ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေ

1K 73 0
                                    

Chapter 237

၎င်းက ရုတ်တရက်ဖြစ်ပေါ်လာသည့် မုန်တိုင်းကြီးတစ်ခုလို ရှကျင်း၏ကောင်းမွန်လှသည့် ဘဝကို လုံးဝဖျက်ဆီးသွားလေသည်။

သူမကို ထောင်သွင်းအကျဉ်းချထားပြီး လူသတ်ရန်ကြိုးပမ်းမှုနှင့်အတူ ကလေးသူငယ်လူကုန်ကူးမှုတို့နှင့်ပါ စွဲချက်တင်ထားခဲ့ကြသည်။

မူလက သူမက အတော်ဆုံးရှေ့နေကို ငှားရမ်းပြီး သူမ၏ အပြစ်ကင်းစင်မှုအတွက် ခုခံခြေပပေးစေချင်သော်လည်း အဆုံးတွင် သူမ ဘာမှမလုပ်နိုင်ခဲ့ပေ။ ရှအန်း၏လက်ထဲတွင် သက်သေများစွာရှိနေ၍ မည်မျှကောင်းသည့် ရှေ့နေဖြစ်နေပါစေ ရှကျင်းကို ဤအမှုမှ လွတ်အောင်လုပ်ပေးနိုင်မည်မဟုတ်ပေ။

တရားခံဘက်မှ ရှေ့နေက ပြစ်ဒဏ်လျော့ကျသွားအောင်သာ မျှော်လင့်နေခဲ့ရသည်။

ဖုမိသားစုက ရှကျင်းကို လက်လျော့ထားပြီးသားဖြစ်သလို ရှမိသားစုကလည်း ကျရှုံးသွားပြီဖြစ်သည်။ ရှကျင်းက တစ်ယောက်တည်း ခက်ခက်ခဲခဲဖြင့် ကိုယ့်ကိုကိုယ် ကာကွယ်နေရသည်။ ရှေ့နေက မည်မျှကောင်းနေပါစေ နောက်ဆုံးတွင် ရှကျင်းကို စောင့်မျှော်နေသည်မှာ အပြစ်ဒဏ်ပင်ဖြစ်သည်။

ရှကျင်းက သူမကိုယ်သူမက ဤသို့အဆုံးသတ်သွားမည်ဟု လုံးဝမတွေးမိခဲ့ဖူးပေ။

သူမက ရှမိသားစု၏စည်းစိမ်များ ရှအန်းလက်ထဲရောက်သွား၍ ရှက်နေရုံသာရှိသေး အချုပ်ထဲ တစ်ခါတည်းရောက်သွားခဲ့လေသည်။

တရားသူကြီးက သူမကို ထောင်ဒဏ် ၁၂နှစ်ချလိုက်သောအခါတွင် ရှကျင်းတစ်ယောက် မြေပြင်ပေါ် လဲကျလုမတတ်ဖြစ်သွားရသည်။

"မဟုတ်ဘူး... မဟုတ်ဘူး... မဖြစ်နိုင်ဘူး... ဘာလို့လဲ.. မဖြစ်နိုင်ဘူး... ကျွန်မ လူသတ်မှုမကျူးလွန်ခဲ့ဘူး... ရှအန်းရဲ့သမီးက မသေသေးဘူး... သူ မသေသေးဘူး... ရှင်တို့ ကျွန်မကို အခုလို ပြစ်ဒဏ်ချလို့မရဘူးလေ..."

ရှကျင်း၏ မျက်လုံးများက ရှအန်းကိုသာစိုက်ကြည့်နေသည်။ လက်ရှိ သူမကို ရဲများသာဝိုင်းမနေခဲ့ပါလျှင် ရှအန်းကို  အလွှတ်မပေးပဲ ရိုက်ပစ်မည် ဖြစ်ပေသည်။

၂ ဗီလိန်၏နူးညံ့သိမ်မွေ့သောမေမေ(ရှအန်း)Where stories live. Discover now