Chapter {20}

213 15 2
                                    

Part (20)
'မင်းကို ဒီလိုမျိုးလုပ်လိမ့်မယ်လို့ငါတွေးထင်မထားခဲ့ဖူးဘူး´
တစ်ခါမှ မဆူဖူးသောဖုန်းထဲက ဖေဖေ့ အသံသည် မာထန်လို့နေသည်။
'မင်း ဘာလို့ ဒီလမ်းကိုရွေးရတာလဲ´
'သားလည်းမသိဘူးဖေဖေ´
နောက်က မေမေကလည်း ငိုနေတယ်ထင်သည်။
'မင်းရူးနေလား
ရူးသွားတာလား´
'မဟုတ်ပါဘူး အဖေ သားလည်းတစ်ခါလောက်သားပျော်မယ့်လမ်းကိုရွေးကြည့်ချင်လို့ပါ´
'ထယ်ဟီး ဘာဖြစ်သွားသလဲ
ရှန်ရင်းဘာဖြစ်ခဲ့သလဲ´
ဖေဖေ​စိတ်ပူတာ မှန်ပါသည်။
'သားလည်း အဲ့အကြောက်တရားတွေထဲက နှစ်တော်တော်ကြာမှ ရုန်းထွက်နိုင်ခဲ့တာ ပါဖေဖေ´
'အဲ့တော့မင်းက အဲ့ဒီ ကလေးနဲ့ဘဲ ရှေ့ဆက်သွားမယ်ပေါ့´
'ဟုတ်ကဲ့ဖေဖေ ဒါပေမယ့်...´
ပြောလို့မဆုံးခင်မှာ ဖေဖေက ဖုန်းကိုဦးစွာချနှင့်လို့သွားသည်။
အစစအရာရာ အဆင်ပြေမယ်လို့ထင်ခဲ့ပြေမယ့်
အိမ်ကသဘောမတူဘူးဆိုတဲ့အချက်ကို တွေးမထားမိသည်က ကျွန်တော်၏ အမှားပင်။
ဝမ်းနည်းစိတ်တို့ကြောင့် တုန်ရီနေသော စိတ်ကိုထိန်းကာ မီးဖိုထဲက ပြန်ထွက်ခဲ့သည်။
'ကိုကို ဘယ်တွေရောက်နေတာလဲ´
'ဘယ်မှမသွားပါဘူးမောင်ရယ်´
'မောင်ရှာနေတာ ကိုကို့ ကို´
'ဘာလို့လဲ´
'ပင်ပန်းလို့´
'ဒုတိယနှစ်ကျောင်းသားကြီးက ပင်ပန်းတတ်နေပြီပေါ့ ကျောင်းမှာ ကောင်မလေးတွေ အများကြီးမို့ ပျော်နေတာမဟုတ်ဘူးလား´
'ဘယ်ကသာ အကို့ကို လွမ်းလွန်းလို့ စာတောင်သေချာလိုက်မကြည့်ဖြစ်ဘူး´
'ရစ်ခီရှန် မင်းစာမလုပ်ရင်မချစ်ဖူးနော်´
'ကျွန်တော်က စာနဲ့ ဂင်မ်ထယ်ရယ်ဘဲ´
'မင်းအပိုတွေ မပြောနဲ့´
'မပိုပါဘူးဗျာ´
'လွှတ်ဦး ´
'ပင်ပန်းလို့ပါဆိုဗျာ´
'ရေသွားချိုး နံတယ်´
'တကယ်ဘဲ စိတ်ပုတ်´
ပြောပြောဆိုဆို နဲ့ ပါးကိုနမ်းပြီးပြေးသွားကြောင့် ဟက်ဟက်ပက်ပက်ရယ်မိသေးသည်။
အဲ့လိုမောင်က စွမ်းဆောင်နိုင်ပါတယ်ဆိုမှ။
.....
