Chapter 22

192 19 0
                                    

Part (22)
'ကိုကိုရေ'
ခေါ်ပြန်ပြီဟ ဒါနဲ့ဆို ၈ခေါက်မြောက်ဖြစ်မယ်ထင်တယ်။
ခြံထဲက မဟုတ်ဘဲ ခြံပြင်ကခေါ်နေခြင်းပင်
'ဘာတုန်းကွယ် မအားဘူးမောင်ရဲ့'
အရှေ့ထွက်ထွက်ခြင်းမြင်ရတဲ့မြင်ကွင်းကြောင့်မျက်လုံးပြူးသွားရသည်။
'ရေပိုက်ကြီး ပြုတ်သွားလို့'
'အယ်'
တစ်ကိုယ်လုံးလဲ ရွှဲ စိုလို့။
'ဖျားတော့မှာဘဲ'
'ဟင်'
'စိုကုန်​ပြီလေ'
'စိတ်မဆိုးဘူးလား'
'မဆိုးပါဘူး'
ကိုကို့မျက်နှာလေးကိုကြည့်မိတော့ စိတ်ဆိုးနေတဲ့ဟန်မတွေ့ရလို့တော်ပါသေးသည်။
'လာခဲ့ အိမ်ရှင် ကို သွားတောင်းပန်ရအောင်'
'ဟုတ်'
မနီးမဝေးတွင်ရှိသော အိမ်လေးထဲတွင် အန်တီတစ်ယောက်ပန်းပင်တွေရေလောင်းနေတာတွေ့ရသည်။
'အန်တီခင်ဗျ ကျနော်တို့ကမြောက်က်ဘက်အိမ်ကပါ ကျွန်တော်တို့ရေခပ်နေရင်းရေပိုက်က ပြုတ်သွားလို့ ဘယ်လောက်လျော်ပေးရမလဲ ခင်ဗျ'
'ရပါတယ်သားရယ် ရေပိုက်ကကြာနေပြီ ဖြစ်တတ်ပါတယ်'
အနည်းငယ် ဝဖိုင်းဖိုင်းရှိသောအန်တီသည်
ဖြူဖွေးအသားရည်ပေါ်တွင် သနပ်ခါးများဖွေးနေအောင်လူးထားခြင်းကြောင့်ပိုလို့ပင်ကျက်သရေရှိလို့နေသည်။
'ဟုတ်ကဲ့ အန်တီ ဒါဆိုတခြားလုပ်စရာလေးတွေရှိနေသေးလို့ပြန်လိုက်ပါဦးမယ်'
'အေးအေး ညီအစ်ကိုတွေ ဖြေးဖြေး ပြန်ကြ'
'ညီအစ်ကိုတွေ မဟုတ်ပါဘူးအန်တီ အိမ်ထောင်ဖက်တွေပါ'
'အေးပါကွယ်'
အန်တီ့ဆီက အပြန်တွင် အူရွှင် လို့နေသည်။
ကိုကို က အိမ်ထောင် ဖက်အဖြစ်ရွေးချယ်ထားသတဲ့။
'လမ်းခန လျှောက်ကြမလားမောင်'
'ဟင်....'
