Chapter 2

515 62 0
                                    

The Refuge

( Part-2 )

'ဟန်ဘင်း ကားကို အမြန်မောင်းခဲ့'
'အေး လာနေပြီဟ'
ဖုန်းထဲက အကို့အသံက တုန်လို့နေသည် ဘာဖြစ်လို့လဲမသိ မဟုတ်မှ
'ပြန်ရောက်ပါပြီ'
အထဲကိုဝင်တော့ ယူဂျင်းက အစ အစ်ကို ဂျီဝူး အဆုံးမျက်နှာမကောင်းကြ
အဆိုးဆုံးက အကို အံကြိတ်ထားမေးရိုးတွေတောင်ထောင်လို့
'အငယ်လေး ဒီကို လွယ်အိတ်ပေး'
အစ်ကို ဟာအိုက လွယ်အိပ်ကို အခန်းထဲ ထားပေးပြီးပြန်လာသည်
'ထိုင်ပါဦး'
'ဟုတ်'
'မင်းဒီနေ့ ဘယ်တွေ သွားနေတာလဲ ရစ်ခီရှန်'
'ဟို... ကျောင်းကို'
'ငါ့ကို လာလိမ်မနေနဲ့ ရစ််ခီရှန်'
အစ်ကို ဟာ နာမည်အပြည့်အစုံခေါ်ပြီးရင့်သီးစွာပြောနေသည်
စိတ်လှုပ်ရှားတာကြောင့်လက်သည်းတွေ ကို ကုတ်ဖဲ့နေမိသည်
'အကို ဒီနေ့ကျနော်နဲ့ အကိုဂယူဘင်းနဲ့ အကို့ကျောင်းကိုရောက်ခဲ့တယ် အကိုကကျောင်းမနေဘူး'
'ဟို....'
'ပြောပြလိုက်လေ ငါ့ညီ မင်း အကို စိတ်ဆိုးနေတယ်'
ဂျီဝူး မှ ရစ်ခီ ကျောကိုခပ်ဖွဖွ ပုတ်ရင်းနဲ့ဆိုသည်
'ပြောစမ်းလို့ မင်းရဲ့ စောက်အကြောင်းပြချက်ကို'
'ကျနော် အီဟာ နဲ့ အပြင် ခန သွားတာပါ'
'မင်းကို ကျောင်းထားတာ စာသင်ဖို့ ဒီလို အောက်တန်းစားတွေ နဲ့ စောက်အလေလိုက်နေဖို့မဟုတ်ဖူး'
'.......'
အကို ဟာ ကျနော့်ကိုဆို သိပ်အထင်သေးပုံရသည် ။
'မင်းအဆင့်တွေ ဘယ်လောက်ကျသွားလဲ'
'၈ဆင့်ပါ'
'အေးဖြစ်သင့်လား မင်း ကို ငါ အလုပ်တောင်မခိုင်းဘဲ ထမင်း ဆိုလည်း ခူးစားစရာမလိုဘူး အဆင်သင့် ထစားယုံဘဲ မင်းလုပ်ပေးရမှာ စာတစ်ခုဘဲ ဒါကလည်း ငါကောင်းဖို့အတွက်မဟုတ်ဘူး မင်းကောင်းဖို့အတွက်'
'ကျ​​နော် ကောင်းဖို့အတွက်ဟုတ်လို့လား
ဂင်(မ်)ထယ်ရယ် မွေးစားထားတဲ့ ရစ်ခီရှန်က တော်လိုက်တာ ဆိုတာမျိုးကို အကိုက ကြားချင်တာမဟုတ်လား'
ကျနော် တအံ့တသြ အဲ့ကလေးကိုလှည့်ကြည့်မိသည်
ဒီကလေးပြောသောစကားတွေက စေတနာထားသော သူ့စိတ်တွေကို ကျိုးကြေစေသည်
'အကို တို့ သူငယ်ချင်းမှာက အဲ့လို မျိုး စိတ်မရှိဘူးရစ်ခီ သူက အကိုတို့နဲ့ မတွေ့ခင်ထဲ က မင်းကို စောက်ရှောက် လာရတာ မင်းက သူ့အကြောင်းပိုသိရမှာလေ'
တစ်ခါမှ လေသံ မမာဖူး တဲ့ အကို မက်သရူးကပါ ဆူလေတော့ ငိုချင်သည်
'မင်းကို ဒီလိုရိုင်းစိုင်းအောင် ဘယ်သူကသင်ပေးလိုက်လဲ ငါမသိဘူး စိတ်လည်းမဝင်စားဖူး ငါတော့ မသင်ပေးမိဘူး သေချာတာတစ်ခုက ငါမင်းကို စိတ်ပျက်တယ် '
