Chapter 9

296 26 0
                                    

Part 9
'မဖြစ်ဖူးမောင် အဲ့ကိစ္စလုံးဝ မဖြစ်နိုင်ဘူး ငါ့ကိုလွှတ် ငါ အပြင်ထွက်မလို့ ညနေစောင်းပြီ အကုန်ပြန်နေပြီ ငါဆိုင်မီးတွေပိတ်ရဦးမှာ´
အကိုက တအားစိတ်ဆိုးပြီး မျက်နှာတွေ ပါ ရဲ စပ်လို့နေသည်။
မင်းတွေ ငါတွေ နဲ့ပါ ပြောနေတာ
'အကိုက လည်း ဒီနေ့မောင်တို့ 3 လ ပြည့်လေ အဲ့တော့ မောင်က ´
'တော်တော့ မင်းပါးစပ်ကို ပိတ်ထား´
'မဟုတ်သေးပါဘူး ဘာကို အဲ့လောက်ထိ´
'ငါ လက်မထပ်ရသေးဘဲ ဒီကိစ္စကို လုံးဝ လက်မခံ နိုင် ဘူး ငါအရမ်းရွံတယ်မောင် ´
'ဘယ်လို´
'မင်းကရော အသက်ပြည့်ပြီ မို့လို့လား´
'ဟင့်အင်း´
'မင်းကို ဒါမျိုးတွေ ဘယ်သူ သင်ပေးလိုက်တာ လဲ ဘယ်လို အောက်တန်းစားမျိုးကသင်ပေးလိုက်တာလဲ´
အကိုက လက်တွေ တုန်တဲ့ အထိပါ ကျနော့် ကို စိတ်ဆိုးနေသည်မို့ ကျနော်မှားသွားပြီ လို့ တွေးနေချိန်မှာဘဲ အကို့ ဆက်ပြောတဲ့ စကားကြောင့် ခေါင်းမာနေမိသည်။
'မင်းခနလေးစောင့်စမ်းပါ မင်းက အခုအသက်တောင် ဒီလ ထဲ မှာမှ ပြည့်မှာမဟုတ်လား နောက်ထပ် ၂နှစ်ဘဲစောင့်ပါ မင်းအသက်၂၀ပြည့်တာနဲ့ မင်းကိုငါ လက်ထပ် မှာပါ ´
(အဟက်က် ဟားဟား)
ကျနော်ရယ်တော့ အကိုက ကျနော့်ကို ကြည့် လာသည်။
'လူတောင်အသိမခံတဲ့ခင်ဗျားက ကျနော့်ကို လက်ထပ်ယူမယ် ဟုတ်လား ဟားဟားဟား´
'........´
'တခြားလူတွေ သိမှာစိုးလို့ လိုက်ပို့လိုက်ကြိုတောင် မရှိတဲ့ ဒီလို ကောင်ကို ခင်ဗျားက လက်ထပ်ယူမယ် ဟုတ်လား´
'...........´
'ဘယ်လို ခေါင်းစဥ်နဲ့လဲ သိချင်လိုက်တာနော်
ကျနော်မွေးစားထားတဲ့ကလေး ကို ကျနော်ချစ်လို့ ယူလိုက်တယ်လို့လား
အင်းးးးးးးးး ဒါမှ မဟုတ် ကျနော်မွေးစားထားတဲ့ကလေးကို ကျနော်မွေးရင်းစားလိုက်ပါပြီလို့လား ဟိဟိ ပတ်ဝန်းကျင်က ပြောမှာမကြောက်ဖူးလား ဖြစ်နိုင်တာ ကို ပြောစမ်းပါ ခင်ဗျားရယ်´
တအား စော်ကားတာဘဲ အပြုအမူတွေနဲ့ရော နှုတ်နဲ့ပါ ပက်ပက်စက်စက်ကို စော်ကားတာ
လက်သီးကို ကျစ်နေ အောင် ဆုပ်ထားပြီး အခန်းတံခါးကို ဆွဲ ဖွင့်တဲ့အချိန်မှာ မောင်က သူ့အားနဲ့ အခန်းတံခါးကို စောင့်တွန်းထားပြီးကျနော့်ကိုပါ လက်မောင်းကနေစောင့်ဆွဲသည်။
'ငါ့ကိုလွှတ်စမ်းမောင် ငါနာတယ်´