ကိုကို က အဖြေကို စောင့်နေသည်အလား
ကြည့်လို့နေသည်။
'သွားမယ်လေ '
ညနေ နေအေးအေးလေး က ပျော်စရာကောင်းနေသလို လေပြေအေးအေးလေးကလည်းစိတ်ကိုလန်းဆန်းစေသည်။
'ပေး'
'ဟင်'
လက်တစ်ဖက်ကိုဖြန့်ပေးတဲ့ကိုကို့ ကြောင့်
ကြောင်နေသည်။
'လက်ပေးလို့'
'အာ'
ကိုကို လက်သေးသေးအားဆုပ်ကိုင်လိုက်သည်။
'ဒီဆိုင်လေးမှာ ကိုယ်အလုပ်လာလျှောက်သေးတယ် '
'ဒီဆိုင်လား'
ရှမ်းခေါက်ဆွဲဆိုင်လေးအား လက်ညိုးထိုးပြတော့အကိုက ခေါင်းငြိမ့်ပြတယ်
'ကိုယ့်အကြောင်းကို သိနေတဲ့ ပုံဘဲ
အဲ့ဒီ Doctor လားတဲ့ မေးတယ်'
'ဟုတ်'
'ကိုယ်က ခေါင်းငြိမ့်ပြတော့ အဲ့တာဆို မခန့်နိုင်ဘူးတဲ့ တ​ခြား၂ဆိုင် ၃ ဆိုင်လဲ အဲ့လိုဘဲ'
'ဘာအရေးလဲ ကိုကို အလုပ်မရတော့ဘာဖစ်လဲ'
'မဖြစ်ဘူးလေ မောင် အလုပ်လေးတော့ရှိသင့်တာပေါ့'
'ဟုတ်'
ကိုကို့ ပုခုံးလေးအားဆွဲဖက်ပြီး လမ်းကိုသာဆက်လျှောက်ခဲ့သည်။
ကိုကို့ ကို မပင်ပန်းစေလိုပါ။
.............
'ကိုကြီး ရစ်ခီ မရှိဘူးလား'
ထုံးစံအတိုင်း တောင်ဘက်အိမ်က အန်တီရဲ့သမီးတဖြစ် ရစ်ခီရဲ့ တစ်ဦးသော ကျောင်းက သူငယ်ချင်းမလေး ဖြစ်ပုံရသည်ည်။
'ရှိတယ်'
ကျနော်ဖြေစရာမလို မောင်က အပြင်သို့ထွက်လာသည်။
ဘာမှဆက်မပြောဘဲTV သာဆက်ကြည့်နေသည်။
'ငါ စာအုပ်ငှားချင်လို့ ရပ်ကွက် စာကြည့်တိုက်ကို လိုက်ပို့ပါလားဟဲ့'
'ဘာလို့'
'အမေကသူငယ်ချင်းပါမှဆိုလို့'
'လိုက်ပို့ရင် ဘာရမှာလဲ'
မောင့်အမေးကြောင့်မျက်ခုံးတစ်ဖက်ပင့်သွားရသည်။
ငြင်းလေ ငြင်းလိုက်မသင့်တော်ဘူးလို့
'နင်လိုချင်တာ'
ဒီအချိန်မှာတော့မောင်က ကျနော့်ကိုလှည့်
ကြည့်လာသည် သွားရမှာလားဆိုတဲ့အကြည့်နဲ့
မျက်လုံးကိုတမင်လွှဲပစ်လိုက်ပြီး TV လိုင်းကိုသာ ပြောင်းနေလိုက်သည်။
တကယ်ဆို မေးစရာကိုမလိုပါ။
ကျနော့်စိတ်ကို သူမသိတာလည်းမဟုတ်
'ok ကြွ နှင့်'

ဒုတိယ ဂင်ချန်း ဖြစ်မလာပါနဲ့ ညီမလေးရယ် အကို မမုန်းချင်ပါဘူး။
တစ်ယောက်ထဲ ကျန်ခဲ့ရတာတွေကို မုန်းပါတယ်ဆိုမောင်ကတော့
မနက်တိုင်း ကျောင်းအတူသွားတာလည်း မကြိုက်ပါဘူး။
ဦးနှောက်ခြောက်လိုက်တာ။
...............
'ပြန်လာပြီ'
ပြန်ရောက်တော့ အထဲ က အသံ ပင်မကြားရ
အခန်းထဲ ဝင်ကြည့်တော့မှ အိပ်နေတာကိုတွေ့ရသည်ည်။ စောင်ပါးလေးကို ခြုံပေးခဲ့လိုက်ပြီး ထမင်းစားဖို့ အ​​ပြင်ကိုထွက်ခဲ့သည်။
...........
