Chapter 19

252 19 2
                                    

(Part 19)

သူအရင်လာပြောတာလေ´
'မောင့်´
'ဗျ´
'တခြားမိန်းကလေးတွေ နဲ့
စကားမပြောစမ်းနဲ့´
'ဘာလို့လဲ သဝန်တိုလို့လား´
'ဟုတ်မနေဘူး´
'မောင်က သွားပြောတာမဟုတ်ဖူးဆိုရင်ရော´
'မင်း ဘာလျှာရှည်နေတာလဲ´
'ဘာမှမဟုတ်ပါဘူး´
'ငါက မပတ်သတ်နဲ့ဆို မပတ်သတ်နဲ့ပေါ့´
'ဟုတ်ကဲ့´
'ပြီးရော´
စိတ်ကောက်ရသည်ကား
ပိတ်ရက်အကိုက Duty ရှိတယ်ဆိုလို့ အပြင်သွားနေရာမှဆေးရုံဝင်ပို့ရခြင်းတွင် ပြီးတဲ့အချိန်ထိ တစ်ခါထဲ ထိုင်စောင့်နေရာမှ ပတ်ဆူဂျီဆိုတဲ့အမနဲ့စကားပြောတာကိုတွေ့ရာမှစသည်။
'အဲ့ဒီမိန်းမက လွယ်တာမဟုတ်ဘူး
သူဘာတွေမေးနေတာ လဲ´
'အကို ဘာနဲ့ ဘာတော်လည်းတဲ့ မေးနေတာ´
'ဘယ်လိုပြန်ဖြေလိုက်လဲ´
'ညီအကိုလို့လေ´
'ဘာ´
'ဟင်´
မျက်လုံးလေး ပြူးကာ ကျနော့်ကိုကြည့်လာသည်။
'ဘာဖြစ်လို့လဲဟင်´
'အဲ့မိန်းမ မင်းကိုကြိုက်နေရင် ဘယ်လိုလုပ်မလဲ´
'မကြိုက်ပါဘူး ကြိုက်တော့လည်းဘာဖြစ်လဲ´
'ဘာ´
'အေးလေ ကြိုက်တော့လည်း ဘာဖြစ်လဲလို့ မောင့်မှာ ကိုကို တစ်ယောက်လုံးရှိနေတာဘဲ´
'ဗိုက်ဆာတယ်´
'ပေါင်မုန့်ကြက်ဥကျော်စားမလား´
'မစားဘူးလို့´
'ဗိုက်ဆာတယ်ဆို´
'ဆာလည်းမစားချင်ဘူး´
'ဒေါက်တာ ခင်ဗျထမင်းမစားရင် ကျန်းမာရေးမကောင်းဖြစ်မယ်ဆိုတာ မသိလား´
'မင်း နောက်လမှာ အသက် ၂၀ ပြည့်မှာပါ ဆရာကြီးမလုပ်ပါနဲ့´
'ဒါပေါ့ ဒီအတောအတွင်းလုံးဝ ပြဿမဖြစ်ကြတာတော်သေးတယ်´
'ပြဿနာ ဖြစ်ရင် မင်းနောက်တစ်ယောက်ခေါ်လာမှာ ကြောက်လို့´
ကျနော်က စသလိုနောက်သလိုပြောလိုက်ပေမယ့်မောင်က တကယ်ကို မျက်နှာက အပျက်ပျက်အယွင်းယွင်း
'အဲ့လိုမဟုတ်ပါဘူးအကိုရာ´
'ငါက စလိုက်တာပါ´
'မစ နဲ့ အကိုရာ အကိုစတာ က
မောင့်ကိုအသေသတ်သလိုဘဲ´
'ဟာမဟုတ်တာ ​မောင်ရယ် ´
'ပေါင်မုန့်ကြက်ဥ သွားကြော်ပေးမယ်´
'ဟုတ်´
ထွက်သွားပြီး ၁၅ မိနစ်လောက် ကြာတော့ ခပ်သွက်သွက် အခန်း ထဲကို ပြန်ဝင်လာသည်။
'မောင် ဘာလို့လဲ´
'အပြင် ခန သွားမလို့´
'ဘယ်လဲ ´
'ဒီနား´
'ကြာမှာလား´
'ပြောတတ်သေးဘူးအကို´
'ဘယ်သူနဲ့လဲ´
'ဟာအကိုရာ ဂင်ချန်းနဲ့´
'ဟမ်´
'ပြန်လာခဲ့မယ်´
ပြောကာဆိုကာ နောက်လှည့်မကြည့်ဘဲ ထွက်သွားသည်။
မောင် ငါ့ကို  အဲ့ဒီမိန်းကလေး ရဲ့ အကိုက ဘယ်လို လုပ်ထားလဲ ဆိုတာသိရဲ့သားနဲ့
ဒီမိန်းကလေးနဲ့ အဆက်အသွယ်ရှိတုန်းလား
ငါ က မင်းကို ပြောစရာရှိလို့
................
