၂ ဗီလိန်၏နူးညံ့သိမ်မွေ့သောမေမေ(ရှအန်း)

1K 69 0
                                    

Chapter 233

နောက်တစ်နေ့ ရှအန်းနိုးလာချိန်တွင် တစ်စုံတစ်ယောက်က အင်တာနက်ပေါ်တွင် ရှကျင်း၏ အတိတ်ဆိုးများကို ဖော်ထုတ်လိုက်ကြောင်း မြင်လိုက်ရသည်။

အသေးစိတ်ကျကျရေးထားသည်မှာလည်း ရှကျင်း၏ ကိုယ်ရေး အတ္ထုပ္ပတိအလားပင်။

ဖတ်ကြည့်လိုက်သည့် မည်သူမဆို လုပ်ကြံပြောဆိုထားခြင်း မဟုတ်ကြောင်း ပြောနိုင်သည်။

"ရှအန်းကျဲ... အွန်လိုင်းပေါ် တက်ကြည့်လိုက်ပါဦး... ရှကျင်း၏ အတိတ်ဆိုးတွေ ဖော်ထုတ်ခံလိုက်ရပြီ..."

ရှုထျန်းထျန်းဆီမှ ဖုန်းဝင်လာချိန်တွင် ရှအန်းက ရေချိုးပြီး၍ မနက်စာလုပ်ရန်ပြင်နေချိန်ဖြစ်သည်။

ထိုစကားများကို ကြားပြီးနောက်တွင် အိပ်ချင်မူးတူးဖြစ်နေသော ရှအန်းခင်ဗျာ အပြည့်အဝနိုးလာတော့သည်။

"ဘယ်လို... တစ်ယောက်ယောက်က အင်တာနက်ပေါ်တင်လိုက်တာလား.. ညီမတင်လိုက်တာလား..."

"မဟုတ်ဘူး.. ညီမတို့မဟုတ်ဘူး.... ဘယ်သူ တင်လိုက်လဲတော့မသိဘူး... ဒါပေမဲ့ အဲ့လူလက်ထဲက  ဟာတွေက ညီမတို့ဆီမှာရှိတဲ့ အချက်အလက်တွေထက် ပိုပြီး ပြီးပြည့်စုံနေတယ်..."

ဖုန်းချလိုက်ပြီးနောက်တွင် အင်တာနက်ပေါ်မှ ထိုအတိတ်ဆိုးများဟူသည်ကို သွားကြည့်ပြီး အံ့ဩသွားခဲ့သည်။

၎င်းက ရှုထျန်းထျန်း ပြောထားခဲ့သလိုဖြစ်သည်။ ရှကျင်း၏ မကောင်းသည့် ကိစ္စများက သူမတို့ထံတွင် ရှိနေသည်ထက် ပို၍ အသေးစိတ်ကျကျဖြစ်နေသည်။

ထိုလူတွင် သက်သေအဖြစ် ဓာတ်ပုံများသာရှိရုံမျှမက ပို၍ကြောက်ဖို့ကောင်းသော ဗွီဒီယိုများပင် ရှိနေသည်။

ရှကျင်း စတိတ်ပေါ်တွင် ထိုင်နေသော ပုံများကို ပြုပြင်ထားသည့်ပုံများဟု ပြောနိုင်မည်ဖြစ်သည်။

သို့သော် ဗွီဒီယိုများကမူ ၎င်းတို့က အဓိကသက်သေများပင်ဖြစ်သည်။

[ဘုရားရေ... မေးစေ့က ကောင်းကင်ပေါ်ပဲ အမြဲမော်ချီနေတဲ့ ရွှေရောင်အမျိုးသမီး ရှကျင်းက ဒီလိုတွေကြုံတွေ့ခဲ့ရမယ်လို့ မထင်ခဲ့မိဘူး...]

၂ ဗီလိန်၏နူးညံ့သိမ်မွေ့သောမေမေ(ရှအန်း)Where stories live. Discover now