'မောင် ရေမြန်မြန်ချိုး စမ်း အအေးပတ်မယ်´
'ဟုတ်ကဲ့´
နာရီဝက်လောက်ကြာတော့ ဆံပင်ရေစက်လက်နဲ့ရှေ့ကို ရောက်ချလို့ လာသည်။
'ဘာလဲ´
'ခေါင်းသုတ်ပေး´
'မောင့်မှာ လက်မပါဘူးလား´
'မပါဘူး ကိုကို့လက်တွေက ဆေးရုံမှာဘဲ ဆေးထိုးအပ်ကိုင်´
'ထိုင်အောက်ကို´
လက်ထဲကို တဘက်ထည့်ပေးပြီး ကုတင်အောက်တွင် ထိုင်ချလိုက်သည်။
ခေါင်းလျှော်ရည်နံ့ သင်းသင်းလေးကြောင့် စိတ်ကိုလန်းဆန်းစေသည်။
'ခေါင်းလျှော်ရည် ပြောင်းသုံးထားတာလား မောင်´
'ဟုတ်တယ် ဟီး´
အပေါ်ကိုမော့ကြည့်ပြီး သွားတွေပေါ်အောင် ရယ်ပြနေသော မောင့်နဖူးလေးကို နမ်းလိုက်မိသေးသည်။
'ကိုကိုက ဗျာ အခုမှရေချိုးထားတာကို´
မျက်စောင်းတစ်ချက် ပစ်ထိုးလိုက်တော့  ငြိမ်ကြသွားသည်။
'ကိုကို ဒီ အိမ်ဘယ်တော့ပြန်အပ်မှာလဲ´
'ဘာဖြစ်လို့လဲ မောင်´
'ဝမ်းနည်းလို့ပါ အရင်ထဲက ဒီမှာ နေလာကြပြီး ရုတ်တရက်ကြီး ၂ယောက်ထဲ
ကျန်ခဲ့ရတာ တစ်မျိုးကြီး´
'အင်းနော်´
အလုပ်ကိုယ်စီ နဲ့ ဖြစ်သွားကြချိန်မှာတော့ ကော်ဖီဆိုင်လေးတောင်ပိတ်လိုက်တာ ၂လကျော်နေပြီ။
ဟန်ဘင်းနဲ့ဟာအိုက  ဟာအိုဖွင့်ထားတဲ့တယောသင်တန်းကျောင်းမှာအခြေကျနေပြီ။
မက်သရူးနဲ့အစ်ကိုဂျီဝူးကလည်း လက်ထပ်ပြီးထဲက ကနေဒါမှာသွားနေကြတာ။
ဂမ်ဂယူနဲ့ ယူဂျင်းကလည်း ယူဂျင်းတို့ဖေဖေ အလုပ်တခြားမြို့ပြောင်းလို့ တခြားမြို့ကိုပြောင်းသွားလိုက်ကြတာ
ဂွန်းဝူ့ကတော့ အရင်င်ထဲက သူငယ်ချင်းအိမ်မှာနေတာဆိုတော့
အခုချိန်မှာတော့ ဒီနေရာမှာကျနော်တို့နှစ်ယောက်သာရှိသည်။
'ပင်ပန်းလား´
မောင်ကမှိုင်ထွေထွေလေးငေးရင်းမေးလာသည်။
'ဘာကိုလဲ မောင်
ကုတင်ပေါ်လာထိုင်တော့´
'မဟုတ်ဖူးလေ အခုဆိုကျနော့်ဆီမှာ ကားတောင်မရှိဘူးမဟုတ်လား´
'အဲ့ဒီတော့´
မောင့်ပုခုံးပေါ်ကိုခေါင်းလေးမှီချရင်းဆိုလေတော့ မောင်က သူ့ ခေါင်းလေးနဲ့လာမှီလာသည်။
'ကျနော်က ကျောင်းသားဖြစ်နေပြီး ဘာမှမလုပ်ပေးနိုင်လို့ တောင်းပန်ပါတယ်´
'မလိုဘူး´
'တအားပင်ပန်းနေရင် လွှတ်ချလိုက်
အခုက အကို့ဝင်ငွေ တစ်ခုထဲ နဲ့
ကျနော်လည်း ပိုက်ဆံမဖြုန်းဘဲ နေပါ့မယ်´
'မဟုတ်တာ မောင်ရယ် ကိုယ်အလုပ်လုပ်နိုင်ပါတယ် အချိန်လေး နည်းနည်း ပိုလုပ်ရတာ က လွဲရင် တအားကြီး မပင်ပန်းပါဘူး´
'မောင်ရှိတယ်နော်´
'မောင်ရှိဖို့ဘဲ လိုတာပါ မောင်ရှိနေရင် ပင်ပန်းနပ်ရကျိုးလည်းနပ်ပါတယ်´
'မောင် မျှော်လင့်တဲ့ မနက်ဖြန်တွေရောက်ဖို့ မောင်လည်းအများကြီး ကြိုးစားပါ့မယ်´
ပြောရင်းနဲ့ မောင်က အနမ်းခပ်နွေးနွေးကိူ နဖူးပေါ်သို့ခြွေချလာသည်။
ဘာမှ မဟုတ်တဲ့ ကျနော့်လို လူမျိုးကို လက်တွဲဖော်အဖြစ်ရွေးချယ်ခဲ့တဲ့ အကို့ကို တကယ်ကျေးဇူးတင်သည်။