'ပြန်ရောက်ပါပြီ´
'အင်း ပြန်ရောက်ပြီလားမောင်´
'ဟုတ်ကဲ့´
'အင်း´
'အကို စိတ်ဆိုးနေတာလား´
'မဆိုးပါဘူး ဆိုးစရာဘာအကြောင်းရှိလို့လဲ´
'ပြီးတာပါဘဲ´
'ဘာစားပြီးပြီလဲ´
'ဟင့်အင်း မစားရသေးဘူး´
'မနက်ထဲက အခုထိလား´
'အင်း´
'ဘာလို့လဲ´
'မောင် နဲ့အတူမဟုတ်လို့´
ကျနော်ပြောလိုက်တော့ မောင်က မျက်နှာပျက်သွားသည်။
'အပြင်မှာ တစ်ခုခုစားရအောင်လာ´
'နောက်ဆိုရင် အိမ်မှာတစ်ယောက်ထဲ မကျန်ျန်ခဲ့ချင်ဘူး´
မောင်က သက်ပြင်းသဲ့သဲ့ချကာ
'တောင်းပန်ပါတယ် နောက်ဆို တစ်ယောက်ထဲ မထားခဲ့ဖူးနော်´
'အင်း´
'လာသွားမယ် ဒီနားမှာဆိုင် တစ်ခုရှိတယ်´
'ဘာဆိုင်လဲ´
'ပီဇာ´
'ok go´
အိမ်တံခါးပိတ်ပြီး နှစ်ယောက်သား လမ်းလျှောက်သာ ထွက်လာလိုက်သည်။
ဒီနေ့လည်း အနက်ရောင်တွေထဲက တစ်ထည်ကိုသာ ဝတ်ဆင်ထားသော မောင့်ကို ခနခနကြည့်မိနေသည်
'မောင်က ချောလို့လား´
ရုတ်တရက် ငုံ့ကြည့်လာတဲ့ မောင့်ကြောင့် လန့့်ဖြန့်ကာ မျက်လုံးလွှဲလိုက်ရသည်ည်။
'မဟုတ်တာ မောင်အရပ်ဘယ်လောက်ရှည်လဲ တိုင်းနေတာ´
မောင်က တစ်ချက်ရယ်ပြီး လမ်းကို ဆက်လျှောက်နေသည်။
ဘေးချင်းကပ်ရပ် မှာ လိုက်ပါလာတဲ့ အကို သေးသေးလေးရဲ့ ပုခုံးကို ဖက်ထားချင်ပေမယ့်အခုချိန်ထိ အကို ခွင့်ပြုတယ်မပြောသေးဘူးမဟုတ်လား
လမ်းကူးရဖို့မီးစိမ်းတာကိုစောင်းနေရင်း
ကျနော့်လက်ထဲကို ယှက်နွယ်လာတဲ့ လက်သေးသေးလေးကြောင့် ခန္ဓာကိုယ်ထဲက ရှိသမျှသွေးတွေ ပြောင်းပြန်စီးဆင်းနေသလို အကို့ကို ပထမတစ်ခါ ငုံ့ကြည့်တော့ ရှေ့တည့်တည့်ကိုသာကြည့်နေသည်။
ဒုတိယအကြိမ် ငုံ့ကြည့် ချိန်မှာတော့ အကိုက ပါးချိုင့်တွေ ပေါ်လာတဲ့အထိပြုံးပြလာသည်။
မောင့်ဘေးနားမှာလမ်းကူးဖို့ရပ်နေရင်း
အရင်င်က မောင်ပြောဖူးတဲ့လမ်းကူးတဲ့အခါ လက်ကိုကိုင်ပြီးကူးချင်တယ်လို့ ပြောခဲ့ဖူးတာကြောင့် မောင့်လက်ဝါးကြီးကြီးထဲကို ကျနော့်လက် အပ်နှံလိုက်သည်က အပြစ်မဖြစ်ဘူးထင်ပါရဲ့။
အရမ်းနီးကပ်နေတဲ့အချိန်မှာတောင်မောင်က လက်ကိုင်ဖို့တောင်မှစောင့်ထိန်းပေးတဲ့ကလေးဖြစ်လို့ ကျနော့်ဘက် က စွန့်စားခြင်းက အပြစ်မဖြစ်ဘူးထင်တယ်။
