မဟုတ်ဘူး
ငါမမဆူယွန်းကိုကြောက်တယ် ပတ်ဝန်းကျင်ကိုကြောက်တယ် ပြီးတော့.....´
'ငါနားလည်ပါတယ်ကွာ မငိုပါနဲ့တော့´
'အင်း´
ထယ်ရယ် မပျော်ရသလို အခြေအနေအလုံးစုံကိုကြားရသောရစ်ခီကလည်းပျော်နိုင်မယ်ထင်ရဲ့လား။
မနေ့ က ကိစ္စအတွက် တောင်းပန်ဖို့အခန်းရှေ့တွင်ရောက်နေခြင်းပင်ဖြစ်သည်။
ရစ်ခီရှန်က ဘယ်မိန်းမကိုမှ မချစ်ပါဘူး
ရစ်ခီရှန် ကင်မ်ထယ်ရယ်ဆိုတဲ့ အမျိုးသားတစ်ယောက်ထဲ ကိုဘဲ ချစ်မြတ်နိုးတာပါ။
ပိုလို့ပင် ရင်ထဲစို့နစ်နေပြီးဘာစကားမှထွက်မလာနိုင်တော့ချေ။
မောင် အကို့အကြောင်းတွေ သိဖို့လိုပြီနဲ့တူတယ်အကို။
.............
(တူ တူ တူ)
'ဟယ်လို အ​ကို´
'ရစ်ခီ အားလားဟင်´
'ဟုတ်´
'အား​​ တော့ နာပါတယ် ကိုယ် night duty ဆင်းရမှာမို့ ထမင်းလည်းမစားချင်လို့  တစ်ခုခုလေး လာပို့လို့မလားဟင်´
'ရတယ်လေ မောင်.... အာ ကျနော်အခုလာခဲ့မယ် ခနစောင့်´
'ဟုတ်ပြီ´
နာရီဝက်လောက်ကြာတော့ မောင်က Milo ဗူးလေး၂ဗူးရယ် ပူတင်းပေါင်မုန့်လေးရယ်နဲ့ရောက်ချလာသည်။
'ရော့ ဗိုက်ပြည့်အောင် စားပြီးမှ အလုပ် လုပ်နော်´
'အင်း´
' ဘယ် အချိန်ပြန်လာမှာလဲ´
'မနက်ကျမှဘဲ ပြန်လာတော့မယ်လေ´
'တစ်ခုခု ဆိုဖုန်းခေါ်လိုက် နော် ကျနော်စောင့်နေမယ်´
'မိုးချုပ်နေပြီ အပြင်သွားဦးမို့လား´
'မဟုတ်ပါဘူး ဘောလုံးပွဲရှိလို့ အိမ်မှာဘဲမအိပ်ဖူးလို့´
'အော် ဟုတ်ပါပြီ´
.........
အိမ်ပြန်ရောက်တော့ မအိပ်ဖူးလို့ပြောတဲ့သူက
ဆိုဖာမှာအိပ်နေတာများ လူတစ်ယောက်လုံးဝင်လာတာတောင်မနိုးဘူး
'ရစ်ခီ  ရစ်ခီ´
မျက်လုံးလေး မပွင့်တပွင့်နဲ့ခေါင်းထောင် လာပြီး ပြန်လှဲချသွားသည်။
'အကို ပြန်ရောက်ပြီလား´
'အင်း´
'ကျနော် နေမကောင်းလို့´
'ဟင် ဘယ်နားနေမကောင်းဖြစ်လို့လဲ´
'ခေါင်းတအားကိုက်နေတယ်´
'ကိုယ် ဆေးထိုးပေးရမလား´
'ဟင့့်အင်း´
'ဒါဆို ဘာလုပ်ပေးရမလဲ´
'လက်ကလေး ခနပေးလို့ရမလား´
'အင်း´
မောင်က လက်နွေးနွေး လေးနဲ့ လက်ဖဝါးကို ဆုပ်ကိုင်လာပြီး သူ့ရင်ဘတ်ပေါ်ကို တင်ထားသည်။
ကျန်လက်တစ်ဖက်နဲ ခေါင်းကိုအသာလေးနိုပ်ပေးနေမိသည်။
လက် သွယ်သွယ်လေး က နထင်နားကိုရောင်လာတော့ ခနတော့ပြန်အိပ်ချင်စရာ။
'ကိုယ် သံပရာရည်ဖျော်ပေးရမလား´
'ဟင့့်အင်း ဒီအတိုင်းလေးဘဲနေ´
'ဒါဆို ဆက်နိုပ်ပေးမယ်နော်´
'ဟုတ်´
အိပ်မောကျသွားတဲ့ ကလေးကို ကြည့်ပြီး ချွေးတွေထွက်နေတဲ့လက်ကိုတောင်ထုတ်ပြီးမသုတ်နိုင်။
အိပ်နေရင်တောင်ချောတဲ့ သူ့ကို ပိုင်ဆိုင်ရဲ့သူကကံကောင်းမှာဘဲ။
...........
