Chapter 12

267 21 3
                                    

Part 12
'အကို´
'ဟင်´
မောင့်လက်မောင်းပေါ်မှာ အိပ်နေတဲ့ကျနော့်ကိုမောင်ကကျနော့်ကိုမကြည့်ဘဲ ခေါ်လာသည်။
'မောင်ပြောလေ´
'ဘယ်အချိန်ထဲ က နိုးနေတာလဲ´
'ကိုယ်လား´
'ဟုတ်´
'မကြာသေးပါဘူး နိုးနိုး ချင်း ဒီလိုမတွေ့ဖူးလို့ကြည့်နေတာ´
မောင်က ပြုံးလိုက်ပြီး
'မောင်လေ....´
'ပြောလေမောင်´
'မောင် အလုပ်လုပ်ချင်လို့´
'ဟ မောင်ကဘာလို့ အလုပ်လုပ်ချင်တာလဲ
ကိုယ်ကမောင့်တစ်ယောက်ကိုတော့ ကျွေးနိုင်ပါတယ်´
'မဟုတ်ပါဘူး အကို တစ်ယောက်ထဲလုပ်နေရတာက မဟုတ်သေးပါဘူး´
'ကော်ဖီဆိုင် က ဝင်ငွေလည်းရှိနေတာဘဲလေ မောင် အလုပ်လုပ်ဖို့မလိုပါဘူး´
'ကျောင်းတတ်ဖို့ကလည်းအဝေးကြီးလိုသေးတယ်မလား´
'မလုပ်ရပါဘူးမောင် ကိုယ်မောင့်ကိုစိတ်မချဘူး´
'ဘာကိုစိတ်မချတာတုန်း´
'မသိဖူးမောင် မလုပ်ရဖူးဆိုမလုပ်ရဖူးဘဲ´
'ဟော´
'မောင်နော် ကိုယ်စိတ်ဆိုးလိုက်မှာ´
'ဟား ဟား စိတ်တော့မဆိုးလိုက်ပါနဲ့ဗျာ
လာပါဉီး အာဘွားပေးဉီးမယ်´
'မရဖူး မျက်နှာမသစ်ရသေးဘဲ သွား´
အကို က အတင်းကို တွန်းလွှတ်နေသည်။
..............
'ကိုကို မနက်စာ စားသွားဉီး´
ပါးစပ်ကလွှတ်ကနဲ ထွက်သွားပြီးကာမှ လက်နဲ့ ပြန်အုပ်လိုက်ရတဲ့ ရစ်ခီရယ်ပါ
လှေကားက ဆင်းလာပြီး မှန်ကြည့်ဖို့ မနက်စာ စားပွဲကိုကျော်သွားပြီးကာမှ မောင် သုံးလိုက်တဲ့ နာမ်စားကြောင့် နောက်ကို ပြန်ဆုတ်လာသည်။
'မောင် ကိုယ့်ကို ဘယ်လိုခေါ်လိုက်တာ´
'ဘယ်လိုခေါ်လို့လဲ´
'မဟုတ်ပါဘူး တစ်ခု ကြားလိုက်မိလို့´
'အကို နားကြားမှားတာ နေမှာပါ´
'အင်းလေ ဟုတ်မှာပါ´
ဘာမှ ဆက်မပြောတော့ဘဲ မျက်နှာချင်းဆိုင်မှာဝင်ထိုင်သည်မို့
'ကိုကို ဘယ်သွားမှာလဲ မောင့်နားမှာ လာ ထိုင်´
ချက်ချင်းဆိုသလို အနားကိုဝုန်းကနဲရောက်လာပြီး
'ဒါကရော နားကြားလွဲတာလား´
'မဟုတ်ပါဘူး ကိုကို ရဲ့ စားတော့´
ပြုံးစိစိဖြစ်နေတဲ့ အကိုကို ကြည့်ရင်း အူယားလာသည်။
(ဟန်နီ ဟန်နီ မင်းရဲ့အရိပ်လေးပါ)
ထူးဆန်းတဲ့ ကိုကို့ရဲ့ ဖုန်းသံကြောင့် ကြည့်လိုက်မိသည်။
ကိုကိုက ခနနော်ဆိုတဲ့သဘောနဲ့ လက်ကာပြရင်း
'ဟယ်လို ဟန်ဘင်းပြောလေ´
ကိုကို က အကို ဆောင်းဟန်ဘင်းကိုဆို ပဲစေ့လေးလို့စနောက်ခေါ်လေ့ရှိပေမယ့် အခုက မခေါ်ဘူးဆိုတော့ပတ်မျိုးရိုးများဖြစ်နေမလား
'ဒီနေ့က ငါနားတယ်လေကွာ
ဂျူတီမှ မရှိဘဲ´
ဆေးရုံနဲ့ပတ်သတ် တဲ့အကြောင်းပြောလေမှ ပတ်မျိုးရိုးဆိုတာ သေချာသွားသည်မို့ မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း လိုက်နားထောင်မိသည်။
'မင်းကလည်း ကွာ ဒီတစ်ရက်လေးနားရတာ ကို´
