ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေ

1K 80 0
                                    

Chapter 236

ရှချန်းက ရှအန်းကိုကြည့်နေလိုက်သည်။

ထိုအချိန်တွင်ရှအန်းက အေးစက်နေသောမျက်နှာအမူအယာဖြင့် စာချုပ်တွင် လက်မှတ်ထိုးနေချိန်ဖြစ်သည်။

သူမကိုကြည့်ရသည်မှာ ထိုစာချုပ်က ဘာမှအရေးမပါသည့်အလားပင်။

အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့နှလုံးသားထဲမှ ခါးသီးမှုတို့ကို ဖိနှိပ်ကာ နောင်တတကြီးပြောလိုက်သည်။

"ရှအန်း... ငါတို့ရှမိသားစုရဲ့ လုပ်ငန်းစုက မင်းလက်ထဲရောက်သွားလိမ့်မယ်လို့ ငါမထင်ထားမိခဲ့ဘူး..."

"ဒီလိုဖြစ်လာမယ်မှန်းသာသိရင် ငါတို့ရှမိသားစုက မင်းကို မွေးစားခဲ့မှာမဟုတ်ဘူး..."

ရှချန်း၏ နောင်တတကြီးဖြစ်နေသည့်လေသံကြောင့် ရှအန်းက လှောင်ပြောင်လိုက်သည်။

"ဘာလို့လဲ... ရှင်က ရှင်တို့ မွေးစားခဲ့လို့ ကျွန်မမှာ အကျိုးအမြတ်တွေရသွားတယ် ထင်တာလား..."

သူမသာ ကူးပြောင်းလာခဲ့ခြင်းမရှိလျှင် မူလကိုယ်မှာ သေနေလောက်ပြီဖြစ်သည်။

သူမသေရုံမျှမက သူမ၏သမီးအရင်းကိုလည်း ရှမိသားစုထံမှ သွယ်ဝိုက်၍အသတ်ခံရဦးမည်ဖြစ်သည်။

သို့သော် ရှအန်းက ရှချန်းနှင့်စကားပြောရန်ပင် ပျင်းရိနေလေသည်။ စာချုပ်တွင်လက်မှတ်ရေးထိုးပြီးသည်နှင့် ရှအန်းက လုံခြုံရေးများခြံရံလျက် ထွက်ခွာသွားခဲ့သည်။

"ဘုရားရေ.... C.Hနောက်ကွယ်က ဘော့စ်က ရှအန်းတဲ့လား..."

"Oh My God! အံ့ဩစရာကြီး..."

ရှအန်းထွက်ခွာသွားသည်နှင့် အချိန်ကြာ တည်ငြိမ်နေခဲ့သော မီဒီယာသမားများက စတင်ဆွေးနွေးလေတော့သည်။ သူတို့ ရှအန်းအကြောင်း ဆက်လက်ပြောဆိုကြလေသည်။

မကြာမီ ရှအန်းက လူရှာဖွေမှုအများဆုံးစာရင်းတွင် ဗိုလ်ဆွဲသွားပြန်သည်။

ဤတစ်ကြိမ်တွင် ဖျော်ဖြေရေးအသိုင်းအဝိုင်းနှင့်ပတ်သတ်သော အရာများကြောင့် လူရှာဖွေမှုအများဆုံးစာရင်းထဲ ဝင်လာခြင်းမဟုတ်ပဲ စီးပွားရေးကဝိ တစ်ယောက်ဖြစ်နေသော သတင်းကြောင့် လူရှာဖွေမှုအများဆုံးစာရင်းထဲ ဝင်သွားခြင်းဖြစ်သည်။

၂ ဗီလိန်၏နူးညံ့သိမ်မွေ့သောမေမေ(ရှအန်း)Where stories live. Discover now