Chapter 10

287 25 0
                                    

Part 10
'အကို အကို ထတော့ မနက် ၆နာရီခွဲ နေပြီ´
နှိုးနေပေမယ့် နည်းနည်းတောင်မှ မလှုပ်
လက်မောင်းကို ကိုင်တာကိုယ်ကပူနေတာမို့ နဖူးစမ်းကြည့်တော့ ပူကျစ်လို့
'ကျစ်... ဖျားပြီဟ´
'အကို အကို´
အခုတစ်ခေါက်နှိုးတော့ မျက်လုံးပွင့်လာပြီးအကြာကြီးနေမှ ရုတ်တရက်ထတာမို့ အရှိန်မထိန်းနိုင်ဘဲ ပြန်ထိုင်ကျသည်မို့ နောက်က ထိန်းပေးရသည်။
'ဖယ်´
လက်ကို အတင်းဖယ်ပြီး ရေချိုးခန်းထဲကိုဝင်သွားသည်။
'ဖျားနေတာ ရေချိုးလို့ရလို့လားအကို
မောင် လာ ကူ ရမလား ´
'..........´
ရေချိုးတာမဟုတ်ဘဲ မျက်နှာသစ်ပြီးပြန်လာတာမို့ စိတ်အေးရသည်။
'အကို မနက်စာစားသွားမှာလား´
'မစားဘူး´
'ဖျားနေတာဆေးသောက်ရမှာလေ မသောက်လို့ကမှမရတာ´
'ငါ့ကိုလာပြီး ဂရုစိုက်မနေနဲ့ ငါဗိုက်မကြီးဖူး´
'ကြီးချင်လည်း ကြီးသွားနိုင်တာဘဲ´
မောင့်စကားကြောင့် လန့်သွားမိပေမယ့် ဖြစ်လာနိုင်စရာအကြောင်းမှမရှိတာ
'ငါ့ဘာသာ ငါ ဒဏ်မခံနိုင်လို့ဖျားတာ ရပြီလားဒီလောက် ဆို  ငါတို့အကြောင်း ငါ့တို့ပတ်သတ်တာကို ​မပြောဘဲနေလို့ရပြီလား´
'အကို့ကို မောင် နားမလည်နိုင်တော့ဘူး´
စောင်တွေကိုကန်ပြီးရေချိုးခန်းထဲဝင်သွားသည်။
မှန်ထဲ မှာ မြင်နေရတဲ့ ဒီအမှတ်အသားတွေကို မုန်းလိုက်တာ အင်္ကျီ အဖြူ လက်ရှည်ကို လည်ပင်းထိ ကြယ်သီးတပ်လိုက်ပြီး ဗီရိုထဲ က Duty Coat ကို ယူကာ ထွက်ခဲ့လိုက်သည်။
ရေချိုးပြီးပြန်လာတော့ ချိတ်ထားတဲ့ Duty Coat လေးက ရယ်ပြနေသည်။
ဝတ်မသွားဘူးပေါ့ ဒါနဲ့များ ဘာလို့ယူထားသေးလဲ။
ကျောင်းလည်းမရှိဘာမှလည်းမရှိ နေ့တိုင်းဆိုင်မှာ ထိုင်နေရတာ ပျင်းလှသည်။
လေးလံစွာနဲ့ဆိုင်ခန်းထဲ ကို ဝင်တော့
'ညီလေး မြန်မြန်လာ ကော်ဖီလာသောက် အကို ဖျော်ထားတာ´
အကိုဟန်ဘင်းက အားရပါးရလှမ်းခေါ်သည်။
'မင်းရည်းစားလေးက သောက်မသွားဖူး´
'ဟုတ်လား´
'ဟုတ်ပါ့ အဲ့ကောင်တစ်နေကုန် အလုပ်လုပ်ရမှာ ကို ဘာမှ မစားဖူး´
'အကို မုန့်ကိုစားကောင်းအောင်လေး လုပ်ပေး ကျနော်ဆေးရုံကို သွားပို့မယ်´
ကျနော်ပြောတော့ အကိုဟန်ဘင်းကမျက်နှာမကောင်း
'ညီလေး မင်းသွားမလို့လား အဆင်ပြေပါ့မလား´
'အဆင်​ပြေလောက်မှာပါ တစ်ခါလောက်သွားကြည့်တာပေါ့´
'အေးပါအကို အခုလုပ်လိုက်မယ် မင်းဘယ်လိုသွားမလဲ ကားကထယ်ရယ်ယူသွားတော့ ကင်(မ်)ဂယူနဲ့ ယူဂျင်းလဲ မလာသေးဘူး  ´
'ရတယ် အကို ကျနော် Taxi နဲ့ဘဲသွားမယ်´
..............
