ဗီလိန်၏နူးညံ့သိမ်မွှေသောမေမေ

1K 65 0
                                    

Chapter 215

"ရှအန်းကျဲ.. ကျဲတို့က ညီအစ်မတွေမလား...."

ရှုထျန်းထျန်းက သူမ၏နတ်ဘုရားမက ရှကျင်း၏ ညီမဖြစ်နေမည်ဟု မထင်ခဲ့ပေ။

ရှအန်းနှင့် ရှကျင်းတို့ကြား ဆက်နွယ်မှုကို ခန့်မှန်းလိုက်မိသော ရှုထျန်းထျန်း လုံးဝမယုံနိုင်အောင်ဖြစ်နေသည်။

ငါ့ရဲ့နတ်ဘုရားမက အရမ်းလှသလို နတ်သမီးလေးတစ်ယောက်နဲ့လည်း တူတယ်လေ... ကောလဟာလတွေက ဘယ်လိုလုပ်မှန်နိုင်မှာလဲ အဓိပ္ပါယ်ကို မရှိဘူး ....

"ညီအစ်မတွေတဲ့လား... ဘယ်သူက သူနဲ့ ညီအစ်မတော်မှာလဲ..."

ရှအန်း နှာခေါင်းရှုတ်လိုက်ကာ သရော်နေသော လေသံဖြင့် ပြောလာသည်။

"အဲ့စကားလုံးနဲ့ မစော်ကားစမ်းပါနဲ့..."

ရှအန်း၏ စကားများကို ကြားသောအခါ ရှုထျန်းထျန်းက စိတ်သက်သာရာရသွားရသည်။

တော်ပါသေးရဲ့... ငါ့နတ်ဘုရားမလေးက ရှကျင်းရဲ့ ညီမ မဟုတ်လို့... အတော်လေးအထင်လွဲစရာ ဖြစ်သွားရတာပဲ...

ကိုယ့်ညီမရဲ့ လမ်းကိုယ် ဖျက်ဆီးတယ် ဆိုတာမျိုးက တွေးကြည့်တာနဲ့တင် ကြက်သီးထစရာကြီးလေနော်....

"ရှအန်းကျဲ... သူက ကျဲကို ဘာလို့ ပစ်မှတ်ထားနေရတာလဲဟင်... ကျဲတို့နှစ်ယောက်က မျိုးရိုးနာမည်တောင် တူနေတာကြီးကို....."

ရှုထျန်းထျန်းက မေးလိုက်သည်။

ရှအန်းကလည်း ဘာမှဖုံးကွယ်စရာမလိုဟု တွေးလေသည်။ မည်သို့ပင်ဆိုစေ မပြောနိုင်သည့်အရာရှိမနေပေ။ ရှုထျန်းထျန်းက အပြင်လူမဟုတ်ဘဲ ယုံရသည့် အေးဂျင့်တစ်ယောက်ပင်။

ထို့အပြင် ဤဆက်ဆံရေးမျိုးက သေသေချာချာရှင်းပြထားမှ ရပေလိမ့်မည်။ ထိုမှသာ အနာဂတ်တွင် တစ်ခုခုဖြစ်လာလျှင် ရှုထျန်းထျန်းက ဖြေရှင်းပေမည်ဖြစ်သည်။ သူမ၏အေးဂျင့်က PRကျွမ်းကျင်သူပင်။

ဤသို့ဖြင့် ရှအန်းက ဘာကိုမှ မဖုန်းကွယ်ပဲ ရှကျင်းနှင့် သူမကြားရှိ ဆက်နွယ်မှုကို ရှင်းပြလိုက်သည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဖြစ်ခဲ့သည့် ပြန်ပေးဆွဲခြင်းအမှုက နောက်ဆက်တွဲ ကိစ္စများစွာအပြင် သူမကို ရှမိသားစုက မွေးစားခဲ့ကြောင်းလည်း ပြောလိုက်သည်။

၂ ဗီလိန်၏နူးညံ့သိမ်မွေ့သောမေမေ(ရှအန်း)Where stories live. Discover now