အကို့ရဲ့ ထိန်းချုပ်မှုသာ မရှိခဲ့လျှင်
သူမွှေးသူမွှေးပြောင်တဲ့ ရစ်ခီရှန်ဆိုတာ ရှိလာတော့ မည်မဟုတ်ချေ။
ခိုလှုံစရာအိမ် ၊ အိပ်စရာနေရာ၊စားသောက်စရာ ပေးတဲ့အပြင်
နှလုံးသားတစ်စုံကိုသာကျနော့်ဆီအပ်နှံခဲ့တာမို့ တယုတယ နဲ့ စောင့်ရှောက်ပါ့မယ်။
စိတ်မညစ်စေရဘဲ ဝမ်းမနည်းစေရဘဲ ကျနော့်ကြောင့်နဲ့ပျော်နေရအောင်ကြိုးစားပါ့မယ်။
နောက်ထက် ဘယ်အထိများ အကို့နားမှာ
စောင့်ရှောက်ခွင့်ရမလဲ။
'ကိုကို´
'ဗျာ´
'ကိုကို အခုတလော ခေါင်းခနခနကိုက်နေတယ်နော်´
'အလုပ်များလို့ပါ´
'မောင်နိုပ်ပေးရမလား´
'မလုပ်ပါနဲ့ မောင် ရဲ့´
'ဒါဖြင့်အိပ်တော့မှာလား´
'အင်း´
မောင်က အရင်င်လှဲချပြီးမောင့်လက်မောင်းကို ပုတ်ပြသည်။
အသာလေးဝင်လှဲလိုက်ပြီး မျက်လုံးကိုမှိတ်ထားလိုက်သည်။
'မောင် သေသွားရင် ဘယ်လိုလုပ်မလဲ ကိုကို´
'ငါပါ လိုက်သေမှာ´
'အဲ့လောက်တောင်ချစ်တာလား´
'အဲ့ထက်တောင်ပိုတယ်´
'ဟုတ်ပါပြီဗျာ´
မောင်က စစနောက်နောက် ပြောလိုက်ပေမယ့်စိတ်ထဲ လေးလံလို့နေသည်။
..............
အချိန်ကား ည၈နာရီခွဲ ဝန်းကျင်လောက်တွင်ဖြစ်သည်။
မောင့်ကို ခနနားလို့ သတိရကြောင်းစာလေးပို့ထားလိုက်သည်။
ဆေးရုံထဲရှိ တာဝန်ကျရာလူအကုန်နီးပါး ခြေကုန်လက်ပန်းကျကာ နားနေကြချိန်တွင်
လူတစ်ယောက်က ဆေးရုံထဲကို အလောတကြီး ဝင်လာသည်။
'ဆရာတို့ ကယ်ကြ ပါဦး ကျနော့် သမီးလေး ဗိုက်တအားအောင့်နေလို့´
ဖခင်တစ်ယောက်၏အရူးတစ်ယောက်လို ပူပန်မှုကိုကြည့်မနေနိိုင်စွာ
ကလေးကို လက်လွှဲယူကာ ချက်ချင်း စစ်ပေးချိန်မှာ အူအတတ်က ခွဲထုတ်ရမယ့်အခြေအနေ ကလေးကလည်း ငိုလို့နေပြီး
ခွဲစိတ်ဆရာဝန် ဟန်ဘင်း မရှိတာ ကြောင့် အကြပ်ရိုက်ရသည်ည်။
'ဒေါက်တာ ဂင်မ် ဒေါက်တာဟန်ဘင်း မရှိလို့ ကူညီနိုင်မလား´
လက်ထောက်ဒေါက်တာလေးကပါ ပြောနေသည်မို့ ကျနော်ကိုယ်တိုင်ခွဲပေးဖို့ ဆုံးဖြတ်လိုက်ရသည်ည်။
'ခွဲစိတ်ခန်းအဆင်သင့်ပြင်ထားပေးပါ ကျနော် လိုအပ်တာတွေ လုပ်ပြီး ချက်ချင်းပြန်လာခဲ့မယ်´
အခန်းအပြင်ကအဖေဖြစ်သူကိုအကျိုးကြောင်းပြောပြပြီးနောက် အဝတ်လဲဖို့ခက်သွက်သွက်ထွက်လာခဲ့သည်။
ဒီနေ့ကျမှ အရေးပေါ်ဌာနမှာရှုပ်ယှက်ခဲ့လို့
'ဒေါက်တာ နည်းနည်းလောက် လမ်းဖယ်ပေးပါ ဆိုင်ကယ်Accident လူနာပါလို့ အခြေအနေက ပြင်းထန်လို့´
မျက်စိရှေ့တွင်ဖြတ်သွားသော ထရော်လီပေါ်ကလူ၏ ရေမွှေးနံ့ ထိုလူ၏ လက်တွင်ပတ်လေ့ရှိသောနာရီ ရင်နှီးနေပြီးသားဖြစ်သော သွေးအလိမ်းလိမ်း နဲ့ မောင့်မျက်နှာကို မြင်ချိန်တွင်
လက်ထဲက ဘောပင်ကလွတ်ကျသွားပြီး မောင့်နောက်ကိုအပြေးလိုက်မိသည်။
မောင်ကဘာလို့ အဲ့ဒီမှာ
(Part 21)

 The Refuge (complete)Where stories live. Discover now