'စိတ်ပျက်ရင်လည်း စွန့်ပြစ်လိုက်လေ ဘာလို့ကျနော့်ကို ခေါ်ထားသေးလဲ ဖြစ်ရင်ဖြစ် ခင်ဗျား ကျနော့်ကို စွန့်ပြစ်လိုက်'
'မင်း...'
အကိုက ဒေါသထွက်စွာ ကျနော့်ကိုထိုးဖို့ရွယ်လေတော့ ဝိုင်းဆွဲရသည်ည်။
လန့်သွားလို့မျက်ရည်ကျမိပေမယ့်အကို့အားအကြောတင်းစွာပြန်ကြည့်နေခဲ့သည်။
အကိုက ခံပြင်းစိတ်နဲ့ နရံံကိုခပ်ပြင်းပြင်းထိုးနေခဲ့သည်။
'ဂွန်းဝူ့ ကလေးကို အထဲခေါ်သွား'
'မသွားဖူး'
'ခေါ်သွားငါ့မျက်စိရှေ့က ငါတစ်ခုခုလုပ်မိလိမ့်မယ်'
'လုပ်ပေါ့ ခင်ဗျားကျွေးမွေးထားတာဘဲသတ်လဲသေရုံပေါ့
နောက်ပြီး ကျနော်အီဟာနဲ့ကြိုက်နေတာ'
အကုန်လုံးကြက်သေ သေကုန်သည်
အဆိုးဆုံးက အကို
'ကျနော့်ကို သူကောင်းကောင်းထားပေးနိုင်တဲ့တစ်နေ့ကျရင် အကို့ဆီ ကထွက်သွားမယ်'
ပြောချင်တာပြောပြီး အခန်းထဲဝင်သွားသည်
ထယ်ရယ်မှာလဲ မျက်နှာကိုလက်နှစ်ဖက်နှင့်အုပ်ကာ ရိုက်ကြီးတငင်ငိုနေသည်။
'မင်းက ဘာလို့ တအားငိုနေတာ လဲ'
'ငါဘာကို ဝမ်းနည်းလို့ ဝမ်းနည်းနေမှန်းမသိဖူးကွာ'
'မင်းဖြစ်နိုင်တာ ၃ချက်ရှိမယ်'
'ဘာလဲ'
'နံပါတ်၁အချက် - ရစ်ခီ အထင်လွဲနေတာတွေကြောင့်'
မဟုတ်တာကိုသိတာမို့ခေါင်းခါလိုက်သည်
'နံပါတ် ၂ အချက် - ဒေါသထွက်ပြီးကလေးကိုထိုးမိမလိုဖြစ်တာကြောင့်စိတ်မကောင်းဖြစ်လို့'
ဒါတော့မှန်သည်မို့ခေါင်းငြိမ့်ခဲ့သည်
'နောက်တစ်ချက်ကရော'
'ရစ်ခီကောင်လေးရနေပြီလို့ပြောတာကြောင့်'
'ဘာလို့ အဲ့လိုထင်ရတာလဲ'
'မင်း ရစ်ခီကို ချစ်နေတယ်လို့ ငါတို့ထင်တယ်'
ချက်ချင်းဆိုသလို ထယ်ရယ် မျက်နှာ သွေးမရှိသလိုဖြူစုတ်သွားသည်။ဒီလူတွေဘာလို့ဒီလိုထင်ကြေးပေးကြတာလဲ။သူကလေးအပေါ်ထားတဲ့ခံစားချက်တွေက အဖြူထည်သက်သက်သာ
ဂွန်းဝူ့ နဲ့ ဟန်ဘင်းက အခန်းထဲက ပြန်ထွက်လာရင်း
'ကလးက အိပ်သွားပြီ တအားငိုပြီးမှအိပ်တာ'
'အေး'
'နေကြပါဦး ကျနော်က ရစ်ခီကို ချစ်နေပါတယ်လို့ထင်ကြတာလဲ'
'အကို့ရဲ့ အပြုအမူတွေကြောင့်ဘဲပေါ့'
ဂွန်းဝူ့ကပြောတော့အားလုံးကခေါင်းတငြိမ့်ငြိမ့်
'အစောက မင်းသွေးပျက်သွားတာက သက်သေဘဲ'
'ဟင့်အင်း မဟုတ်ဘူး အားလုံးရဲ့ အပြောကို လန့်သွားမိလို့'
'မင်းကိုမင်း မလိမ်နဲ့ ထယ်ရယ် မင်းဘဲခံစားရမှာ'
'သူ့အပေါ်ထားတဲ့ခံစားချက်တွေက အဖြူထည်ဘဲ ဟုတ်နေရင်တောင်မှ ကျနော်ဘယ်တော့မှ မပြောဖူး'
ခေါင်းမာလွန်းတဲ့ ထယ်ရယ် ကြောင့်အားလုံးဟာ သက်ပြင်းသာချနိုင်သည်
Part (3)

 The Refuge (complete)Where stories live. Discover now