ရာပြည့်ဆိုတဲ့ဆေးရုံရှေ့ရောက်တာနဲ့ ရင်တွေ တုန်လာသည်။
ရောက်လာခဲ့ပြီးမှ ကြောက်ရွံ့နေသည်
အကိုခွင့်မပြုထားတဲ့ကိစ္စမဟုတ်လား
ရှေ့မှာရှိတဲ့ reception ကို တည့်တည့် လျှောက်သွားလိုက်ပြီး
'မင်္ဂလာပါ ရှင် ဘာများကူညီရမလဲ´
'ဒေါက်တာ ကင်(မ်)ထယ်ရယ်နဲ့ တွေ့ချင်လို့ပါ´
' appointment ယူထားပြီးသားလားဟင်´
'ဟင့်အင်း´
'ခနလေးနော် ကျမဖုန်းဆက်ပေးမယ်´
'ဟုတ်´
တူ တူ တူ
'ဟယ်လို ဒေါက်တာ ကင်(မ်) ထယ်ရယ်ရှိလားမသိဘူးရှင့်´
'မရှိဖူးtoilet ဝင်နေတယ် ကျနော် ပတ်ဟန်ဘင်းပါ´
'အော် ဒေါက်တာ ဟန်ဘင်း ဒီမှာ ဒေါက်တာကင်(မ်)ထယ်ရယ် နဲ့ တွေ့ချင်လို့တဲ့ ကောင်လေးတစ်ယောက်ရောက်နေတယ် appointment တော့ မယူထားဘူး´
' ဘယ်သူတဲ့လဲ´
'ခနလေးနော် ဒေါက်တာ
မောင်လေး  ဘယ်သူ လို့ပြောပေးရမလဲ´
'ရစ်ခီ ရှန်လို့ ပြောပေးပါအမ´
အကို ဟန်ဘင်းက ရစ်ခီရှန်ဆိုတဲ့ နာမည်ကို သိပါ့မလား
'ရစ်ခီရှန်တဲ့ ဒေါက်တာ´
'ရစ်ခီရှန်က ဘယ်သူလဲ´
'ကင်(မ်)ထယ်ရယ်ညီလို့ပြောပေးပါ အမ´
'ဒေါက်တာ ထယ်ရယ်ညီလေးတဲ့ ´
'အာ ဖုန်း ပေး လိုက်ပါဦး´
'ဟယ်လို´
'အေးညီလေး´
'အကိုရော ကျနော် အကိုမနက်စာစားမသွားလို့ မုန့်လာပို့တာ´
'အေးညီလေး အကိုတို့ ခနနေလာခဲ့ မယ် စောင့်နော်´
'အကို့ ကို ဖုန်းပေး ပေးလို့ ရမလား´
'မင်းအကိုက ထွက်မလာသေးဖူးကွ´
'ဟုတ်ကဲ့ ဒါဆို ကျနော် စောင့်ပါ့မယ်´
နာရီဝက်လောက်စောင့်ပြီးတော့ အကိုတို့ရောက်ချလာသည်။
မျက်နှာက တင်းနေပြီး
သူ့ရဲ့ သဘောမကျမှု ကို သိသာအောင်ပြနေသည်။
'ဘာလာလုပ်တာလဲ´
'အကိုပတ်ဟန်ဘင်းက မပြောဖူးလား´
'ငါပြောပါတယ်ကွ´
နှစ်ယောက်သား ရဲ့ အခြေအနေကိုနားလည်တဲ့ ဟန်ဘင်းက ဝင်ထိန်းရသည်။
'ဟိုမှာ မနက်စာ တင်ထား တယ်´
'စားခဲ့ပြီ´
'ဟင်´
'ဟ ငါတို့.......´
အကိုဟန်ဘင်းလက်ကို အကိုကလှမ်းဆွဲလိုက်တော့ စကားက ပြတ်သွားသည်။
'ပြန်လို့ရပြီ´
'အခု ပြန်မလို့ဘဲ ´
မုန့်ဗူးကိုသွားယူပြီး
'မမတို့ကျေးဇူးတင်ပါတယ်နော်
အကိုပတ်ဟန်ဘင်း သွားပြီနော်´
ဆေးရုံရှေကအမှိုက်ပုံးထဲ ယူလာတဲ့ မုန့် တွေကို သွန်ပစ်လိုက်သည်။
ကျနော်က အကိုထက် ပိုရွဲ့တတ်တယ် နော်အကို
'ဘာနဲ့ လာတာလဲ´
'လမ်းလျှောက်လာတာ ဘာလုပ်ဖို့မေးတာလဲ´
'ကားယူသွား´
'နေပါစေတော့´
ခပ်သွက်သွက် အဲ့ဆေးရုံထဲက ထွက်ခဲ့သည်။ကြာကြာနေရင်ဒေါသက ပိုထွက်မှာ။
ဆေးရုံဝန်းထဲ ပျောက်သွားသည်ထိ လိုက်ကြည့်နေမိတော့ဟန်ဘင်းက
'လိုက်ပို့လိုက်လေ´
'တော်ပြီ´
................