'ငါ လုံးဝ မအားလို့ပါကွာ ငါ့အမကလည်းရုတ်တရက်ရောက်ချလာတော့ ငါလည်းမအားတော့လို့ပါ ဒီတစ်ရက်ထဲပါကွာ´
'ဒါမယ့် ငါ....´
မောင့်ကို မဝံ့မရဲကြည့်မိတော့မောင်လည်းကြည့်နေခဲ့သည်။ဆက်ပြောဆိုတဲ့သဘောနဲ့မေးဆတ်ပြတော့
'မနက်ဖြန်ကျမှဘဲ နားပါကွာ´
ကျနော်တကယ်ဆုံးဖြတ်ရခက်သည် မောင်က အစောကမှ အပြင်လည်ဖို့ခေါ်ထားသည်မဟုတ်လား
ပြီးတော့ နှစ်ယောက်ထဲ အတူ ပထမဆုံးသွားရမှာမဟုတ်လား
'အေး ကွာ အေးအေး´
ဖုန်းချသွားပြီး မောင့်ကိုထပ်ကြည့်မိတော့
မောင်က ကြည့်မနေခဲ့တော့ပါ။
'မောင်´
'ပြောလေ´
'ဟို....´
'ပြောစရာရှိတာပြောလို့´
'ကိုယ် ဒီနေ့ ဆေးရုံသွားရမယ်´
'အင်း´
'အဲ့တာ... မောင်နဲ့ အပြင်မသွားရတော့ဘူး´
'ရပါတယ်´
'မောင် တကယ် ရလို့လား´
'ထပ်မပြော နဲ့တော့ဗျာ အကို သွားမယ်ဆိုသွားတော့ ကျနော်အခန်းထဲဝင်တော့မယ်´
အစောက သုံးနေတဲ့နာမ်စားကိုချက်ချင်းပြောင်းဖစ်တာ မို့ စိတ်ဆိုးနေတာသိသာသည်။
'မောင့် ...´
အော်လိုက်မိတော့ ပြန်ငုံ့ကြည့်လာပြီး
'ဘယ်တုန်းက အလုပ်နဲ့ ပတ်သတ် လာရင် ကျနော့်ကိုရွေးလို့ လဲ´
ဆွဲထားတဲ့လက်ကို ရုန်းထွက်ပြီး အပေါ်ထပ်ကို တက်သွားသည်။
မတတ်နိုင်ဘူး ပြန်လာရင်တော့ ကောင်းကောင်းချော့ရပါဉီးမယ်။
'မောင် ကိုယ်သွားပြီ နော်´
'အင်းးး´
ကားသော့ဆွဲပြီး ထွက်လာခဲ့သည်။
ညကျရင်တော့ မောင်ကြိုက်တဲ့ မုန့်လေးဝယ်ခဲ့ပါဉီးမယ်။
.............
'ဘယ်မှာလဲ´
အရှေ့က လူနာ တစ်ယောက် ကြည့်ပြီး
စားပွဲမှာ မှောက်နေတုန်း မောင့်ဆီက Massage ဝင်လာတော့ ပြုံးမိသွားသေးသည်။
'ဆေးရုံမှာဘဲမောင်´
'အဲ့တာဆို အဲ့နားမှာ ကော်ဖီဆိုင်ရှိတယ်မလားကျနော်အဲ့ရောက်နေတယ် လာခဲ့´
ဒီတစ်ခါ မလာရင်တော့ တကယ်ပြဿနာတတ်တော့မှာ မို့ သွားရသည်။
ကျနော် ဆိုင်ထဲရောက်ပြီး မျက်လုံးဝေ့ကြည့်တော့ တွေ့ပါပြီ နေ့တိုင်း အဖြူနဲ့အနက်ကိုသာဝတ်သောကျနော့်ကောင်လေး
'ရောက်နေတာကြာပြီလား´
'ဖုန်းဆက်ထဲက ကို... အကို´
ကိုကို လို့ နှုတ်က ထွက်ပြီးကာမှ Public ကြီးမှာဆို သူမကြိုက်မှန်းသိတာမို့ဆင်ခြင်မိတယ်ထင်ပါရဲ့။
'အော် ကြိုပြီMassage ပို့တာမဟုတ်´
'ဘာမှာ မှာလဲ´
'ကော်ဖီဘဲပေါ့´
ဝိတ်တာကောင်လေးကို မှာပြီးသည်ထိ မောင်ကသူ့ကိုကြည့်မနေပါ။
'ရစ်ခီ´
'ပြောလေ´
'​ဘယ်သွားမလို့လဲ´
'ဘယ်မှ မသွားပါဘူး ဒီကိုဘဲ ဒီရောက်တော့အကို့ဆေးရုံနဲ့နီးနေတာမလို့ခေါ်လိုက်တာ´
'အော်´
ဒေါက်ဖိနပ်သံ ပြင်ပြင်း ရေးမွှေးနဲ့တွေ မွှန်ထူနေတဲ့မိန်းမတစ်ယောက်ဟာ ကို့ကို့ ခေါင်းကိုပုတ်ကို နှုတ်ဆက်သည်။
'ဟေ့ တို့ကိုမှတ်မိလား´

 The Refuge (complete)Where stories live. Discover now