မောင်က ကြားတဲ့ပုံလည်းမပေါ်
'မင်းပြောစမ်း မင်းငါ့ကို ဘာလို့ချစ်တာလဲ ဒီလိုကိစ္စအတွက်လား ´
အကို ဘယ်လို​တောင်ထင်ရက်တာလဲ သူငယ်ချင်းက ပြောလို့သာ အကို့ကို စမ်းကြည့်ဖို့ စကားနဲ့ဘဲအကောင်းပြောခဲ့တာ လက်မခံနိုင်တာကို ကျနော်က နားလည်ပေးမလို့ စဥ်းစားချိန်မှာ ရွံတယ်ဆိုတဲ့ အကိုပြောတဲ့ စကားတွေက ကျနော့်ကို စိတ်ရိုင်းတွေ ဝင်စေခဲ့တာအခုလည်း မေးတဲ့မေးခွန်းက ကျနော့်အချစ်တွေကို လုံးဝ နင်းခြေပစ်တာဘဲ
'ဟုတ်တယ် ´
အကိုက ရဲစပ်နေတဲ့ မျက်ဝန်းတွေ နဲ့ ကျနော့်ကိုတအံ့တသြကြည့်လာသည်။
'ခင်ဗျား ဒီကိစ္စ ကို ငြင်းရင် ကျနော်ခင်ဗျားပတ်ဝန်းကျင်မှာ ကျနော်နဲ့ ခင်ဗျား အကြောင်းကို သိသာလာအောင် လုပ်ပြမယ် ကျနော်မလုပ်ရဲဖူးမထင်နဲ့´
အကိုကလုံးဝ ငြိမ်ကျသွားပြီး မျက်ရည်များ ပြည့်လျှံနေတဲ့မျက်လုံးတွေနဲ့ကြည့်လာသည်။
အရာရာကို အရှုံးပေးထားသလိုမျိုး
ရင်ဘတ်တွေတင်းကြပ်လာပြီး မကြည့်ရက်တော့တာမို့ မျက်နှာလွှဲချလာသည်။
'မင်းလုပ်ချင်သလိုလုပ်လေ´
လုံးဝ အားပျက်ပြီး သေတော့ မဲ့ လူလို အသံနဲ့ပြောလာသည်။
ဒီတစ်ခါ အံ့သြရသူဟာ ကျနော်ပင်ဖြစ်သည်။
အဲ့လောက်တောင် ကျနော်နဲ့ ပတ်သတ်တယ်ဆိုတဲ့ ကိစ္စကို တခြားသူတွေ သိမှာကြောက်တယ် ရွံပါတယ်ဆိုတဲ့ ကိစ္စကိုပါ ပေးပြီး ကျနော်တို့ နှစ်ယောက်ပတ်သတ်မှုကိုပါဖုံးကွယ်မယ်ပေါ့လေ ဟား ဟား ဟား ရစ်ခီရှန်ရေမင်းဘဝက ပျော်စရာအရမ်းကောင်းနေပြီ ဒါနဲ့များဘာလို့ သူကျနော့်ကို ချစ်တယ် ပြောခဲ့တာလဲ
'သေချာလား´
'ငါ့မှာရွေးစရာဒါဘဲရှိတယ် မင်းကို ငါ့ကိုအကြပ်ကိုင်တာကို  မဟုတ်ရင်ငါ့ကိုသတ်လိုက်´
'အိုးးးး သေတောင်သေမယ်´
'ပြောပြီးပြီဘဲ မင်းလုပ်ချင်သလို  လုပ်တော့လိုသတ်ချင်လည်းသတ်ပေါ့ ငါမင်းကိုရွေးခဲ့တာ မှားလိုက်တာ  ´
အကိုက သိပ်ရက်စက်သည် ။
စကားတွေ နဲ့ လူကို သတ်သည်။
'နောက်ထပ် သိရဦးမှာပါ´
ကျနော် သူ့ကို လုံးဝ ညှာ မှာ မဟုတ်ပါ
အနမ်းကြမ်းများစတင်ဝင်ရောက်လာပြီး အင်္ကျီများဆွဲဖြုတ်နေချိန်တွင် ကျနော်မျက်ရည်ကျသွားတာ မောင် မြင်ဖြစ်အောင်မြင်မှာပါ။
နမ်းသာ နမ်းနေရတာ မျက်ရည်ပူတွေ ကျနေတဲ့နောက်တစ်ယောက်ကိုလည်း 
ကင်(မ်)ထယ်ရယ် တွေ့ရင်သိပ်ကောင်းမှာ
...................