ည၁၀နာရီတောင် ထိုး နေပြီ ဘာလို့ ပြန်မလာသေးတာလဲ
လူကို အားနေတယ်များထင်နေသလား
ဖုန်းကလည်းမခေါ်ချင် အဲ့တုန်းက ပြန်မရောက်သေးတာများလား
ဟန်ဘင်းကိုတစ်ချက်ဖုန်းဆက်ကြည့်လိုက်ရမှာ။
'ဘယ်အချိန်ရှိနေပြီတုန်း ပြန်လာတာ´
'ဟာ  လန့်လိုက်တာ အကိုရာ မီးမဖွင့်ဘဲ ဘာလို့ထိုင်နေတာတုန်း မသိအောင်ပြန်လာပါတယ်ဆို´
'ငါ့ဘာသာ ငါထိုင်နေတာ ဘာဖြစ်လို့တုန်း´
'အော်´
'ဘယ်က ပြန်လာတာလဲ´
'သူငယ်ချင်းအိမ်က´
'ဘယ်သူငယ်ချင်းလဲ´
အီဟာလို့သာ အမှန်တိုင်းပြောလိုက်ရင်
ဘာဖြစ်မလဲ
'အီဟာ´
ကျောကို ချက်ချင်းမတ်သွားပြီးလှည့်ကြည့်လာသည်။
'ဘာတွေ လုပ်နေလို့ ဒီလောက်နောက်ကျတာလဲ´
'ဘာကို မေးချင်တာလဲ သူ့အဖွား...´
'မသိဘူးလေ မင်းဖြစ်ချင်တဲ့ အရာများ ရနေလို့ နောက်ကျ နေတာလားလို့´
မစကားမပြောရသေးဘူး ဖြတ်ပြောတာမို့
သူ့အဖွားနေမကောင်းလို့ ဆေးခန်းလိုက်ပို့ရတဲ့အကြောင်းကို ပြောဖို့လိုတော့ မယ်မထင်
'သွားတာတော့ ရမလားလို့ဘဲ သူကမလွယ်တော့မရဘူး´
'.............´
ရွဲ့ပြီး ပြောလိုက််် ပေမယ့်အခြေအနေက ပြောင်းပြန်ဖြစ်သွားတာမို့ လန့်သွားရသည်ည်။
'အရင်က ဘာဘဲ ဖြစ်ခဲ့ ဖြစ်ခဲ့ မင်းကို အခုငါက ပိုင်လဲ ပိုင်သလို ဆိုင်လဲ ဆိုင်တယ်
ဘာနောက်ထပ် စောက်စာရင်းရှုပ်သံမှ ထပ်မကြားချင်ဖူး´
ပြန်မဖြေဘဲ အခန်းထဲ ကို ဝင်သွားသည်။
အကိုမောင့်ကို သဝန်တိုနေတာ လားလို့ တွေးမိပေမယ့်ချက်ချင်းရုတ်သိမ်းပြီး အခန်းထဲကိုဝင်ခဲ့သည်။
ဘာရည်ရွယ်ချက် နဲ့ ဒီလိုပြောသလဲ မသိပေမယ့် မောင်ပြောတဲ့ စကားတွေက နာကျင်ရစမြဲ
ငါက လွယ်နေတာမဟုတ်ဖူးမောင် ငါကမင်းကို မထိခိုက်စေချင်ရုံ
Part 11

 The Refuge (complete)Where stories live. Discover now