ဗီလိန်၏နူးညံ့သိမ်မွေ့သောမေမေ(ရှအန်း)

1.1K 71 0
                                    

Chapter 206

C.Hမှ စကင်ကဲထုတ်ကုန်အမျိုးမျိုးက ပိုမိုများပြားလာပြီး C.H၏ ထုတ်ကုန်များကို ခေတ်သစ်သို့ ရောက်စေသည်။

မူလက ပစ္စည်းတစ်ခုတည်းကိုသာ မိတ်ဆက်ခဲ့သည်။ မကြာခင်တွင် sunscreenများ၊ အသားဖြူစေသည့် ပစ္စည်းများ၊ တင်းတိပ် မှည့်ခြောက် ပျောက်စေသည့် ပစ္စည်းအတွဲများ၊ ရေဓာတ်ဖြည့် ပစ္စည်းအတွဲများ၊ အရွယ်တင် နုပျိုစေသည့် ပစ္စည်းများ နှင့်အခြားအရာမျိုးစုံကို ကြော်ငြာခဲ့သည်။

ထိုပစ္စည်းမျိုးစုံကို ကြော်ငြာလိုက်သည်နှင့် မရေမတွက်နိုင်သော အမျိုးသမီးများ၏ သဘောကျမှုကို ခံလိုက်ရသည်။

ထိုပစ္စည်းအတွဲများက မူရင်းထက် ဈေးမြင့်ပြီး အထူးသဖြင့် အရွယ်တင်နုပျိုစေသည့် ပစ္စည်းများမှာ အခြား brand အကြီးစားများနှင့် ဈေးနှုန်းအတူတူပင်။

C.H၏ ထုတ်ကုန်များက ဈေးများ မြင့်သွားကြသော်လည်း ဝယ်ယူကြမည့် အမျိုးသမီး မတားဆီးနိုင်ပေ။

ဖီလာအားဖြင့် ပစ္စည်းအတွဲများ ထပ်တိုးလိုက်ခြင်းက C.H၏ ရောင်းရနှုန်းကို မြင့်တက်သွားစေသည်။

၎င်း၏ ရောင်းရနှုန်းက မရေမတွက်နိုင်လောက်သည့် နံပါတ်များအထိ မြင့်တက်သွားသည်။ ၎င်းတွင် နိုင်ငံတွင် အွန်လိုင်းဈေးရောင်း ချန်နယ်ထဲမှ ရောင်းနှုန်းပါ ပါဝင်လေသည်။

C.H၏ စကင်ကဲ brandက ယခုမှ တည်ထောင်ကာစ ဖြစ်သော်လည်း အခြားသော တည်ထောင်ပြီးသည့် ကုမ္ပဏီများကို ဖိနှိပ်ပြီးပြီ ဖြစ်သည်။ ၎င်းက စကင်ကဲဈေးကွက်တွင် မြင့်မားသော နေရာတွင် ရှိနေလေပြီ။

"Big Bang"၏ အပိုင်းများတစ်လျောက်တွင် C.H၏ ထုတ်ကုန်များက ပိုမိုနာမည်ကြီးလာသည်။

မည်သို့ပင်ဆိုစေ C.H၏ ထုတ်ကုန်များက Big Bang၏ အပိုင်းတိုင်းတွင် ထည့်သွင်းထားသည်။

အမေရိကန် ဇာတ်လမ်းတွဲထဲတွင် အချစ်ခံရဆုံး ဇာတ်ကောင် အော်ရိုရာက ၎င်းကို ကြော်ငြာပေးလေသည်။

ရှအန်း သရုပ်ဆောင်ရသည့် ဂန်းစတား အော်ရိုရာက နောက်တစ်ပိုင်းထုတ်လွှင့် ပြသပြီးသည်နှင့် ပိုမိုအရေးပါလာသည်။

၂ ဗီလိန်၏နူးညံ့သိမ်မွေ့သောမေမေ(ရှအန်း)Where stories live. Discover now