ဗီလိန်၏နူးညံ့သိမ်မွေ့သောမေမေ(ရှအန်း)

1.3K 84 1
                                    

Chapter 203

မူလက ရှအန်းကြော်ငြာပေးသည့် ထုတ်ကုန်များက နာမည် ကြီးများမဟုတ်ပေ။ သို့သော် ယခုတွင် သာမန်ထုတ်ကုန်များက ရှအန်းကို ၎င်းတို့၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်၍မရတော့ပေ။

ထို့အပြင် ရှအန်းက C.H၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်ရုံသာမက ဟယ်ရီဝင်းစတန်၏ ပြောရောဆိုခွင့် ရှိသူလည်း ဖြစ်နေသေးသည်။ သို့သော် ဟယ်ရီဝင်းစတန်က ကျော်လွှားမရနိုင်သော တောင်ကြီးတစ်တောင် ဖြစ်နေသည်။

ထို့ကြောင့် ယခု C.Hမှ ထုတ်ကုန်များက ရှအန်းကြောင့် ကောင်းကောင်းမွန်မွန်ရောင်းထွက်နေသည်ကို တွေ့လိုက်ရသောအခါ အမေရိကန်တွင် ယခုမှ စဖွင့်ကာစဖြစ်သော C.Hကိုဒေါသထွက်ရသလို မနာလိုလည်းဖြစ်နေရသည်။

ထိုC.H ကုမ္ပဏီက အလွန်ကံကောင်းသလို ပြောရေးဆိုခွင့်ရှိသူရှာရာတွင်လည်း အမြင်အလွန်ကောင်းခဲ့သည်။

ပြည်တွင်းမှ ကုမ္ပဏီများက C.H ကုမ္ပဏီသည် အမေရိကန် ကုမ္ပဏီတစ်ခု မဟုတ်ပဲ တရုတ်ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း မည်သို့ သိကြမည်နည်း။

အထူးသဖြင့် ၎င်း၏ဘော့စ်က C.H၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည့် ရှအန်းကိုယ်တိုင် ဖြစ်နေသည်။

"ဝိုး....ငါပိုက်ဆံတွေ ဘယ်လောက်တောင် ရှာလိုက်တာလဲ...."

ရှအန်းက C.Hမှ CEOပို့ပေးလိုက်သည့် အွန်လိုင်းမှရောင်းရနှုန်းကို ကြည့်ပြီး ပျော်နေလေသည်။

ရုတ်တရက် သူမက ကုမ္ပဏီထောင်ရခြင်းက အလွန်အမြတ်များကြောင်း သိသွားရသည်။

သူမ စတားလုပ်စဉ်ကထက် ငွေပိုရှာနိုင်နေသည်။

ဆယ်လီအဖြစ် အသက်မွေးဝမ်းကျောင်း ပြုရသည်က တည်ငြိမ်သည့် အလုပ်ဖြစ်ပြီး ဆုံးရှုံးစရာ မရှိပေ။

သို့သော် သူမက နေရာလွတ်ဆီမှ အသားအရေထိန်းသိမ်းသည့် ထုတ်ကုန်များကို ထုတ်လုပ်ရန် အလွန်ယုံကြည်ချက် ရှိနေခဲ့သည်။

သူမဖွင့်ထားသည့် ကုမ္ပဏီက ချောချောမွေ့မွေ့ လည်ပတ်နေသည်။

ဒေါက်... ဒေါက်...

ရှအန်းက ရောင်းရနှုန်းမြင့်လှသည့် အစီအရင်ခံစာကို ကိုင်ထားပြီး ပျော်ပျော်ကြီး ကြည့်နေစဉ် တံခါးခေါက်သံ ထွက်ပေါ်လာသည်။

၂ ဗီလိန်၏နူးညံ့သိမ်မွေ့သောမေမေ(ရှအန်း)Where stories live. Discover now