'ရစ်ခီ ဘယ်တွေလျှောက်သွားနေတာလဲ´
ဒီနေ့ မောင့်ကိုရှမ်းခေါက်ဆွဲ လုပ်ကျွေးတာမို့မိုးလင်းထဲကမောင့်ကိုရှာတာမောင့်ကိုမတွေ့
အသံကြားလို့ထွက်ကြည့်မိတော့ မောင့်နောက်က ပါလာတဲ့သူကိုကြည့်ပြီးလက်ထဲကဇွန်းကလွတ်ကျသွားသည်။
'အကို ဘာဖြစ်တာလဲ´
မျက်နှာမှာသွေးမရှိတော့ဘဲဖြူစုတ်နေတဲ့ အကို့ကို ဇွန်းပြန်ကောက်ပေးရင်းမေးလိုက်သည်။
'မောင်´
မခေါ်တာကြာပြီဖြစ်တဲ့နာမ်စားကိုကြားရသည်ည်မို့ဆက်ကနဲလှည့်ကြည့်မိသည်။
'ဟင်´
'မတွေ့တာကြာပြီနော် ကင်မ်ထယ်ရယ်´
'​ မောင့် ဒီနားကိုလာခဲ့ပါဦး´
မောင်အနားရောက်လာတော့လက်ကိုအားကိုးတကြီးဆုပ်ကိုင်မိသည်။
'အကိုတို့က သိကြတာလား´
'သိတယ်´
'ဒါငါ့ကောင်လေး
နောက်လထဲ လက်ထပ်မယ့်အမျိုးသားလောင်း´
ကျနော်နဲ့ပါလာသော ချန်းရဲ့ အကို နဲ့
ကိုကိုက သိကျွမ်းတဲ့ပုံပေါ်ပြီး
ကိုကိုက ကျနော့်ကိုသူနဲ့လက်ထပ်မဲ့အမျိုးသားလို့မိတ်ဆက်ပေးနေတယ်။
ကိုကို့ ကိုကြည့်ရတာတအားကြောက်လန့်နေပြီး ဟိုလူ့က အကို့ကိုကြည့်နေတဲ့အကြည့်ကိုလည်းနည်းနည်းမှသဘောမကျပါ။
'ဟယ်လို ဟုတ်ကဲ့ ကျနော်ရစ်ခီရှန်ပါ´
'.....´
'အာ ဟုတ်ကျနော်အခုဘဲလာခဲ့မယ်အကို´
မောင် ဒီနားက ထွက်သွားမှာသေလောက်အောင်ကြောက်ပါသည်။
'မောင်ဘယ်သွားမှာလဲ´
'ဒီနားခနလေးသွားမလို့ကိုကို´
'ကိုယ်လည်း လိုက််မယ်နော် မောင်´
'ခနလေးဘဲ ကိုကိုရဲ့´
'ရှမ်းခေါက်ဆွဲ စားရဦးမယ်လေ´
'ပြန်လာရင်စားမယ် ကတိ
အတူတူစားကြမယ်´
'ကတိနော်´
'အကိုပါ တစ်ခါထဲလိုက်ခဲ့´
'ရပါတယ် အကိုနေခဲ့လိုက်မယ်´
'ဟုတ်ပြီ´
..........
'ကျနော် ရောက်ပြီ အကိုဟန်ဘင်း´
'SRY ငါ့ညီ အကိုဆေရုံမှာအလုပ်တအားများနေလို့အခုမှအားတယ် အခုကစပြီးပြောပြမယ်နော် ညီလေးနားဘဲထောင်´
'ဟုတ်´
(Part 18)

 The Refuge (complete)Where stories live. Discover now