'Hello ရစ်ခီရှန် ရဲ့ အကို လား မသိဘူး'
'ဟုတ်ကဲ့ '
'ကျောင်းမှာ သူရန်ဖြစ်လို့'
'ဟုတ်ကဲ့ အခု လာခဲ့ပါပြီ'
မော်ကွန်းထိန်းဆီမှာ လက်မှတ်ထိုးပြီး
သူ့ကိုအိမ်ကို ပြန်ခေါ်လာခဲ့သည်။
'တောင်းပန်ပါတယ်'
တစ်လမ်းလုံးဘာစကားမှ မပြောဘဲ တအားငြိမ်နေတဲ့အကိုကြောင့် ကျနော်မှ မနေတတ်စွာမေးလိုက်ခြင်းပင်
'ဘာလို့ ရန်ဖြစ်တာလဲ'
'ဟင်'
'ဘာလို့ ရန်ဖြစ်တာလဲ လို့'
'ဟို..... ဟာနာ နဲ့ ဖြစ်ကြရင်း နဲ့ ကျနော်ပါ ဒေါသထွက်သွားလို့'
'အော် ဟာနာ့ ကြောင့်ပေါ့'
တိတ်ဆိတ်ခြင်းသည်ဝန်ခံနေတာပင်ဖြစ်သည်။
ဤကဲ့သို့ မောင်က ဘာမှ ပြန်မဖြေပါ။
စကားလေးတစ်ခွန်း မေးပြီး
ပြန်ငြိမ်သွားတဲ့ အကို့ကြောင့်မနေတတ်တော့ပါ
'မင်း ထိုးခံလိုက်ရတာ ဆေးထည့်ဖို့ တစ်ခါထဲ ဝယ်ခဲ့'
'မင်း...?'
ရှေ့ကနေ ခပ်သွက်သွက်သွားနေတဲ့အကို့ရှေ့က ပိတ်ရက်လိုက်တော့အကိုကကြည့်လာသည်။
'မင်း ဟုတ်လားအကို'
မင်းဆိုတဲ့ အသုံး အနှုန်းကို ကြားတော့ ဟိုးအရင်င်က အကိုရင့်ရင့်သီးသီး သုံးခဲ့တဲ့အချိန်တွေကိုပြန်သတိရစေတာမို့ မင်းဆိုသော နာမ်စားကို သေလောက်အောင်မုန်းပါသည်။
ဒဏ်ရာတွေက ပိုလို့ပင်နာလာသယောင်
ဒါပေမယ့် ကျနော်ကိုယ်တိုင်လဲ သူ့ကို
အကိုလို့ ခေါ်လိုက်ခြင်းပင်ဖြစ်သည်။
'ရော့ပိုက်ဆံ'
'ဘာပိုက်ဆံမှ မယူဘူး'
လက်ထဲက ပိုက်ဆံကို ပုတ်ထုတ်လိုက် တာ အကို့ လက်ကိုပါ ရိုက်မိသွားသည်။
(အာ့)
လက်ကို ၃ ချက်လောက်ခါပြီး ပိုက်ဆံကိုသွားကောက်နေသည့်အကို့ကို မျက်စိတစ်ဆုံး လိုက်ကြည့်နေမိသည်။ ဘာတွေ လုပ်နေတာလဲ။
မောင်က ဒီလိုလုပ်တာဟာ မင်းလို့သုံးနှုန်းလိုက်တာကြောင့်ဆိုရင် လက်နာ ရကျိုးနပ်ပါတယ်။ဒါမှမဟုတ် အရင်တစ်ခေါက်ကလို သာဆို
ကိုယ့်အကြောင်းနဲ့ ကို စိတ်တွေ ညစ်နေရတာ
မောင့်ကြောင့်နဲ့ပါ စိတ်မညစ်ချင်ပါ။
အကို က ဘာဖြစ်ချင်နေတာလဲ ပွင့်ပွင့်လင်းလင်း မပြောပြန်ဘူး
အရင်တုန်းကလို အေးအေးစက်စက် အခြေအနေတွေကိုပြန်မရောက်ချင်တဲ့စိတ်က ရူးလောက်အောင်
Part (23)

 The Refuge (complete)Where stories live. Discover now