အခုချိန်ထိ ကျနော့်လက်ကို ပြန်လည်ဆုပ်ကိုင်ခြင်းမရှိငေးတဲ့မောင် ကားလမ်းကိုဖြတ်နေတဲ့အချိန်မှာလက်ကလေးကိုဖွဖွလေးဆုပ်ကိုင်လာသည်။
ကျနော့်လက်ထဲတွင်ရှိနေသော လက်ကလေးကို ဘယ်လိုဆုပ်ကိုင်ထားရမလဲကျနော်မသိပါ။
တအားကြီးတင်းကြပ်နေအောင် ကိုင်ထားရင်လည်းလက်ကလေးနာသွားမည်ကို စိုးရိမ်ရသဖြင့် ခပ်ဖွဖွလေးသာကိုင်မိသည်။
ခပ်ဖွဖွလေးကိုင်ထားပြန်တော့လည်း လွတ်ထွက်သွားမှာစိုးရိမ်ရသည်ည်။
လမ်းတစ်ဖက်ကို ရောက်လာပြီးသည်အထိ လက်ကိုမလွှတ်သေးပါ။
မြတ်နိုးလွန်းရသဖြင့်လက်မလွှတ်ချင်ပါ။
'အခုတစ်ခါ လက်လွှတ်လိုက်ရင် နောက်တသ််ခါဘယ်ချိန် အဲ့လက်လေးကို ဒီလိုအပြင်မှာဆုပ်ကိုင်ရဦးမလဲ´
'ငါက မောင့်အပိုင်ဘဲလေ ´
'ဒါဆိုခေါက်ဆွဲဆိုင်ရောက်တဲ့အထိ ဒီလိုလေးသွားလို့ရမလား´
'အင်းရတာပေါ့´
ပြောတဲ့အတိုင်းခေါက်ဆွဲဆိုင်ရောက်ချိန်မှာတော့ မောင်ကလက်ကိုလွှတ်၍ပေးသည်။
မောင်က ကော်ရည်ခေါက်ဆွဲမှာပေးပြီး ထိုင်စောင့်နေချိန်တွင် မောင့်ကို ပြောမယ့်စကားကိုရင်တွေ တုန် နေပေမယ့်စလိုက်သည်။
'မောင်´
'ခင်ဗျ´
ကျနော်ပြောတာကိုမောင်က အာရုံစိုက်နေသည်။
'ငါတို့´
စကားမဆက်ခင်မှာမောင်က ကျနော့်ကိုကြည့်နေသည်။
'အင်းပြောလေ´
'လက်ထပ်ကြရအောင်´
'ဟင်´
မျက်ဝန်းမှာမျက်ရည်တွေဝဲတတ်လာလေရဲ့
'ကိုဟ့်ဘဝလုံခြုံဖို့နဲ့ နောက်ထပ်ဘဝမှာဆက်ပြီးအသက်ရှင်ဖို့က မောင်ပါဝင်နေမှဖြစ်တော့မှာမို့´
မောင်က ခေါင်းကိုတဆက်ဆက်ညိမ့်တော့ မျက်ရည်စတွေလွှင့်လာသည်။
ဒီနှစ်တွေမှာလူကြီးဖြစ်လာပြီထင်နေတာ ကို ဒီကလေး
'ဘာလို့ ငိုတာလဲ မင်း´
'ကြည်နူးလို့ပေါ့ဗျမောင်က အကို့ကိုအရင်ပြောချင်တာ´
'ငါ မောင့်ကိုပြောသားဘဲမင်းအသက်20 ပြည့်ရင် လက်ထပ်ပါ့မယ်လို့´
'ဒါဆို အကိုက ပတ်ဝန်းကျင်ကို ချပြရဲပါပြီပေါ့´
'ငါက အရင်ထဲက ချပြရဲပါတယ် အဲ့ တုန်းက မင်းက အသက်ငယ်သေးတာကြောင့် မင်းကိုမထိခိုက်စေချင်ရုံပါ´
'အကိုရယ်´
မောင်ကလက်တစ်ဖက်ကို တင်းကြပ်စွာဆုပ်ကိုင်လို့ထားသည်။
Part (20)

 The Refuge (complete)Where stories live. Discover now