ကျနော်တစ်ရေးနိုးလာသည့်အချိန်တွင်
ရေချိုးခန်းထဲ က ငိုသံကိုအတိုင်းသားကြားရသည်။
တအားကို ငိုနေတာ။
ကျနော်ကရော ကျနော်ကရော ဝမ်းမနည်းရတော့ဘူးလား
ကျနော်ကရော မနာကျင်ရတော့ဘူးလား
သူရေချိုးခန်းထဲ ပြန်ထွက်လာချိန်တွင် အိပ်ချင်ယောင်ဆောင်လိုက်သည်။
ဂွန်းဝူ့ကလည်း မနေ့ထဲ သူငယ်ချင်းအိမ်မှာပြောင်းအိပ်နေပြီ မို့ နေ့တိုင်း ၂ယောက်ထဲ။
အခုချိန်ထိမပိတ်ရသေးတဲ့ ဆိုင်ထဲ က မီးတွေပိတ်ပြီး မီးခြစ်နဲ့ဆေးလိပ်တစ်ဘူးယူကာ အခန်းထဲကို ပြန်ဝင်ကာ တစ်လိပ်ပြီး တစ်လိပ်သောက်နေခဲ့သည်။
'အကို မအိပ်ဘူးလား´
'အားကုန်နေလို့ အိပ်မပျော်ဘူး ဘာလဲ နောက်တစ်ခေါက်လားခနစောင့်´
အကိုရွဲ့နေတာ ကို သိပ်မုန်း ပါသည်။
'ဆေးလိပ်နံ့တွေ အရမ်း မွှန်လို့ အိပ်မရဖူး´
'sry ဝရံတာ ထွက်သောက်လိုက်မယ်´
'အဲ့ဆေးလိပ်တွေချပြီး ဒီနားကို သာ လာခဲ့´
'အစောထဲ က ငါမေးသားဘဲ နောက်တစ်ခေါက်လားဆိုတာ မဖြေဘဲ စောက်ပိုတွေလျှောက်ပြောနေပြီး´
အကိုက အောက်ကျယ်သီး သုံးလုံးသာတပ်ထားတဲ့ အင်္ကျီအဖြူလက်ရှည်လေးကိုချွတ်ပြီးကုတင်ပေါ်မှာ လှဲချပြီး မျက်လုံးမှိတ်ထားသည်။
လက်ထဲက ဆေးလိပ်ကတော့မချ
'လုပ်မှာ ဆို မြန်မြန် လုပ်2နာရီ ထိုးနေပြီ မနက် ၇ နာရီ ဆေးရုံံသွားရမှာ နည်းနည်း
အိပ်ဦးမယ်´
ဆေးလိပ်ကိုရှိုက်လိုက်ပြီး ပြန်မှုတ်ထုတ်လိုက်တော့ သူ့ကို မိုးကြည့်နေတဲ့ မျက်နှာကိုတည့်တည့်
လက်ထဲကိုဆေးလိပ် ဆွဲယူပြီး မီးကိုခြေကာလွှင့်ပစ်လိုက်သည်။
မျက်လုံးဖွင့်ကြည့်လာပြီး
'လုပ်နေတဲ့ အချိန်မင်းကို မီးနဲ့ထိုးမိမှာစိုးလို့လား အဟက် ငါရှောင်တတ် ပါတယ်´
ဒီတစ်ခါ ပါးချိုင့်တွေ ပေါ်အောင်ရီတာကိုတော့ သေလောက်အောင်ကျနော်မုန်းပါသည်။
'မလုပ်ရင်အိပ်ပြီ မနက်ဆေးရုံသွားရဦးမှာ´
ဘာမှမပြောဘဲ ဆက်သာကြည့်နေမိသည်။
အကို့ခန္ဓာ ကိုယ်က အမှတ်သားတွေကို မြင်တော့ ကျနော့်ကို နာကျင်စေသည်။
'မောင်နာကျင်ရသလို  အကိုဘယ်လောက်နာကျင်ခဲ့ရလိုက်မလဲ ဒါပေမယ့်လည်းနောင်တမရပါဘူး ´
မျက်ရည်ကို လက်နဲ့အသာသုတ်ကာ စောင်ကို ရင်ဘတ်ထိဆွဲခြုံပေးပြီး ကျောပေးကာ အိပ်ချလိုက်သည်။
မောင် အိပ်ချသွားတာနဲ့ စောင်နဲ့ မျက်ရည်တွေ ကို ခပ်ကြမ်းကြမ်း ပွတ်ပစ်လိုက်သည်။
ဒီအတိုင်းဆို ငါတို့ တွေ မဖြစ်ဘူးမောင်
Part 10

မှတ်ချက်.....နည်းနည်းလေး ငိုရလား

 The Refuge (complete)Tempat cerita menjadi hidup. Temukan sekarang